မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့၊ စကောထမင်းထဲမှ ယဉ်ကျေးမှု ရောပေါင်း၍ရှိခြင်း

2025-06-30 15:39|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မန်စီမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် မြန်မာမိန်းကလေး မာလေးအေးညိုသည် စကောထမင်း (လက်ဖြင့်ဆုပ်စား) ဖြင့် တရုတ်နှင့် မြန်မာအကြား ယဉ်ကျေးမှုဖလှယ်မှုနှောင်ကြိုးကို ဆက်စပ်လျက်ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြို့နယ်လေးမှ တရုတ်နိုင်ငံရှိ မြို့သို့ သူမ၏ နိုင်ငံဖြတ်ကျော် အလုပ်နှင့် ဘဝသည် တစ်ဦးတည်း ကြီးပြင်းလာသော ဇာတ်လမ်းတစ်ခုသာမက တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှု၏ အသက်ဝင်သော ပုံသဏ္ဌာန်အသေးစားလည်း ဖြစ်သည်။

နံနက်စောစောတွင် မန်စီမြို့ ဘန်ဆေးလမ်းပေါ်ရှိ သုံးထပ်တိုက်အိမ်တစ်ဆောင်သည် တဖြည်းဖြည်း စည်ကားလာသည်။ ဤသည်မှာ စကောထမင်း (လက်ဖြင့်ဆုပ်စား) ဖြင့် ထူးခြားချက်ဖြစ်သော စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမြို့နယ်လေး ကျောက်မိုင်မြို့နယ်မှ လာသည့် မာလေးအေးညိုသည် ဤနေရာ၌ အကျိုးဆောင်သူတစ်ဦး ဖြစ်သည်။

သူမအတွက် ဤတိုက်အိမ်သည် အလုပ်လုပ်ရတာနေရာသာမက နိုင်ငံရပ်ခြား၌ သူမ၏ စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ရန် ဇာတ်ခုံလည်း ဖြစ်သည်။

နံနက် ၈ နာရီတွင် စားသောက်ဆိုင်ဆိုင်ရှင်သည် လတ်ဆတ်သောအစားအစာပစ္စည်းများကို ဝယ်ယူပြီးနောက် မာလေးအေးညိုနှင့် လုပ်ဖော်ဆောင်ဖက်များသည် ဟင်းသီးဟင်းရွက်များ ပြင်ဆင်ရန်၊ အသားကင်ရန်၊ ထမင်းပေါင်းရန်၊ တရုတ်နိုင်ငံ နေရာအသီးသီမှ လာသည့် ဖောက်သည်များအား ဧည့်ခံရန် စတင်ဆောင်ရွက်ခဲ့သည်။

စကောထမင်း (လက်ဖြင့်ဆုပ်စား) သည် တရုတ်နိုင်ငံ တိုင်လူမျိုးနှင့် ဂျိန်းဖောလူမျိုး စသည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာအစားအစာတစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ စသည့် နေရာများတွင်လည်း ရေပန်းစားသည်။ နှစ်ပေါင်းများစွာ အစားအသောက်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအတွေ့အကြုံများကို မှီခိုအားထား၍ မာလေးအေးညိုသည် ဤအလုပ်ကို ကျွမ်းကျင်စွာဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်သည်။

ယခုတွင် သူမနှင့် သူမ၏ခင်ပွန်းတို့သည် စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ စတုရန်းမီတာ ၃၀ ကျယ်ဝန်းသော အခန်းငယ်တစ်ခန်းတွင် နေထိုင်ကြပြီး ၎င်းသည် တရုတ်နိုင်ငံတွင် သူတို့၏ နေအိမ် ဖြစ်လာခဲ့သည်။

"ကျွန်မဇာတိနဲ့ နှိုင်းစာရင် ဒီမှာက ပိုအဆင်ပြေပါတယ်၊ ဆိုင်ရှင်နဲ့ ဆိုင်ရှင်ရဲ့ ဇနီးက အရမ်းသဘောကောင်းတယ်၊ သူတို့နဲ့ အချင်းချင်း ပေါင်းသင်းဆက်ဆံကြရတာက သူငယ်ချင်းတွေနဲ့ တူတယ်။ လစာက ထမင်းနဲ့ နေအိမ် အပါအဝင် တစ်လကို ယွမ် ၂၈၀၀ ရရှိတယ်။ တရုတ်နိုင်ငံမှာ ဘဝက အရမ်းချောပြီး စိတ်ပူစရာ မရှိဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အရမ်းကောင်းပါတယ်" ဟူ၍ မာလေးအေးညိုက ပြောကြားခဲ့ပါသည်။

မွန်းလွဲ လူစုလူဝေး တဖြည်းဖြည်း ပြန့်ကျဲလာသည်နှင့်အမျှ မီးဖိုချောင်မှ ဟင်းချက်သံကို ကြားရသည်။ တရုတ်ဟင်းလျာများနှင့် မြန်မာ့ဟင်းလျာများ တစ်ခုပြီးတစ်ခု ချက်ပြုတ်ပြီး မကြာမီ စားပွဲတွင် မွှေးရနံ့နှင့် ပြည့်နေသည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ၏ လုပ်ဖော်ဆောင်ဖက်များသည် အတူတကွ ဝိုင်း၍ထိုင်ကာ အစားအစာများနှင့် ကြည်ရွှင်စွာရယ်မောမှုကို မျှဝေထားကြသည်။

"ကျွန်မဟာ တရုတ်နိုင်ငံမှာ ငါးခြောက်နှစ်လောက် နေခဲ့ပြီ။ တရုတ်ဘာသာစကား သင်ယူတာက အဓိကအားဖြင့် နည်းနည်းနားထောင်ခြင်း၊ နည်းနည်းသတိရခြင်း၊ နည်းနည်းပြောဆိုခြင်း ကတစ်ဆင့် တတ်ကျွမ်လိမ့်မယ်သာ ဖြစ်တယ်" ဟု မာလေးအေးညိုမှာ ပြောကြားခဲ့ပါသည်။

