မြေအောက်ရထားဖြင့် ကူမင်းတွင် လည်ပတ်ကြည့်ရှု

2025-10-17 15:34|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မြေအောက်ရထားလိုင်း အမှတ် ၁၊ အမှတ်၂၊ အမှတ် ၄ နှင့် အမှတ် ၅ တို့ဖြင့် ကူမင်းမြို့တွင် လည်ပတ်ကြည့်ရှုပြီး

ရတနာအထင်ကရနေရာများကို ဓာတ်ပုံရိုက်ရန် 

ဤ "မြေအောက်ရထားဖြင့် မြို့ပြလျှောက်လည်ခြင်းလမ်းညွှန်"ကို အမြန်စုဆောင်းသိမ်းဆည်းပါ

မြေအောက်ရထားလိုင်း အမှတ် ၁ နှင့် အမှတ်၂ တစ်လျှောက်ရှိ ရှုခင်းသာနေရာများ

ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်

图片 2

ဤဥယျာဉ်တွင် ယူနန်ပြည်နယ်ရှိ ရှားပါးတောရိုင်းတိရိစ္ဆာန် အများအပြားကို စုရုံးကြသည်၊ ပန်ဒါကြီးများနှင့် ရွှေခြည်မွေးမျောက်များ စသည့် နိုင်ငံတော်၏ ရတနာတိရိစ္ဆာန်များ၏ ချစ်စဖွယ်ကောင်းမှုကို ရှုစားနိုင်ရုံသာမက သဘာဝ ဂေဟစနစ်၏ အံ့ဩမှုနှင့် ပြေပြစ်မှုကိုလည်း ခံစားနိုင်သည်။

လမ်းညွှန်။ ။ မြေအောက်ရထားလိုင်း အမှတ် ၁ နှင့် အမှတ် ၂ ဖြင့် စီကျားယင်ဘူတာ B အပေါက်မှ ထွက်ခွာပြီးနောက် ဘတ်စ်ကားလိုင်း အမှတ် ၂၄၁ ဖြင့် ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်သို့ ရောက်ပြီးနောက် ဆင်းပါ။

ကူမင်းရေတံခွန်ဥယျာဉ်

图片 2

ကူမင်းရေတံခွန်ဥယျာဉ်သည် နူလန်မြစ်- တျန်းချီရေကန် ရေပေးဝေရေးစီမံကိန်း၏ လက်အောက်ခံစီမံကိန်း ဖြစ်သည်။ ခမ်းနားထည်ဝါသော ရေတံခွန်၊ ကြည်လင်ဝင်းပသော ရေပေါက်များနှင့် မြူခိုးမြူနှင်း အုံ့ဆိုင်းသော ရေငွေ့များသည် လူများကို ချီးကျူး၍ မကုန်နိုင်စေအောင်ပင်။

လမ်းညွှန်။ ။ မြေအောက်ရထားလိုင်း အမှတ် ၂ ဖြင့် လုံထုတ်လမ်းဘူတာ A အပေါက်မှ ထွက်ခွာပြီးနောက် ခြေလျင်လျှောက်သွားပါ။

မြေအောက်ရထားလိုင်း အမှတ် ၄ တစ်လျှောက်ရှိ ရှုခင်းသာနေရာများ

တုန်နန်ပန်းဈေး

图片 1

အာရှတွင် အကြီးဆုံးသော မိုးဆန်းပန်းများ ရောင်းဝယ်ရေးဈေးကွက် အနေနှင့် တုန်နန်ပန်းဈေးတွင် ပန်း၏မွှေးရနံ့ အပြည့်ရှိပြီး ပန်းများကို ရွေးချယ်နိုင်ပြီး ပန်းများ ထိန်းသိမ်းစောင့်ရှောက်နည်းကို လေ့လာနိုင်ပြီး တိုက်ရိုက်သယ်ယူပို့ဆောင်နိုင်သည်။ လျှောက်လည်သည် မောပန်းလျှင် ပန်းများဖြင့် ပြုလုပ်ထားသော အစားအစာများကို မြည်းစမ်းနိုင်သည်။ Haiqu Huadu Ocean World တွင် အဖြူရောင်ဝေလငါးများနှင့် လင်းပိုင်များ၏ တင်ဆက်ပြသမှုကို ကြည့်ရှုနိုင်ပြီး တုန်နန်ပန်းများပြတိုက်တွင် ပန်းဈေး၏ ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းကြောင်းကို သိရှိနားလည်နိုင်ပြီး အသစ်ဖွင့်လှစ်သော "ဟွားလီ" အိတ်ဆောင်ဥယျာဉ်သည်လည်း ဓာတ်ပုံရိုက်ရန်နှင့် အပန်းဖြေရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။

