၁၀ နှစ်ပြည့်၊ ၂၀၂၅ ခုနှစ် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲကို ပါဝင်ရန် အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍ နာမည်စာရင်းပေးသွင်း
2025-10-30 17:33|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၃၀ ရက်နေ့တွင် (၁၀) ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကူမင်းမာရသွန်အပြေးပြိုင်ပွဲကို တျန်းချီရေကန်ဘေးနား၌ စတင်ကျင်းပမည် ဖြစ်သည်။ လူအယောက်ပေါင်း ၂.၆ သောင်းသည် ဤပြိုင်ပွဲတွင် ပါဝင်မည် ဖြစ်ကာ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီမှ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီအထိ နာမည်စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ စိတ်ဝင်စားသော အပြေးသမားများသည် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုက် (www.sco-marathon.com) သို့မဟုတ် မာရမာရ(马拉马拉) App စသည်တို့ဖြင့် နာမည်စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။
SCO မှ အဆိုပြုသည့် ပထမဆုံး မာရသွန်အပြေးပြိုင်ပွဲ တစ်ခု အနေနှင့် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲကို ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ် ရွှေအမှတ်တံဆိပ်ပြိုင်ပွဲအဖြစ် အဆင့်မြှင့်တင်ခဲ့၍ မာရသွန်အပြေးပြိုင်ပွဲနှင့် ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲ ၂ မျိုးကို စီစဉ်ထားပြီး ပြိုင်ပွဲဝင် အရေအတွက်မှာ အသီးသီး ၁ သောင်းဦးနှင့် ၁.၆ သောင်းဦး ဖြစ်သည်။
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ရွှေအမှတ်တံဆိပ်ပြိုင်ပွဲကို ခံစားခြင်း
တရုတ်ပြေးခုန်ပစ်အဖွဲ့ချုပ်မှ "ကြေးတံဆိပ်ပြိုင်ပွဲ"မှ "ရွှေတံဆိပ်ပြိုင်ပွဲ"သို့အထိ၊ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ "ကြေးအမှတ်တံဆိပ်" "ငွေအမှတ်တံဆိပ်"နှင့် "အထက်တန်းစား"မှ လက်ရှိ "ရွှေအမှတ်တံဆိပ်ပြိုင်ပွဲ" သို့အထိ အသိအမှတ်ပြုခံရကာ SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲသည် ၁၀ နှစ်ကြာ တင်းခံခြင်းဖြင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲအရည်အသွေးကို ရရှိခဲ့သည်။ ဤအကြိမ်တွင် ကမ္ဘာ့အဆင့် စံနှုန်းများဖြင့် အပြေးသမားတိုင်းအတွက် အကောင်းဆုံးသော ပြိုင်ပွဲအတွေ့အကြုံပေးမည် ဖြစ်သည်။
ရွှေအမှတ်တံဆိပ် အသိအမှတ်ပြုခြင်းသည် ပြိုင်ပွဲ၏ အရည်အသွေးကို အသိအမှတ်ပြုသည် ဖြစ်ရုံသာမက ပြိုင်ပွဲဝင်တိုင်း၏ ဘေးကင်းလုံခြုံမှုနှင့် အတွေ့အကြုံများအတွက် ကတိကဝတ် တစ်ခုလည်း ဖြစ်သည်။ ဤတွင် ပြိုင်ပွဲဝင်များသည် ထိပ်တန်းအပြေးသမားများနှင့် အတူတူ ပြေးကြပြီး ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတစ်ခု၏ ညှို့နိုင်စွမ်းကို ခံစားကြမည် ဖြစ်သည်။
