ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
2025-11-21 17:22|
(ရောင်စုံတိမ်တံတား၊ နှင်းရီရီ) ယခုနှစ်များတွင် ကော်ဖီသည် သောက်စရာတစ်မျိုးမှ ယဉ်ကျေးမှုအမည်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပြီး ကူမင်းမြို့၏ ကော်ဖီခရီးသွားလုပ်ငန်းစီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာနေပါသည်။
၂၀၂၅ ခုနှစ် Dianchi Lake အပြည်ပြည်ဆိုင်ရာ ကော်ဖီယဉ်ကျေးမှုပွဲတော်တွင် "ကော်ဖီဧည့်ခံခန်းမ" သည် ၃ ကီလိုမီတာရှည်လျားပြီး မြို့သူမြို့သားများနှင့်ခရီးသွားဧည့်သည်များသည် စျေးသည်များပတ်လည်၍ စားသောက်ကာစကားပြောဆိုကြပြီး လေထုထဲတွင် ကြော်လှော်ပြီးကော်ဖီစေ့များ၏ မွှေးကြိုင်သော အနံ့နှင့် ပျော်ရွှင်သော ရယ်မောသံများ ပြည့်နှက်နေသည်။ "ကော်ဖီ + ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှုထုတ်ကုန်များ"ကော်ဖီ + ခရီးသွားလာရေး" ပေါင်းစပ်ထားသောထုတ်ကုန်များသည် များပြားလှပေသည်။ ယခုအခါတွင် ကော်ဖီသည် ဖူအဲ့(လ်)လက်ဖက်နှင့် လတ်ဆတ်သောပန်းများပြီးနောက် ကူမင်းမြို့၏ မြို့ပြဘဝကို ကိုယ်စားပြုသည့် နာမည်ကျော် ကတ်ပြားအသစ်တစ်ခု ဖြစ်လာခဲ့သည်။
ကူမင်းမြို့၏ကော်ဖီယဉ်ကျေးမှုများ၏အစသည် ချင်းမင်းဆက်အနောက်ပိုင်းနှင့် မင်မင်းဆက်အစောပိုင်းကာလအတွင်းမှာ ပြန်ပြောင်းကည့်နိုင်ပေသည်၊ ယူနန်-ဗီယက်နမ်ရထားလမ်းဖွင့်လှစ်ခြင်းနှင့်အတူ ကော်ဖီသည် ပြည်ပကုန်ပစ္စည်းတစ်ခုအဖြစ် ကူမင်းသို့ ရောက်ရှိလာခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ယူနန်ကော်ဖီစက်ရုံသည် တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့၏ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းအဖြစ် ပေါ်ပေါက်လာခဲ့ပြီး တရုတ်နိုင်ငံ၏ ပထမဆုံးသော ခေတ်သစ်ကော်ဖီချက်ပြုတ်သည့်စက်ရုံ ဖြစ်သည်။ နှစ်ပေါင်း ၃၃ ကြာ အားထုတ်ကြိုးပမ်းမှုဖြင့် ယူနန်ကော်ဖီစက်ရုံသည် စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့ပါဝင်သည့် အပြည့်အစုံသော လုပ်ငန်းဆက်တစ်ခုလုံးစနစ်ကို တည်ဆောက်ခဲ့သည်။
ယူနန်ပြည်နယ်တစ်ဝန်း ကော်ဖီစိုက်ပျိုးမြေဧရိယာသည် တရုတ်ဧက (၁၂) သိန်းခန့်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုမှာ တန်ချိန် ၁၄သောင်းခန့် ရှိ၍ တရုတ်နိုင်ငံ၏ စုစုပေါင်းစိုက်မျိုးရေးပမာဏ၏ ၉၈ ရာခိုင်နှုန်းအပေါ် ရောက်ရှိခဲ့ကြောင်း ယူနန်ပြည်နယ်စိုက်ပျိုးရေးကျေးလက်ဒေသဦးစီးဌာန၏စာရင်းဇယားများအရ သိရှိရခဲ့သည်။ လုပ်ငန်းစုစည်းမှု၏ဗဟိုဇုန်အဖြစ် ကူမင်းစီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန်သည် လုပ်ငန်းကုမ္ပဏီများ ၈၇ ခုကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခဲ့ကြ၍ ကော်ဖီစေ့အစိမ်းများရောင်းဝယ်ရေးမှ အမှတ်တံဆိပ်ဖွံ့ဖြိုးတိုးတက်ရေးအထိ လုပ်ငန်းကွင်းဆက်တစ်ခုလုံးကို ဖွဲ့စည်းတည်ဆောက်ခဲ့သည်။
