ဖူအော်မြို့တွင် Black Crested Gibbon ၏ လှုပ်ရှားမှုဓာတ်ပုံများကို ပထမဦးဆုံး ရိုက်ကူးရရှိခဲ့
2025-05-27 09:35|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ဓာတ်ပုံဝါသနာရှင်သည် ဖူအော်မြို့ ကျင်တုံး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ရှိ ယူနန် အိုင်လောင်တောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ကျင်တုံးဧရိယာအပိုင်းတွင် ၁၃ ရက်ကြာ စောင့်စိုင်းခဲ့၍ Black Crested Gibbon ၏ ထင်ရှားပြတ်သားသော လှုပ်ရှားမှုဓာတ်ပုံများကို အနီးကပ် ရိုက်ကူးရရှိခဲ့ပါသည်။ ၄င်းသည် ဖူအော်မြို့အတွင်း ဤမျိုးစိတ်၏ ထင်ရှားပြတ်သားသော မြင်ကွင်းကို ရိုက်ကူးရခဲ့တာ ဖြစ်ကာ Black Crested Gibbon ၏ ထိန်းသိမ်းရေးနှင့် သုတေသနပြုခြင်းအတွက် အဖိုးတန် အချက်အလက်များကို တောက်ပံ့ပေးသည် ဖြစ်သည်။
Black Crested Gibbon သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် အလေးပေး ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)မှ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်များစာရင်းထဲမှ ပြင်းထန်စွာ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်လည်း ဖြစ်ကာ ကမ္ဘာပေါ်တွင် စုစုပေါင်းအရေအတွက် အကောင် ၁၅၀၀ ခန့်ရှိပြီး အများစုသည် ယူနန်ပြည်နယ်ရှိ ဝူလျန့်တောင်နှင့် အိုင်လောင်တောင်တို့တွင် ဖြန့်ဖြူးထား၍ ၄င်း၏ ရှားပါးမှုသည် ပန်ဒါကြီးများနှင့် နှိုင်းယှဉ်နိုင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






