အနှစ်တစ်ရာကျော်ရှိ ဂျင်းပိဥယျာဉ်သည် အသွင်အပြင်အသစ်ဖြင့် ပြန်လည်ဖွင့်လှစ်
2025-06-29 16:34|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ကူမင်းမြို့ရှိ ပထမဆုံးဥယျာဉ် အနေနှင့် ဂျင်းပိဥယျာဉ်၏ သမိုင်းသည် ၁၉၁၀ ခုနှစ်မှ စတင်ခဲ့သည်။ ယခုနှစ် မတ်လတွင် YCIH Green and Beautification Development Co., Ltd သည် ဝူဟွာရပ်ကွက်အစိုးရ နှင့်အတူ ဂျင်းပိဥယျာဉ်ကို အဆင့်မြှင့်တင်ပြီး ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်ခဲ့ကြသည်၊ "ဥယျာဉ်+" ပုံစံကို အဓိကထား၍ စတုရန်းမီတာ ၁.၃ သောင်း ကျယ်ဝန်းသော ဥယျာဉ်ကို စနစ်တကျ အသွင်အပြင် သစ်လွင်တင့်ဆန်းလာစေ၍ ဂေဟစနစ်၊ ယဉ်ကျေးမှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားလာရေးတို့ကို ရောနှောပေါင်းစပ်ပြီး ကူမင်းရှိ ပထမဆုံး ပြပွဲကဲ့သို့သော အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ နေထိုင်မှုဥယျာဉ်ကို ဖန်တီးခဲ့သည်။
ပြုပြင်ပြောင်းလဲရာတွင် စီမံကိန်းအဖွဲ့သည် သက်တမ်းနှစ် ၂၀ ကျော်သည့် သစ်ပင် ၁၀၀ ကျော်ကို အဓိကကာကွယ်ပေးပြီး Celtis tetrandra Roxb.၊ ပရုတ်ပင်၊ ပင်လုံးကြိုင် စသည့် အဓိကသစ်ပင်မျိုးစိတ်များကို ထိန်းသိမ်းထား၍ ပန်းနှင့် အပင် အမျိုးပေါင်း ၂၀၀ ကျော်ကို ဖြည့်စိုက်ပျိုးကာ "နွေဦးရာသီတွင် ချယ်ရီပန်းရှိပြီး ဆောင်းကူးရသီတွင် ပင်လုံးကြိုင်ပန်းရှိခြင်း၊ နွေရာသီတွင် သစ်ရိပ်ရှိပြီး ဆောင်းရာသီတွင် အစိမ်းရောင်ရှိခြင်း" ဟူသော ရာသီအလိုက် ရှုခင်းရှုကွက်များကို ဖန်တီးထားသည်။ Prefabricated building ၃ ဆောင်နှင့် ၄၇၅ စတုရန်းမီတာရှိသော ရင်ပြင် စသည့် အဆောက်အဦအသစ်များသည် Celtis tetrandra Roxb.၊ ချယ်ရီပင် စသည့် ရှေးဟောင်းသစ်ပင်များနှင့် အပြန်အလှန် ရောင်ပြန်ဟပ်၍ "ခြေလှမ်းတိုင်း မတူသော ရှုခင်းရှိခြင်း၊ ခြေလှမ်းရွှေ့လျှင် ရှုခင်းလဲ ပြောင်းလဲခြင်း"ကို အကောင်အထည်ဖော်သည်။ ပြုပြင်ပြောင်းလဲပြီးနောက် ဥယျာဉ်ထဲမှ အနားယူနေရာ၏ ဧရိယာသည် စတုရန်းမီတာ ၆၀၀ မှ ၄၉၁၇ စတုရန်းမီတာသို့ တိုးလာသည့်အပြင် သစ်ပင်ကို ဝိုင်းရံထားသော ထိုင်ခုံများနှင့် ရှုခင်းရှုကွက်များ စသည့် အဆောက်အဦများကိုလည်း သစ်လွင်စီစဉ်ထားသည်။
ကူမင်းရှိ ပထမဆုံး ပြပွဲကဲ့သို့သော အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ နေထိုင်မှုဥယျာဉ် အနေနှင့် ဂျင်းပိဥယျာဉ်သည် "အိမ်တွင်း + အပြင်ဘက်" ဟူသော ပြပွဲကဲ့သို့သော နေရာနှစ်ခုကို ဆန်းသစ်တီထွင် ဖန်တီးမည် ဖြစ်သည်။ ဥယျာဉ်သည် နန်ချန်လမ်း၊ ထွန်ဇေလမ်း စသည့် ရှေးဟောင်းလမ်းများနှင့် ချိတ်ဆက်၍ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ရန် အကောင်အထည်ဖော်မည် ဖြစ်ကာ စိုင်ယူဈေးကွက်၊ အနုပညာပြပွဲ၊ ကုန်စည်ပြပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပပြီး ဥယျာဉ်ကို "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး ရှိခြင်း" ပြသသည့် အသက်ဝင် ပြတင်းပေါက်ဖြစ်ရန် ဖန်တီးမည် ဖြစ်သည်။
作为昆明市首个公园,金碧公园的历史可追溯至1910年。今年3月,云南建投绿美发展有限公司携手五华区政府对金碧公园进行提升改造,以“公园+”模式为核心,对1.3万平方米园区进行系统性焕新,将生态、文化、商业、旅游多元融合,打造昆明首座策展型艺文生活公园。
改造中,项目团队将百余棵树龄逾20年的大树作为重点保护对象,保留滇朴、香樟、桂花等骨干树种,补植200余种花卉植物,打造“春樱秋桂、夏荫冬绿”的季相景观。3栋“白茶落英”装配式建筑、475平方米繁花广场等新建设施,与滇朴、樱花等古树相映成趣,实现“一步一景、移步换景”。改造后,公园休憩空间从600平方米增至4917平方米,同步新增树池座椅、景观小品等设施。
作为昆明首座策展型艺文生活公园,金碧公园将创新打造“室内+户外”双策展空间。公园将联动南强街、同仁街等历史街区,实现文化、旅游、商业的深度交融;举办“彩云市集”、艺术展览、商业策展等活动,将公园打造成为展示“有一种叫云南的生活”的生动窗口。(云南日报 记者龙舟)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့