"ကူမင်း" ဟူသော နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသွားအထူးရထားကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်

2025-11-28 10:11|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) နိုဝင်ဘာလ ၂၅ ရက်နေ့တွင် "ရောင်စုံယူနန်၊ ကူမင်း" ခရီးသွားအထူးရထား (အောက်တွင် "ကူမင်းရထား" ဟု ခေါ်သည်) သည် ကူမင်းနှင့် ချွီကျင့်ဘူတာတို့အကြား အသွားအပြန် စမ်းသပ်ပြေးဆွဲခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပမည့် ၎င်း၏ ဖွင့်ပွဲအခမ်းအနားအတွက် အခြေခံအုတ်မြစ် ချပေးခဲ့သည်။ ၎င်းသည် "ကူမင်းလုကန်(Lugang)" ဟူသော ကုန်တင်ရထား ဖွင့်လှစ်ပြေးဆွဲပြီးနောက် ကူမင်းမှ ဖန်တီးထားသော ပိုးလမ်းမကြီးတစ်လျှောက် "စီးဆင်းနိုင်သော အမည်ကတ်ပြား" နောက်တစ်ချပ် ဖြစ်ပြီး ကူမင်းမြို့နှင့် ယူနန်ပြည်နယ်တို့၏ တံခါးဖွင့်ခြင်း စနစ်အသစ်ကို တည်ဆောက်ရန်အတွက် ပလက်ဖောင်းအသစ်ကို ပံ့ပိုးပေးသည်။

图片 1

"အကောင်းဆုံး ၄ ခု"၏ ပံ့ပိုးမှုဖြင့် 

သက်သောင့်သက်သာရှိသော နယ်စပ်ဖြတ်ကျော် ခရီးစဉ်ကို ဖန်တီး

"ကူမင်း" ရထားသည် တရုတ်နိုင်ငံ၏ ပထမဆုံး သက်သောင့်သက်သာရှိသော နယ်စပ်ဖြတ်ကျော် ခရီးသွားရထား ဖြစ်ပြီး "လမ်းပန်းဆက်သွယ်ရေး အင်အားကြီးနိုင်ငံ+ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ခြင်း" ဟူသော အမျိုးသားအဆင့် လက်တွေ့စီမံကိန်း တစ်ခုလည်း ဖြစ်သည်။ အောက်တိုဘာလတွင် ဆန်းရမြို့၌ ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှု ညီလာခံနှင့် ကုန်စည်ပြပွဲတွင် "ကူမင်း"ရထားသည် ပထမအကြိမ် ဖြစ်ပေါ်လာသည့်အခါ ပါဝင်ပြသသူများနှင့် ခရီးသည်များကို အာရုံစိုက်ရန် ဆွဲဆောင်ခဲ့ပြီ ဖြစ်သည်။

图片 2

图片 4

တရုတ်နိုင်ငံတွင် ပြေးဆွဲနေသော ခရီးသွားအထူးရထားအားလုံးထဲတွင် "ကူမင်း"ရထားသည် အကြီးဆုံးသော ခရီးသည်တင်တွဲအခန်း၊ အကြီးဆုံးသော မီးဖိုချောင်တွဲ၊ အကြီးဆုံးသော ထမင်းစားတွဲနှင့် အကြီးဆုံးသော ရှုခင်းကြည့်ပြတင်းပေါက်များကို ရှိ၍ ခရီးသည်များအား ပိုမိုကောင်းမွန်သော အတွေ့အကြုံနှင့် သက်သောင့်သက်သာရှိမှုကို ပေးနိုင်သည်။ ၎င်းတို့အနက် ရိုးရာ အိပ်စင်ပါရထားတွဲ (အိပ်စင် ၄ ခု) တွင်  တွဲတစ်တွဲလျှင် အခန်း ၁၀ ခန်းပါရှိသော်လည်း "ကူမင်း"ရထားတွင် အခန်း ၆ ခန်းသာ စီစဉ်ထားသောကြောင့် အခန်းတစ်ခန်း၏ အကျယ်အဝန်းကို ၁၀ စတုရန်းမီတာ ရှိစေပြီး ဘက်စုံသုံးစားပွဲ တစ်ခု ချရန်အတွက် နေရာ အလုံအလောက်ရှိစေပြီး ရီးစဉ်အတွင်း စစ်တုရင်ကစားခြင်းနှင့် ကတ်ကစားခြင်း စသည့် ဖျော်ဖြေရေးလှုပ်ရှားမှုများ အတွက် လုံလောက်သောနေရာ ပေးနိုင်သည်။

图片 6

图片 3

အခြား အထူးရထားများနှင့် နှိုင်းယှဉ်ပါက "ကူမင်း"ရထားသည် လုံခြံရေးကို ဦးစားပေးသည့်အပြင် ၁.၅ မီတာအထိ ကျယ်ဝန်းသော ပြတင်းပေါက်များ စီစဉ်ထားသောကြောင့် ၎င်း၏ အခန်းများနှင့် ထမင်းစားခန်း နှစ်ခုလုံးတွင် မြင်ကွင်းသည် ပိုမိုပွင့်လင်းပြီး ကြည်လင်သည်။ "ကူမင်း"ရထားပေါ်ရှိ အတပ်အဆင်ပစ္စည်းများ၊ ဒီဇိုင်းများနှင့် ဝန်ဆောင်မှုအားလုံးသည် ခရီးသည်များ၏ စိတ်ကျေနပ်မှု၊ သက်သောင့်သက်သာရှိမှုနှင့် လုံခြုံရေးကို ဗဟိုပြု၍ တည်ဆောက်ထားပြီး "ယူနန်ဟုခေါ်သော ဘဝနေထိုင်မှု တစ်မျိုး ရှိခြင်း" နှင့် "ယူနန်တွင် မှီတင်းနေထိုင်ခြင်း" ဟူသော အယူအဆများကို အသေးစိတ်၊ အသက်ဝင်လှုပ်ရှား၊ နောက်ခံအခြေအနေရှိစေသည်။

ခရီးစဉ်နှစ်ခု မှတစ်ဆင့်

လာအိုနိုင်ငံနှင့် ယူနန်ပြည်နယ်ရှိ အထင်ကရ ရှုခင်းသာနေရာများကို လည်ပတ်ကြည့်ရှုနိုင်

"ကူမင်း"ရထားသည် "ညပိုင်းတွင် ရထားပြေးဆွဲခြင်း+ နေ့ခင်းတွင် လည်ပတ်ကြည့်ရှုခြင်း" ဟူသော မော်ဒယ်ကို အသုံးပြုထားပြီး တရုတ်-လာအို ရထားလမ်း ခရီးစဉ်နှင့် ယူနန်အတွင်းခရီးစဉ် နှစ်ခုကို ရွေးချယ်နိုင်သည်။ ၄င်းတို့အနက်၊ တရုတ်-လာအို ရထားလမ်းခရီးစဉ်သည် "နှစ်နိုင်ငံမှ မြို့ ၄ မြို့တွင် ၇ ရက်ကြာ ဖြည်းဖြည်းချင်း ခရီးသွားခြင်း"ကို ဗဟိုပြုပြီး ၇ ရက်နှင့် ၆ ည ကြာမြင့်ပြီး တရုတ်နိုင်ငံရှိ ဆစ်ဆောင်ပန်းနားနှင့် လာအိုနှစ်နိုင်ငံရှိ လွမ်ပရာဘန်၊ ဗန်ဗီယန်၊ ဗီယင်ကျန်း မြို့ ၄ မြို့ကို ထိရောက်စွာ ချိတ်ဆက်ပေးထားသည်။ ဆစ်ဆောင်ပန်းနား ရှုခင်းသာနေရာ မပါဝင်သည့် ပထမဆုံး စတင်ပြေးဆွဲသော ရထား မှလွဲ၍ နောက်ပိုင်းရထားများသည် ခရီးသည်များကို ဆစ်ဆောင်ပန်းနားသို့ ခေါ်ဆောင်ဝင်ရောက်ပြီး တရုတ်သိပ္ပံအကယ်ဒမီ ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လည်ပတ်ကာ တိုင်လူမျိုး၏ ဓလေ့ထုံးစံများနှင့် အစားအစာများကို တွေ့ကြုံခံစားမည် ဖြစ်သည်။ လွမ်ပရာဘန်တွင် နံနက်ခင်း လှူဒါန်းပွဲကို တွေ့ကြုံခံစားပြီး လှေဖြင့် မဲခေါင်မြစ်ကို လည်ပတ်ကြည့်ရှုကာ ကွမ်စီရေတံခွန်နှင့် ဖူစီတောင် စသည့် ရှုခင်းသာနေရာများကို လည်ပတ်ကြည့်ရှုသွားမည် ဖြစ်သည်။ ဗန်ဗီယန်တွင် နမ်စုံမြစ်ပေါ်ရှိ အမြီးရှည်လှေစီး၍ အပြာရောင်ရေကန်ကို စူးစမ်းလေ့လာပြီး ကာစ်တ်မြေပြင်အနေအထားကို ငို့ကြည့်မည် ဖြစ်သည်။ ဗီယင်ကျန်းတွင် လာအိုပြတိုက်နှင့် ထေးလွမ်ဘုရားကျောင်း စသည့် အထင်ကရ ရှုခင်းသာနေရာများကို လည်ပတ်ကြည့်ရှုပြီး လာအိုဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုများကို တွေ့ကြုံခံစားမည် ဖြစ်သည်။