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး အလှဆုံးသော ပြေးလမ်းကို ရှုစားခြင်း
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲ၏ ပြေးလမ်းကို "ကုန်းပြင်မြင့် တောက်ပသောပုလဲ" ဟူသော တျန်းချီရေကန်ကို ဝိုင်းပတ်ပြီး အကွက်စေ့စေ့ ဒီဇိုင်းဆွဲထား၍ "တရုတ်နိုင်ငံ၏ အလှဆုံးသော ပြေးလမ်း" တစ်ခုအဖြစ် ချီးကျူးဂုဏ်ပြု၍ ၄င်း၏ စတင်ရာနေရာနှင့် ပန်းတိုင်သည် ယူနန်ဟိုင်ကေညီလာခံခန်းမ၌ တည်ရှိသည်။ ပြေးလမ်းတစ်လျှောက်တွင် ရေမျက်နှာပြင်သည် စိမ်းလန်းစိုပြေပြီး ကျယ်ပြောလှ၍ ခေါင်းနီစင်ရော်များနှင့် ပြည့်နှက်နေကာ ဝေးရာသို့ လှမ်းမျှော်ကြည့်လျှင် ရှီးဆန်းတောင်သည် လှပချောမောပြီး အနီးကပ်လျှင် စိုစွတ်မြေများနှင့် ပန်းပင်လယ်များကို ရှုစားနိုင်ကာ ခြေလှမ်းတိုင်း လျှောက်လျှင် သာယာလှပသော ရှုခင်းများရှိသည်။ စတင်ပြေးချိန်တွင် ထောင်ပေါင်းများစွာသော ခေါင်းနီစင်ရော်များသည် ကောင်းကင်ထဲတွင် ပျံဝဲကြ၍ အပြေးသမားများကို အားပေးကြမည် ဖြစ်သည်။
ပြေးလမ်းသည် ကူမင်း၏ သဘာဝဂေဟဗေဒနှင့် ခေတ်မီမြို့ပြရှုခင်းများကို ဖြတ်သန်းသွားပြီး "မြို့သည် တောတောင်ရေမြေများ အကြား တည်ရှိခြင်း၊ တောတောင်ရေမြေများသည် မြို့ထဲတွင် တည်ရှိခြင်း" ဟူသော နွေဦးမြို့၏ အခင်းအကျင်းကို ပြီးပြည့်စုံစွာ ဖော်ပြထားကာ အပြေးသမားများအား ပင်လယ်ရေမျက်နှာပြင်ထက် ပျမ်းမျှအမြင့် မီတာ ၁၉၀၀ ရှိသည့်နေရာတွင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်နိုင်စေပြီး ကုန်းပြင်မြင့်ပေါ်တွင် ပြေးခြင်း၏ ထူးခြားသော စိတ်လှုပ်ရှားမှုကို ခံစားနိုင်စေမည် ဖြစ်သည်။
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ယဉ်ကျေးမှုမျိုးစုံကို ခံစားခြင်း
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲသည် အားကစားယှဉ်ပြိုင်ရန် စင်မြင့်တစ်ခု ဖြစ်ရုံသာမက ယဉ်ကျေးမှု ဖလှယ်ရန် တံတားတစ်စင်းလည်း ဖြစ်သည်။ ဤပြိုင်ပွဲတွင် SCO အဖွဲ့ဝင်နိုင်ငံများနှင့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" တစ်လျှောက်ရှိ နိုင်ငံများမှ အပြေးသမားများကို စုစည်းပေးသောကြောင့် အပြေးသမားများသည် ကမ္ဘာတစ်ဝှမ်းမှ တခြားအပြေးသမားများနှင့် လက်ခုပ်တီးပြီး အတူတူပြေးသွား၍ ပြေးခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို ကမ်းလှမ်းပေးနိုင်ကြမည် ဖြစ်သည်။
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ယူနန့်အစားအစာများကို မြည်းစမ်းခြင်း
ကူမင်းမြို့၌ ပြေးသည့်အချိန်တွင် အရသာခံအာရုံကိုလည်း လျစ်လျူရှု မဖြစ်သင့်ပါနှင့်။ တံတားကူးမြီးရှည်၊ ပန်းကိတ်မုန့်နှင့် တောရိုင်းမှို စသည့် စစ်မှန်သော ယူနန့်အစားအစာများသည် အပြေးသမားများအား ယူနန်၏ မီးရှူးမီးပန်းများကို တွေ့ကြုံခံစားနိုင်စေပြီး ဤမြို့၏ စိတ်အားထက်သန်မှုနှင့် အားလုံးနေထိုင်နိုင်မှုကို နားလည်နိုင်စေမည် ဖြစ်သည်။
SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ၁၀ နှစ်ပြည့် ချိန်းဆိုပွဲတွင် အတူတူပါဝင်ခြင်း
၂၀၁၆ ခုနှစ်တွင် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲနှင့် နွေဦးမြို့တို့၏ ရိုမန်တစ်ဆန်သော ပုံပြင်ကို စတင်ခဲ့ကာ ၂၀၂၅ ခုနှစ်တွင် ဤပြိုင်ပွဲသည် ကမ္ဘာကြီးကို ချိတ်ဆက်ပေးပြီး ချစ်ကြည်ရင်းနှီးမှုကို ကမ်းလှမ်းပေးသည့် ခါးပတ်ကြိုးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ပထမဆုံး အကြိမ်မှ (၁၀) ကြိမ်မြောက်အထိ၊ ဤအကြိမ် SCO ကူမင်းမာရသွန်အပြေးပြိုင်ပွဲသည် ပိုမိုရင့်ကျက်သော အနေအထားဖြင့် အပြေးသမားတိုင်းကို "နွေဦးမြို့နှင့် ပန်းမြို့တော်" ဟူသော ကူမင်း၌ စုစည်းလာရန် ဤ "၁၀ နှစ်ပြည့် ချိန်းဆိုပွဲ"တွင် အတူတူပါဝင်ရန် ဖိတ်ခေါ်အပ်ပါမည် ဖြစ်သည်။
11月30日,第十届上合昆明马拉松将在滇池畔开跑。赛事规模为2.6万人,报名工作将于10月30日10时开启,报名截止时间为11月5日18时。感兴趣的跑者可通过上合昆明马拉松官网(www.sco-marathon.com)、马拉马拉App等进行报名。
作为上合组织发起的首个马拉松赛事,上合昆明马拉松今年升级为世界田联金标赛事,设置全程马拉松、半程马拉松两个组别,规模分别为10000人、16000人。
跑上合昆马,打卡金标赛事
从中国田协“铜牌赛事”到“金牌赛事”,从世界田联“铜标”“银标”“精英标牌”,直至如今荣膺“金标赛事”,上合昆马用十年坚持,成就国际级赛事品质。这一次,将以世界级标准,为每一位跑者打造绝佳参赛体验!
金标认证,不仅是对赛事品质的认可,更是对每一位参赛者安全与体验的承诺。在这里,参赛者将与顶尖跑者并肩驰骋,感受专业赛事的极致魅力!
跑上合昆马,邂逅绝美赛道
上合昆马的赛道围绕“高原明珠”滇池精心设计,被誉为“中国最美赛道”之一,起终点位于云南海埂会堂。赛道沿途碧波万顷、鸥鸟翔集,远望西山如黛,近赏湿地花海,每一步皆风景。起跑时刻,成千上万只红嘴鸥在空中盘旋,为跑者振翅助威。
赛道贯穿昆明的自然生态与现代都市,完美诠释“城在山水中,山水在城中”的春城格局,让跑者在平均1900米的海拔挑战自我,体验高原奔跑的独特快感。
跑上合昆马,感受多元文化
上合昆马不仅是体育竞技的舞台,更是文化交流的桥梁。赛事汇聚上合组织成员国及“一带一路”沿线国家的跑者,跑者可以与来自世界各地的跑友击掌同行,用奔跑传递友谊。
跑上合昆马,品尝滇味美食
奔跑在昆明,味蕾亦不可辜负。过桥米线、鲜花饼、野生菌……地道滇味美食将带跑者领略云南的烟火气息,读懂这座城市的热情与包容。
跑上合昆马,共赴十年之约
2016年,上合昆马与春城的浪漫故事开启;2025年,这场赛事已成为连接世界、传递友谊的纽带。
从首届到十届,本届上合昆马将以更成熟的姿态,诚邀每一位跑者相聚“春城花都”,共赴这场“十年之约”。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဆစ်ဆောင်ပန်းနား၌ စတင်ကျင်းပမည်
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ Collybia albuminosa ကို စတင်ရောင်းချ၍ တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိဖြစ်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် အရောင်းကောင်းစေ
- လာအိုနိုင်ငံမှ သရက်သီးများကို တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့
- ယူနန်ပြည်နယ်တွင် ပထမဆုံး ရောနှောတင်ဆောင်ရထားသည် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားခဲ့
- မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ












