ဖူအော်မြို့တွင် Black Crested Gibbon ၏ လှုပ်ရှားမှုဓာတ်ပုံများကို ပထမဦးဆုံး ရိုက်ကူးရရှိခဲ့
2025-05-27 09:35|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ဓာတ်ပုံဝါသနာရှင်သည် ဖူအော်မြို့ ကျင်တုံး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ရှိ ယူနန် အိုင်လောင်တောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ကျင်တုံးဧရိယာအပိုင်းတွင် ၁၃ ရက်ကြာ စောင့်စိုင်းခဲ့၍ Black Crested Gibbon ၏ ထင်ရှားပြတ်သားသော လှုပ်ရှားမှုဓာတ်ပုံများကို အနီးကပ် ရိုက်ကူးရရှိခဲ့ပါသည်။ ၄င်းသည် ဖူအော်မြို့အတွင်း ဤမျိုးစိတ်၏ ထင်ရှားပြတ်သားသော မြင်ကွင်းကို ရိုက်ကူးရခဲ့တာ ဖြစ်ကာ Black Crested Gibbon ၏ ထိန်းသိမ်းရေးနှင့် သုတေသနပြုခြင်းအတွက် အဖိုးတန် အချက်အလက်များကို တောက်ပံ့ပေးသည် ဖြစ်သည်။
Black Crested Gibbon သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် အလေးပေး ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်များစာရင်းထဲမှ ပြင်းထန်စွာ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်လည်း ဖြစ်ကာ ကမ္ဘာပေါ်တွင် စုစုပေါင်းအရေအတွက် အကောင် ၁၅၀၀ ခန့်ရှိပြီး အများစုသည် ယူနန်ပြည်နယ်ရှိ ဝူလျန့်တောင်နှင့် အိုင်လောင်တောင်တို့တွင် ဖြန့်ဖြူးထား၍ ၄င်း၏ ရှားပါးမှုသည် ပန်ဒါကြီးများနှင့် နှိုင်းယှဉ်နိုင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့