图片 7

ယူနန်အတွင်းခရီးစဉ်သည် "ကူမင်း"ရထားမှ ဖန်တီးထားသော ယူနန်ပြည်နယ်အတွင်း နက်ရှိုင်းသော ခရီးသွားလာရေးအတွက် စံပြထုတ်ကုန် တစ်ခု ဖြစ်၍ "ယူနန်ပြည်နယ် တစ်ဝက်၏ အနှစ်သာရကို လွှမ်းခြုံထားခြင်း"ဖြင့် ထူးခြားချက်အဖြစ် ၁၀ ရက်နှင့် ၉ ည ကြာမြင့်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်ပြေးဆွဲမည် ဖြစ်သည်၊ ကူမင်းမှ ထွက်ခွာပြီးနောက် မန်ဇီ၊ ယွမ်ယန်၊ ကျန့်ဆွေ၊ ပေါင်ဆန်း၊ ထန်ချုံး၊ လင်ချန်၊ ဖူအော်နှင့် ဆစ်ဆောင်ပန်းနာ စသည့် လူကြိုက်များသော နေရာများရှိ အရည်အသွေး ကောင်းမွန်သော ရှုခင်းသာနေရာများကို နက်ရှိုင်းစွာ လှည့်လည်ကြည့်ရှုမည် ဖြစ်သည်။

图片 5

လက်ရှိတွင် တရုတ်-လာအို ရထားလမ်း (၇ ရက်နှင့် ၆ ညကြာ) ခရီးစဉ်၏ ဈေးနှုန်းသည် သုံးယောက်ခန်းအတွက် လူတစ်ဦးလျှင် ယွမ် ၈၉၉၉ နှင့် လေးယောက်ခန်းအတွက် လူတစ်ဦးလျှင် ယွမ် ၅၉၉၉ ဖြစ်သည်။ ယူနန်အတွင်း (၁၀ ရက်နှင့် ၉ ညကြာ) ခရီးစဉ်၏ ဈေးနှုန်းသည် သုံးယောက်ခန်းအတွက် လူတစ်ဦးလျှင် ယွမ် ၁၂၉၉၉ နှင့် လေးယောက်ခန်းအတွက် လူတစ်ဦးလျှင် ယွမ် ၇၉၉၉ ဖြစ်သည်။ ခရီးသည်များသည် 12306 App မှတစ်ဆင့် ရထားပြေးဆွဲချိန်ကို စစ်ဆေးနိုင်ကြပြီး ခရီးစဉ်ထုတ်ကုန်များကို ဝယ်ယူနိုင်ကြသည်။

11月25日,“彩云之南·昆明号”旅游专列(以下称“昆明号”)试运行,在昆明—曲靖站区往返开行,为下周在昆(12月3日)举行的首发仪式做足“功课”。这是继“昆明陆港号”货运班列后,昆明打造的又一丝路“流动名片”,为构建昆滇开放新格局提供了新平台。

图片 1

“四个最”加持 

打造跨国舒适旅程

“昆明号”是全国首趟舒适型跨国旅游列车,也是“交通强国+文旅融合”国家实践项目。10月在三亚举行的2025首届国际旅行服务大会暨交易展上,“昆明号”首次亮相,便吸引了很多展商及游客的关注。

图片 2

图片 4

据介绍,在国内所有开行旅游专列中,“昆明号”具有“四个最”——客房车的包厢空间最大、厨房车最大、餐厅车最大、列车观景窗最大,为旅客带来更好的体验感、舒适度。其中,传统软卧(4个卧铺)列车一节车厢有10个包厢,“昆明号”只设计了6个包厢,包间面积达10平方米,一张多功能桌安放其间绰绰有余,为旅途进行棋牌等娱乐活动提供了充足空间。

图片 6

图片 3

与其他专列相比,“昆明号”在满足安全的基础上,车窗最宽达1.5米,无论是包厢还是餐车,视野更加通透、明亮。“昆明号”的所有设施、设计以及服务都以旅客的满意、舒适、安全为中心而打造,将“有一种叫云南的生活” “旅居云南”具象化、生动化、情景化。

两条路线

解锁老挝、云南标志性景点

“昆明号”采用“夜间行车+白天游览”模式,有中老铁路线和云南环线两个行程可选择。其中,中老铁路线以“两国四城·七日慢旅”为核心,行程7天6晚,高效串联了中老两国的西双版纳、琅勃拉邦、万荣、万象4个城市。除首发班次不含西双版纳景点外,后续班次将带游客走进西双版纳,游览中国科学院西双版纳热带植物园,体验傣族风情与美食;在琅勃拉邦体验晨间布施仪式,乘船游览湄公河,打卡光西瀑布、普西山等景点;到万荣乘坐南松河长尾船,探访蓝色潟湖,俯瞰喀斯特地貌;到万象参观老挝博物馆、塔銮等标志性景点,感受老挝风情与文化。

图片 7

云南环线是“昆明号”打造的省内深度游标杆产品,以“收录半个云南的精华”为特色,行程10天9晚,将于12月24日首发,从昆明启程后,将深度游览蒙自、元阳、建水、保山、腾冲、临沧、普洱、西双版纳等热门目的地的优质景点。

图片 5

目前,中老铁路线(7天6晚)行程,3人间价格为8999元/位、4人间价格为5999元/位。省内环线(10天9晚)行程,3人间价格为12999元/位、4人间价格为7999元/位。游客可通过铁路12306App查询班次并购买线路产品。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်