ယူနန်ပြည်နယ် တာ့ကွမ်းခရိုင်တွင် Qiongzhuea tumidinoda လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေ
2025-06-28 16:04|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ကျောင်းထုံးမြို့ တာ့ကွမ်းခရိုင်သည် ယူနန်အရှေ့မြောက်ပိုင်းရှိ ဝူးမုံတောင်တန်းဒေသတွင် တည်ရှိ၍ ၎င်း၏ ထူးခြားသော ပထဝီဝင်ပတ်ဝန်းကျင်နှင့် ရာသီဥတုအခြေအနေများသည် Qiongzhuea tumidinoda အတွက် ကျေနပ်ဖွယ်ရာကောင်းသော ရှင်သန်ကြီးထွားမှု ပတ်ဝန်းကျင်ကို ပေး၍ ၄င်းကို "တရုတ်ပြည်ရှိ Qiongzhuea tumidinoda ၏ မွေးရပ်မြေ" ဟု ချီးကျူးခံရသည်။
ယခုနှစ်များတွင် တာ့ကွမ်းခရိုင်သည် ၄င်း၏ အရင်းအမြစ် အားသာချက်များအပေါ် ရပ်တည်၍ သိပ္ပံပညာအကယ်သမီအသင်းနှင့် ပူးပေါင်းဆောင်ရွက်အောင် အားဖြည့်ပေး၍ Qiongzhuea tumidinoda ပျိုးပင်ပျိုးထောင်ခြင်း၊ ဝါးတောများ စီမံခန့်ခွဲမှုနှင့် ကာကွယ်စောင့်ရှောက်မှု၊ ထွက်ကုန်အရေအတွက် နိမ့်ကျသော ဝါးတောများ မြှင့်တင်ပေးခြင်း စသည့်နယ်ပယ်များမှ နည်းပညာလေ့ကျင့်ပျိုးထောင်ပေးရန် ဆောင်ရွက်ခြင်းအားဖြင့် Qiongzhuea tumidinoda ၏ စုစုပေါင်းဧရိယာကို ၂၀၁၈ ခုနှစ်တွင် အမို ၂၀ သောင်းခန့်မှ လက်ရှိတွင် ၁၀၂ သောင်းသို့ တိုးလာစေခဲ့သည်။ တာ့ကွမ်းခရိုင်သည် "ယူနန်တာ့ကွမ်း Qiongzhuea tumidinoda လုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် စံပြဥယျာဉ်ခြံမြေ" ကို တည်ဆောက်ရန် ရင်းနှီးမြုပ်နှံပေးခဲ့၍ ဝါးမျှစ်များ အချောကိုင်လုပ်ငန်းကုမ္ပဏီ အခု ၂၀၊ ဝါးနှင့်ပတ်သက်သော စုပေါင်းစီးပွားရေးအဖွဲ့အစည်း ၂၃ ခု၊ မိသားစု လယ်ယာစိုက်ကွင်းနှင့် တောင်သူလယ်သမားများ သီးခြားသမဝါယမ ၈၂ ခုတို့ကို ပြုစုပျိုးထောင်ပြီး ဖွံ့ဖြိုးတိုးတက်စေခဲ့၍ Qiongzhuea tumidinoda လုပ်ငန်းသည် အတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို ပေါ်လွင်လာပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရွေ့စွမ်းအင်အသစ်များကို ပေးဆောင်ခဲ့ပြီ ဖြစ်သည်။
Qiongzhuea tumidinoda သည် အလတ်စားနှင့် အသေးစား ရောနှောနေထိုင်သည့် ဝါးမျိုးတစ်မျိုး ဖြစ်သည်။ ၎င်း၏ ဝါးမျှစ်များသည် အရသာ ချိုမြပြီး နုနုဆိမ့်ဆိမ့်ဖြစ်၍ အာဟာရ ပေါများကြွယ်ဝ၍ ကိုယ်အနေအထား သာယာလှပပြီး ဝါးဆစ်များ ဖောင်းပွပြီး ပိုမိုမြင့်မားသည့် ကြည့်ရှုမှုတန်ဖိုးကို ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း














