ယူနန်ပြည်နယ် မွန်ဇီမြို့တွင် "အတူစံစားကြသော စပျစ်ပင်"ကို လက်ခံမွေးစား
2025-06-27 11:41|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ယူနန်ပြည်နယ် မွန်ဇီမြို့ရှိ စပျစ်ခြံတစ်ခြံသည် စပျစ်ပင်များ လက်ခံမွေးစားခြင်း ပုံစံအသစ်ကို တင်ပြ၍ ကျေးလက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှင်သန်သော စွမ်းအားအသစ်ကို ထည့်သွင်းခဲ့သည်။
ဟာတယ်ရွှင့်စပျစ်ခြံတွင် အမို ၁၀၀ ကျယ်ဝန်းသော "Queen Nina" စပျစ်သီးများသည် သစ်ကိုင်းသစ်ခက်အပြည့်အဝပေါ်တွင် ချိတ်ဆွဲနေပါသည်။ စပျစ်ခြံပိုင်ရှင်၏ မိတ်ဆက်ခြင်းအရ စားသုံးသူများသည် စပျစ်ခြံထဲမှ စပျစ်ပင်များကို လက်ခံမွေးစားရန် အွန်လိုင်း ရွေးချယ်နိုင်၍ စပျစ်ပင်များ၏ ကြီးထွားမှုဖြစ်စဉ်တွင် ဝန်ထမ်းများသည် လက်ခံမွေးစားသူများသို့ ဓာတ်ပုံများနှင့် ဗီဒီယိုများကို အချိန်သတ် ပို့ပေးသွားမည် ဖြစ်ကာ စပျစ်သီးများ ရင့်မှည့်ပြီးနောက် စပျစ်ခြံသည် ဤစပျစ်သီးများကို ၄င်းတို့၏ အိမ်သို့ အမြန်ချောပို့ ပို့ဆောင်ပေးမည် ဖြစ်၍ လက်ခံမွေးစားသည့် စပျစ်ပင်များသည် မူမမှန်သောအခြေအနေများ ရှိပါက စပျစ်ခြံသည် ထွက်ကုန်အရေအတွက်ကို အခမဲ့ ပြည့်အောင်ဖြည့်ပေးမည် ဖြစ်ကြောင်း သိရှိရခဲ့ပါသည်။ လက်ခံမွေးစားသူများသည်လည်း ဝန်ထမ်းများ၏ လမ်းညွှန်မှုအောက်တွင် မြေသြဇာကျွေးခြင်း၊ ပေါင်းသင်ခြင်း၊ သစ်ကိုင်းသစ်ခက်ညှပ်ခြင်း၊ ရေလောင်းခြင်း စသည့် မေွးစွားရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ရန် စပျစ်ခြံသို့သွားနိုင်၍ လယ်တောရှိ ပျော်ရွှင်ဖွယ်ရာများကို တွေ့ကြုံခံစားနိုင်သည်။ လက်ရှိတွင် နိုင်ငံတစ်ခုလုံးမှ ခရီးသည် ၄၀၀ ကျော်သည် စပျစ်ပင် အပင် ၁၀၀၀ ကျော်ကို လက်ခံမွေးစားခဲ့သည် ရှိပါပြီ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့




