၂၀၂၄ခုနှစ်တွင် စက်မှုဇုန်အတွင်းရှိ အကြီးစားလွန် ကော်ဖီလုပ်ငန်းကုမ္ပဏီများ ၄ ခု၏ ထုတ်လုပ်မှုတန်ဖိုးသည် ယွမ် ၃၉၂ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၅၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ "Zhongfei" နှင့် "Huatiancui" အပါအဝင် ယူနန်ပြည်နယ်ကော်ဖီအမှတ်တံဆိပ်များသည် ဈေးကွက်တွင် မတူညီသောအမှတ်တဆိတ်ရပ်တည်ချက်ဖြင့် ပြည်တွင်းစားသုံးမှုဈေးကွက်တွင် နေရာတစ်နေရာ ရယူနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် Nestlé နှင့် Starbucks အပါအဝင် နိုင်ငံတကာကော်ဖီအမှတ်တံဆိပ်ကြီးများသည်လည်း ယူနန်ကို ၎င်းတို့၏ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်အတွက် အရေးပါသော မဟာဗျူဟာအခြေစိုက်စခန်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ "ဒေသအမှတ်တံဆိပ်များ နိုးကြားတက်ကြွခြင်း + နိုင်ငံတကာအမှတ်တံဆိပ်များ အခြေစိုက်လာခြင်း" ဟူသော နှစ်ဘက်သက်ရောက်မှုသည် ကူမင်းကော်ဖီလုပ်ငန်း၏ ယှဉ်ပြိုင်မှုစွမ်းရည်ကို အဆက်မပြတ်မြှင့်တင်ပေးလျက်ရှိပြီး မြို့ပြ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အသစ်များ ပေါ်ထွန်းရေး ပျိုးထောင်ခြင်းအား ပံ့ပိုးမှု ပေးလျက်ရှိသည်။
"ကမ္ဘာ့ကော်ဖီမြို့တော်" တည်ဆောက်ရေးလမ်းကြောင်းတွင် ကူမင်းမြို့သည် စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ရေးကို အာရုံစိုက်ရုံသာမက ကော်ဖီယဉ်ကျေးမှုအား ဒေသတွင်းအထူးခြားဆုံးသော အင်္ဂါရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်းနှင့် နက်ရှိုင်းစွာပေါင်းစည်းရန် အားထုတ်လျက်ရှိ ဤကြိုးပမ်းမှုဖြင့် ကော်ဖီသည် "သောက်စရာတစ်ခု" မှ "ဘဝနေထိုင်မှုပုံစံ"အဖြစ်သို့လည်းကောင်း၊ "လုပ်ငန်းဆောင်ရွက်ရာနေရာ" မှ "ယဉ်ကျေးမှုသင်္ကေတ"အဖြစ်သို့လည်းကောင်း ပြောင်းလဲလာခဲ့သည်။
"ကူမင်းမြို့သည် ကော်ဖီရောင်းချခြင်းသာမကဘဲ ကမ္ဘာအရပ်ရပ်မှ ကော်ဖီယဉ်ကျေးမှုများ စုဝေး၊ ဖလှယ်၊ ဖွံ့ ဖြိုးနိုင်သည့်ပလက်ဖောင်းတစ်ခုကို တည်ဆောက်နေခြင်းဖြစ်သည်။ တရုတ်-လာအိုရထားလမ်းနှင့် တရုတ်-ဥရောပရထားလမ်းကဲ့သို့သောပို့ဆောင်ရေးလမ်းကြောင်းအခြေခံ၍ ကူမင်းမြို့သည် တစ်နိုင်ငံလုံးတွင် ရှေ့ဆုံးက အလွန် ဦးဆောင်နေသည့်ကော်ဖီသိုလှောင်ရေးစင်တာ၊ ကုန်သွယ်ရေးစင်တာများ တည်ဆောက်သွားရန် စီစဉ်ထားပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ လျှော့ချခြင်း၊ ထောက်ပံ့ရေးကွင်းဆက် ထိရောက်မှု မြှင့်တင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ လုပ်ငန်းကုမ္ပဏီများအား Cold Brew ကော်ဖီ၊ ကော်ဖီဖုတ် အစားအစာ၊ အသားအရေထိန်းထုတ်ကုန်စသည့်မျိုးစုံသောထုတ်ကုန်များ သုတေသနပြုရန် အားပေးခြင်းဖြင့် လုပ်ငန်းကွင်းဆက် တိုးချဲ့ပြီး ထုတ်ကုန်များ၏တန်ဖိုးမြှင့်တင်သွားမည်ဖြစ်သည်။ ယူနန်ပြည်နယ်အမှတ်တံဆိပ်များအား အွန်လိုင်းနှင့်အော့ဖ်လိုင်း ဈေးကွင်းချဲ့ထွင်ရန် ပံ့ပိုးပေးခြင်း၊ တစ်ချိန်တည်းတွင် နိုင်ငံတကာကော်ဖီအမှတ်တံဆိပ်နှင့်ဌာနများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ကြ၍ "ကမ္ဘာ့ကော်ဖီအမှတ်တံဆိပ် စုဝေးရာနေရာ" အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်ဟု ကူမင်းမြို့ စီးပွားရေးဌာနခွဲမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
နေဝင်ချိန်တွင် Dianchi Lake တစ်လျှောက်မှာ နေရောင်ခြည်တောက်ပနေပြီး ကူမင်းမြို့အတွင်းရှိလမ်းများပေါ်က ကော်ဖီဆိုင်များမှာ စည်ကားနေဆဲပင် ဖြစ်သည်။ ဤနေရာတွင် ကော်ဖီတစ်ခွက်ထဲတွင် ယူနန်၏ တောတောင်သဘာဝအရသာ၊ ကမ္ဘာလုံးဆိုင်ရာ စုံလင်အပြန်အလှန်ယဉ်ကျေးမှု၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၏ ပြင်းထန်သော တွန်းအားနှင့် မြို့ပြ၏ ဖွင့်လှစ်မှုဆိုင်ရာ စိတ်အားထက်သန်မှုတို့ကို တွေ့မြင်ခံစားနိုင်မည်။ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်သောကော်ဖီလုပ်ငန်း၊ ရေရှည်ပြုစုပျိုးထောင်လာသည့် ကော်ဖီယဉ်ကျေးမှုတို့ကြောင့် ကူမင်းမြို့သည် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် တောက်ပနေသည့် ကြယ်တစ်ပွင့် အဖြစ်သို့ ရဲရဲတောက် ပေါ်ထွန်းလာမည်သာ ဖြစ်သည်။
近年来,咖啡从饮品演变为一种文化符号,昆明咖旅经济也在蓬勃发展。
2025滇池国际咖啡文化嘉年华上,“咖啡会客厅”蔓延3公里,市民和游客围着摊位品尝、交流,空气中弥漫着烘焙豆的焦香与欢声笑语;“咖啡+文创”“咖啡+旅游”的融合产品琳琅满目。如今,咖啡已成为继普洱茶、鲜切花之后,昆明都市生活的一张崭新名片。
昆明最早的咖啡文化可追溯到清末民初,随着滇越铁路开通,咖啡作为舶来品进入昆明。
1992年,云南咖啡厂作为中国与联合国开发计划署(UNDP)的合作项目应运而生,是中国第一家现代化咖啡加工厂。历经33年深耕,云南咖啡厂已构建覆盖种植、加工、销售的完整产业链体系。
云南省农业农村厅统计,云南省咖啡种植面积约120万亩,年产量约14万吨,均占全国的98%以上。作为产业集聚核心区,昆明经开区已吸引87家咖啡企业入驻,形成了从生豆贸易到品牌孵化的完整产业链。
2024年,园区内4家规上咖啡企业产值达3.92亿元,同比增长53%。“中啡”“花田萃”等本土品牌凭借差异化定位,在国内消费市场占据一席之地。同时,雀巢、星巴克等国际咖啡品牌也已将云南作为其全球供应链的重要战略基地。这种“本土品牌崛起+国际品牌落地”的双向互动,持续提升昆明咖啡产业竞争力,也为城市培育新的经济增长点提供支撑。
在打造“世界咖啡风尚之城”的进程中,昆明不仅注重产业升级,更着力推动咖啡文化与本土特色、国际潮流的深度融合,让咖啡从“饮品”变为“生活方式”,从“产业载体”变为“文化符号”。
“昆明不只是在卖咖啡,更是在搭建一个平台,让世界各地的咖啡文化在这里汇聚、交流、生长。”昆明市商务局相关负责人表示,依托中老铁路、中欧班列等物流通道,昆明将建设全国领先的咖啡专业仓储中心、交易中心,不断降低流通成本,提升供应链效率;鼓励企业加大研发投入,开发冷萃咖啡、咖啡烘焙食品、咖啡护肤品等多元化产品,延伸产业链、提升附加值;支持本土品牌通过线上线下渠道拓展市场,同时吸引国际咖啡品牌、机构落地,打造“全球咖啡品牌集聚地”。
当夕阳为滇池镀上金边,昆明街头的咖啡馆依旧人声鼎沸,在这里,一杯咖啡里既有云南的山水风味,也有全球的多元文化;既有产业发展的强劲动能,也有城市开放的热情姿态。可以预见,随着咖啡产业的持续升级、咖啡文化的不断深耕,昆明将以更开放、更活力、更具国际范儿的形象,成为全球咖啡版图中一颗耀眼的新星。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့














