၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ ပါဝင်လာသည့် ကိုယ်စားလှယ်များသည် ယူနန်၌ စုစည်းကြ
2025-09-09 17:30|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၂၉၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ယူနန်ပြည်နယ်၌ ကျင်းပသည်။ နိုင်ငံနှင့်ဒေသ အခု ၁၁၀ မှ မီဒီယာ၊ Think Tank ၊ အစိုးရအဖွဲ့အစည်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်း အခု ၂၆၀ ၏ ကိုယ်စားလှယ် အယောက်ပေါင်း ၅၀၀ ခန့်သည် "တောင်ပိုင်းဒေသ၏ အင်အားကို စုစည်း၍ ကမ္ဘာ့အပြောင်းအလဲများအား ကိုင်တွယ်စီမံခြင်း" ဟူသော ခေါင်းစဉ်ကို အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည် ဖြစ်သည်။
ယခုအကြိမ် ဖိုရမ်တွင် ကမ္ဘာ့တောင်ဘက်ဒေသနိုင်ငံများ၏ မီဒီယာ၊ Think Tank၊ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း စသည့်နယ်ပယ်များမှ ဧည့်သည်တော်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်၊ ဖွံ့ဖြိုးရေးတွန်းအား၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းသစ်၊ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်း စသည့် ကဏ္ဍ ၄ ရပ် ဆွေးနွေးမှုအကြောင်းအရာများကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည် ဖြစ်သည်။ ဖိုရမ်ကျင်းပသည့် ကာလတွင် "'ကမ္ဘာ့တောင်ဘက်ဒေသ' မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ယူနန်သဘောတူညီချက်" ၊ "ခေတ်ကာလ၏ တောင်းဆိုသံကို တုံ့ပြန်၍ ကမ္ဘာ၏မေးခွန်းများအား ဖြေရှင်းမည်- တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့အတွေးအခေါ်ထုတ်ကုန် ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု" Think Tank အစီရင်ခံစာ စသည့် ရလဒ် စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့သည် ဖြစ်သည်။
ယင်းမှာ "ကမ္ဘာ့တောင်ဘက်ဒေသ" မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။ ယခုအကြိမ်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်း ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း