အစားအသောက်လုပ်ငန်းဆိုင်ရာ အလုပ်များ ပင်ပန်းသော်လည်း ဆိုင်ရှင်မှာ သူတို့ကို တစ်ရက်ခွဲ အလုပ်လုပ်ပြီး နေ့တစ်ဝက် အနားယူရန် စီစဉ်၍ သူတို့ကို အနားယူရန် အချိန် ကောင်းကောင်းရနိုင်စေပါသည်။ အားလပ်ချိန်များတွင် မာလေးအေးညိုသည် သူမ၏ လုပ်ဖော်ဆောင်ဖက်များနှင့်အတူ ဈေးဝယ်ကာ တရုတ်အစားအစာများကို မြည်းစမ်းကြသည်။

"ကျွန်မအကြိုက်ဆုံး တရုတ်အစားအစာက မာလာဟင်းနဲ့ ရှောက်သီးလက်သုတ် ဖြစ်တယ်။ ဒီမှာ အလုပ်လုပ်တဲ့အခါ တရုတ်ဆိုင်ရှင်နဲ့ လုပ်ဖော်ဆောင်ဖက်တွေ ချက်ပြုတ်ထားတဲ့ အစားအစာကို မကြိုက်ရင် ကိုယ့်ကိုယ်ကိုယ်ကြိုက်တဲ့ မြန်မာဟင်းလျာတွေကို ချက်ပြုတ်နိုင်ပြီး သူတို့လည်း စားတတ်ကြကာ ဆိုင်ရှင်ရဲ့ ဇနီးကလည်း မြန်မာငါးငံပြာရည်ကို အကြိုက်ဆုံး စားတယ်" ဟု မာလေးအေးညိုမှာ ပြောကြားခဲ့ပါသည်။

ယခုနှစ်များတွင် တရုတ်နှင့် မြန်မာအကြား စီးပွားရေးကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာသဖြင့် ပိုများသော မြန်မာလူများသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြသည်။ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲသည် နယ်စပ်ဒေသအနေဖြင့် ၎င်း၏ ပထဝီဝင်ဆိုင်ရာ အားသာချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကြောင့် မြန်မာအလုပ်သမား အများအပြားကို ဆွဲဆောင်ခဲ့ကြသည်။ သူတို့သည် အစားအသောက်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း စသည့် လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လုပ်ကိုင်ကြပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ဖလှယ်မှုနှောင်ကြိုး ဖြစ်လာခဲ့၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းလာရန် တွန်းအားပေးရုံသာမက ပိုများသော မြန်မာလူများအတွက် တရုတ်နိုင်ငံကို သိရှိနားလည်လာစေသည့် ပြတင်းပေါက်လည်း ဖွင့်လိုက်ပေးခဲ့သည်။


在芒市的一家餐饮店里,缅甸女孩玛雷埃纽用“手抓饭”连接起了中缅文化交流的纽带。从缅甸小镇到中国城市,她的跨国工作与生活不仅是一段个人成长的故事,更是中缅民间友好往来的生动缩影。

清晨,芒市斑色路的一栋三层小楼逐渐热闹起来。这是一家以“手抓饭”为特色的餐饮店,来自缅甸北部小镇皎迈的玛雷埃纽是这里的服务员之一。

对她而言,这栋小楼不仅是工作场所,更是她在异国他乡实现梦想的舞台。

早上8点,餐饮店老板采购完新鲜食材后,玛雷埃纽和同事们便开始了忙碌的一天。备菜、烤肉、蒸饭、招待来自中国各地的食客。

“手抓饭”是中国傣族、景颇族等少数民族的传统美食,在缅甸、泰国等地也广受欢迎。凭借多年的餐饮服务经验,玛雷埃纽对这份工作驾轻就熟。

如今,她和丈夫住在餐饮店二楼一间30平方米的小屋里,这里成了他们在中国的“家”。

“与老家相比,在这里生活更方便一些,老板、老板娘人都很好,跟他们相处就像跟朋友一样。工资是每月包吃包住2800元,在中国生活很顺利,什么都不用怕,对自己,对自己的家庭都很好。”玛雷埃纽说道。

当午后的客流渐渐散去,厨房里传来阵阵炒菜声。中国菜与缅甸菜轮番上阵,不一会儿,餐桌上便香气四溢。中缅两国的同事们围坐在一起,你一筷、我一筷,分享着美食与欢笑。

“来中国大概有五六年了,学中国话主要是通过听一些、记一些、试着说一些,就自然学会了。”玛雷埃纽说道。

尽管餐饮工作比较辛苦,但店老板还是会安排她们上一天半休半天,让他们有充足的时间休息。闲暇时,玛雷埃纽会和同事一起去逛商场,品尝中国美食。

“中国美食我最喜欢麻辣烫,还有柠檬撒。在这里工作,如果不喜欢吃中国老板和同事做的饭菜,可以做自己喜欢吃的缅甸菜,他们也会跟着吃,我们老板娘最爱吃缅甸鱼酱了。”玛雷埃纽说道。

近年来,随着中缅经贸与文化合作的深化,越来越多缅甸人选择到中国工作。云南德宏作为边境地区,凭借地理优势和发展机遇,吸引了大量缅甸务工者。他们活跃在餐饮、制衣等行业,成为中缅民间交流的纽带,不仅推动了两国友谊的深化,也为更多缅甸人打开了了解中国的窗口。(芒市融媒体中心 记者石喃喃  王世蕊

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်