လမ်းညွှန်။ ။ မြေအောက်ရထားလိုင်း အမှတ် ၄ ဖြင့် ကျင်းကွေ့လမ်း(တုန်နန်ပန်းဈေး)ဘူတာ B အပေါက်မှ ထွက်ခွာပြီးနောက် ၃၈၉ မီတာ ခြေလျင်လျှောက်ပြီးမှ ရောက်နိုင်ပါ။

မြေအောက်ရထားလိုင်း အမှတ် ၅ တစ်လျှောက်ရှိ ရှုခင်းသာနေရာများ

ဆွေ့ဟူရေကန်ဥယျာဉ်

图片 1

ကူမင်းမြို့လယ်ခေါင်ရှိ တောက်ပရွှန်းတင့်သော ပုလဲတစ်လုံး ဖြစ်သည်။ လေးပါးရာသီလုံး နွေဦးရာသီကဲ့သို့သော ရာသီဥတုကြောင့် ဤနေရာရှိ ပန်းများသည် တစ်နှစ်ပတ်လုံး ပွင့်ဖူးလျက်ရှိသည်။ ဆွေ့ဟူရေကန်ဘေးတွင် ခြေလျင်လျှောက်ရင်း သာယာလှပသော ရှုခင်းများကို ရှုစားနိုင်ရုံသာမက ကူမင်း၏ ကြီးမားလေးနက်သော သမိုင်းနှင့် ယဉ်ကျေးမှု အကြောင်းစုံများကိုလည်း ခံစားနိုင်ပါသည်။

လမ်းညွှန်။ ။ မြေအောက်ရထားလိုင်း အမှတ် ၅ ဖြင့် ဟွာဆန်းရှီးလမ်းဘူတာ D အပေါက်မှ ထွာခွာပြီးနောက် ၇ မိနစ်ခန့်ကြာ ၅၁၁ မီတာ ခြေလျင်လျှောက်ပြီးမှ ရောက်နိုင်ပါ။

ယူနန်ရထားလမ်းပြတိုက်

图片 3

အနှစ်တစ်ရာကျော်သော ယူနန်ရထားလမ်း၏ သမိုင်းကြောင်းကို သိရှိနားလည်ပြီး ၎င်း၏ စိတ်အားထက်သန်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ခံစားလိုပါက၊ ယူနန်ရထားလမ်းပြတိုက်သည် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ ၄င်းကို ဘူတာရုံတွင် တည်ဆောက်ပြီး တောင်ပိုင်းပြတိုက်နှင့် မြောက်ပိုင်းပြတိုက် နှစ်ခု ပါ၀င်၍ ပြင်ပသဏ္ဌာန်သည် အဝါရောင် နံရံများနှင့် အနီရောင် အမိုးများ ဖြစ်ပြီး လွန်ခဲ့သော ရာစုနှစ်၏ ခေတ်နောက်ပြန်ဆွဲမှုရသကို အများရှိသည်။ ပြတိုက်ထဲတွင် ပြီးပြည့်စုံကောင်းမွန်စွာ ထိန်းသိမ်းထားသော မီးရထားနှင့် ရေနွေးငွေ့စက်ခေါင်း အမျိုးမျိုးကို ပြသထားပြီး မီးရထားဝါသနာရှင်များအတွက် လာရောက်လေ့လာရန် ပထမဦးဆုံး ရွေးချယ်ချက်တစ်ခု ဖြစ်သည်။

လမ်းညွှန်။ ။ မြေအောက်ရထားလိုင်း အမှတ် ၅ ဖြင့် မြောက်ဘူတာ E အပေါက်မှ ထွက်ခွာပြီးနောက် ခြေလျင်လျှောက်သွားပါ။

ယူနန်တိုင်းရင်းသားကျေးရွာ

图片 3

ဤနေရာတွင် စုစည်းထားသော တိုင်းရင်းသားကျေးရွာများသည် တစ်မူထူးခြားချက် အသီးသီးရှိကြပြီး အခမဲ့ ရိုးရာဓလေ့ထုံးစံနှင့် လက်မှုအတတ်ပညာ ဆိုင်ရာ ပြသမှုများကိုလည်း ရှိကာ တင်ဆက်ပြသမှုများကို ကြည့်ရှုနိုင်ပြီး ၎င်းတို့တွင်ပင် ပါဝင်နိုင်ပြီး ရောင်စုံသော တိုင်းရင်းသားယဉ်ကျေးမှုများကို သရုပ်ပေါ် သိရှိနားလည်နိုင်သည်။

လမ်းညွှန်။ ။ မြေအောက်ရထားလိုင်း အမှတ် ၅ ဖြင့် ယီဟူကျေးရွာဘူတာ A အပေါက်မှ ထွက်ခွာပြီးနောက် ဘတ်စ်ကား အမှတ် ၂၄ သို့မဟုတ် အမှတ် ၄၄ ဖြင့် ယူနန်တိုင်းရင်းသားကျေးရွာသို့ ရောက်ပြီးနောက် ဆင်းပါ။

搭乘地铁1、2、4、5号线游玩昆明

打卡宝藏地标

速度收好这份“地铁版城市漫游指南”

昆明地铁1、2号线沿线景点

云南野生动物园

图片 2

这里汇集了云南境内众多珍稀野生动物,不仅可以欣赏到大熊猫、金丝猴等国宝级动物的憨态可掬,还能感受到大自然生态的奇妙与和谐。

交通指南:乘坐地铁1、2号线首期,从司家营站B口出,乘坐241路公交车到云南野生动物园下车。

昆明瀑布公园

图片 2

昆明瀑布公园是牛栏江—滇池补水工程的附属工程。气势磅礴的瀑布,晶莹剔透的水珠,云雾弥漫的水汽,让人叹为观止。

交通指南:乘坐地铁2号线,从龙头街站A口出,步行前往。

昆明地铁4号线沿线景点

斗南花市

图片 1

斗南作为亚洲最大鲜切花交易市场,这里花香满溢,可挑鲜花、学养护,还能直接快递。逛累了有南瓜花肉酿等鲜花美食。海趣花都海洋世界能看白鲸海豚表演,斗南花卉展览馆可了解花市发展史,新开的“花里”口袋公园更是打卡休闲好去处!

交通指南:乘坐地铁4号线到金桂街(斗南花市)站B口出站,步行389米到达。

昆明地铁5号线沿线景点

翠湖公园

图片 1

昆明市中心的一颗璀璨明珠。四季如春的气候让这里的花卉常年不败。漫步在翠湖边,不仅可以欣赏到“十亩荷花鱼世界半城杨柳拂楼台”的美景,还能感受到昆明深厚的历史文化底蕴。

交通指南:乘坐地铁5号线,从华山西路站D口出,步行511米约7分钟到达。

云南铁路博物馆

图片 3

若想触摸云南铁路跳动的百年脉搏,感受那段热血激昂的发展历程,那云南铁路博物馆绝对是不二之选!它建在火车站上,由南、北两馆组成,外观是黄墙红顶,很有上世纪的复古韵味。馆内有保留完好的各类火车、蒸汽机车,是火车爱好者参观学习的首选之地。

交通指南:乘坐地铁5号线,从火车北站E口出,步行前往。

云南民族村

图片 3

这里汇聚的民族村寨各有特色,还有很多免费的民俗、工艺表演,可以观看表演,甚至参与其中,直观地了解多彩的民族文化。

交通指南:乘坐地铁5号线到渔户村A口出站,换乘24路或44路公交车到云南民族村下车。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်