၂၀၂၅ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာ နှစ်ပတ်လည်အစည်းအဝေးကို ကူမင်းမြို့၌ ကျင်းပခဲ့
2025-09-06 15:52|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၅ ရက်နေ့တွင် ၂၀၂၅ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာ နှစ်ပတ်လည်အစည်းအဝေးကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့သည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် သီရိလင်္ကာတို့ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ပင်မမီဒီယာများ၊ လုပ်ငန်းအသင်းအဖွဲ့များနှင့် ပညာရှင်များသည် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်ကို အတူတကွ ဆွေးနွေးရန် ပျော်ပျော်ရွှင်ရွှင် စုစည်းခဲ့ကြသည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ် မှ ၂၀၂၆ ခုနှစ် မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို စတင်ခဲ့၍ "တျန်းချီ ကော်ဖီ စည်းဝေးပွဲ" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခြင်းနှင့် စားပွဲဝိုင်းဖိုရမ်ကိုလည်း ကျင်းပခဲ့သည်။ နှစ်ပတ်လည်အစည်းအဝေးတွင် တရုတ်- မြန်မာ Twin City မီဒီယာဖိုရမ်၊ လန်ချန်း- မဲခေါင် ဒေသဆိုင်ရာ ပြန်ကြားရေး နှီးနှောဖလှယ်ပွဲ၊ တရုတ်-တောင်အာရှ သတင်းထောက်များ မျှဝေပွဲနှင့် နိုင်ငံခြားမီဒီယာများ လည်ပတ်လေ့လာပွဲ စသည့် လှုပ်ရှားမှုများကိုလည်း ကျင်းပခဲ့သည်။
၂၀၂၄ ခုနှစ်ဆန်းတွင် စတင်တည်ထောင်ခဲ့ပြီး ကတည်းက တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ်သည် အပြန်အလှန်ဖလှယ်ရေး ပလက်ဖောင်းကို တည်ထောင်ခြင်းနှင့် ပြည်သူများ အချင်းချင်းနားလည်စေခြင်းကို ၎င်း၏ တာဝန်အဖြစ်၊ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း မီဒီယာများ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍသစ်တစ်ခုကို ပူးတွဲရေးသားခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

