ယူနန်ပြည်နယ် တောရိုင်းမှိုစားရာသီသို့ ရောက်ရှိပြီး "တောရိုင်းမှိုထမင်းစားပွဲ"သည် အံ့သြစေ
2025-06-26 17:58|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မိုးရာသီ ရောက်ရှိလာသည် နှင့်အမျှ ယူနန်ပြည်နယ်သည် သီးသန့်သော တောရိုင်းမှိုစားရာသီသို့ ဝင်ရောက်နေပြီ ဖြစ်၍ မိုးတစိမ့်စိမ့်နှင့် မပြတ်မစဲ ရွာသောကြောင့် ထွက်ရှိလာသော တောရိုင်းမှိုအမျိုးမျိုးကို လူများ၏ စားပွဲပေါ်တွင် ယူဆောင်ထားပါသည်။ ဖူအော်မြို့ လန်ချန်းခရိုင်တွင် လူများသည် ပြုတ်ခြင်း၊ ကြော်ခြင်း၊ ထောင်းခြင်း၊ ကြော်ချက်ခြင်း စသည့် နည်းလမ်းများဖြင့် တောရိုင်းမှိုအမျိုးမျိုးကို "တောရိုင်းမှိုထမင်းစားပွဲ"အဖြစ် ချက်ပြုတ်၍ Russula vinosa နှင့် ကြက်သားပြုတ်၊ Suillellus luridus ကြော်၊ Thelephora ganbajun Zang နှင့် ထမင်းကြော် စသည့် တောရိုင်းမှိုအစားအစာ ဆယ်မျိုးကျော်သည် အရသာကောင်းပြီး သွားရည်တမြားမြား ယိုကျမလောက်ဖြစ်နေရသည်။ ယူနန်ပြည်နယ်တွင် တောရိုင်းမှိုမျိုးစိတ်ပေါင်း ၂၇၅၃ မျိုး အနည်းဆုံးရှိပြီး ၎င်းတို့အနက် စားသုံးနိုင်သည့် တောရိုင်းမှိုမျိုးစိတ် ၉၀၀ ကျော် ရှိ၍ ယူနန်ကို "တောရှိုင်းမှို ပေါကြွယ်ဝသော ဘုရင့်နိုင်ငံ"ဟု ချီးကျူးလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ












