၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ ပါဝင်လာသည့် ကိုယ်စားလှယ်များသည် ယူနန်၌ စုစည်းကြ
2025-09-09 17:30|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၂၉၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ယူနန်ပြည်နယ်၌ ကျင်းပသည်။ နိုင်ငံနှင့်ဒေသ အခု ၁၁၀ မှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်း အခု ၂၆၀ ၏ ကိုယ်စားလှယ် အယောက်ပေါင်း ၅၀၀ ခန့်သည် "တောင်ပိုင်းဒေသ၏ အင်အားကို စုစည်း၍ ကမ္ဘာ့အပြောင်းအလဲများအား ကိုင်တွယ်စီမံခြင်း" ဟူသော ခေါင်းစဉ်ကို အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည် ဖြစ်သည်။
ယခုအကြိမ် ဖိုရမ်တွင် ကမ္ဘာ့တောင်ဘက်ဒေသနိုင်ငံများ၏ မီဒီယာ၊ Think Tank၊ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း စသည့်နယ်ပယ်များမှ ဧည့်သည်တော်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်၊ ဖွံ့ဖြိုးရေးတွန်းအား၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းသစ်၊ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်း စသည့် ကဏ္ဍ ၄ ရပ် ဆွေးနွေးမှုအကြောင်းအရာများကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည် ဖြစ်သည်။ ဖိုရမ်ကျင်းပသည့် ကာလတွင် "'ကမ္ဘာ့တောင်ဘက်ဒေသ' မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ယူနန်သဘောတူညီချက်" ၊ "ခေတ်ကာလ၏ တောင်းဆိုသံကို တုံ့ပြန်၍ ကမ္ဘာ၏မေးခွန်းများအား ဖြေရှင်းမည်- တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့အတွေးအခေါ်ထုတ်ကုန် ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု" Think Tank အစီရင်ခံစာ စသည့် ရလဒ် စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့သည် ဖြစ်သည်။
ယင်းမှာ "ကမ္ဘာ့တောင်ဘက်ဒေသ" မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။ ယခုအကြိမ်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
- "ကူမင်း" ဟူသော နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသွားအထူးရထားကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်
- ဟွေ့ကျယ်-ချောင်ကျား အမြန်လမ်းမကြီး တစ်ခုလုံး ယာဉ်ဖြတ်သန်းသွားလာနိုင်
- ၁၀ နှစ်ပြည့်၊ ၂၀၂၅ ခုနှစ် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲ ပါဝင်ရန် ၁၀ လပိုင်း ၃၀ ရက်နေ့မှစ၍ နာမည်စာရင်းပေးသွင်း
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့




