ဝေါ့လုံရှေးဟောင်းတံငါရွာကို ခရီးသွားလမ်းညွှန်ပေးပါ
2025-05-21 17:48|
User မောင်မောင်၏မေးခွန်း။ ။ မင်္ဂလာပါ။ ကျွန်တော်နဲ့ သူငယ်ချင်းတို့က စနေတနင်္ဂနွေနေ့မှာ ဝေါ့လုံရှေးဟောင်းတံငါရွာကို လည်ပတ်သွားချင်ပါတယ်။ ခရီးသွားလမ်းညွှန်ပေးလို့ ရပါသလား။
အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ။ ဝေါ့လုံရှေးဟောင်းတံငါရွာက ကူမင်းမြို့ ချမ်ကုမ်ရပ်ကွက်ရှိ ဟွမ်ဟူအရှေ့ပိုင်းလမ်းမှာ တည်ရှိပြီး "တောင်တန်းကို ကျောခိုင်း၊ ရေကန်ကို မျက်နှာမူ၊ ရေဝန်းရံခံ"တဲ့ လှပတဲ့ ကျေးရွာတစ်ခု ဖြစ်တယ်၊ အခုအထိ နှစ်ပေါင်း ၆၀၀ ကျော်တဲ့ သမိုင်း ရှိနေပါပြီ။ ဒီရွာရဲ့ ဖွင့်လှစ်ချိန်ဟာ နေ့စဉ် ၁၀ နာရီက ၁၉ နာရီအထိ ဖြစ်ပြီး ရွာထဲကို ဝင်ရောက်ဖို့ "ဝေါ့လုံရှေးဟောင်းတံငါရွာ" တရားဝင် ဝီချက်အကောင့် ကတဆင့် အခမဲ့ ကြိုတင်ချိန်းထား နိုင်ပါတယ်။ "ဝေါ့လုံရှေးဟောင်းတံငါရွာ"ကို လမ်းကြောင်းပြခြင်းဖြင့် ကားမောင်းသွားနိုင်ပါတယ်၊ မြေအောက်ရထားလိုင်း အမှတ် ၁ ဖြင့် ရှန်ဖုန်းလမ်းဘူတာ A အပေါက်မှာ ဆင်းပြီးတော့ ၁ ကီလိုမီတာခန့် အကွာအဝေး ခြေလျင်လျှောက်ခြင်း ဒါမှမဟုတ် အီလက်ထရိုမော်တော်ဆိုင်ကယ်စီးခြင်းဖြင့်လဲ ရောက်နိုင်ပါတယ်။ ရှေးဟောင်းတံငါရွာမှာ သွားလာသူ (ဒူးလင်လမ်းနဲ့ ဟွမ်ဟူလမ်းဆုံနေရာ) နဲ့ မော်တော်ယာဉ်ဝင်း (လျံတာ့လမ်းနဲ့ ဟွမ်ဟူလမ်းဆုံနေရာ) တို့၏ ဝင်/ထွက်ပေါက် နှစ်ခုကို စီစဉ်ထားပါတယ်။ လည်ပတ်ကြည့်ရှုပြီးတာ့ အချိန်စောနေသေးရင် စိုစွတ်မြေရှုခင်းတွေ ကြည့်ရှုဖို့ ဘေးနားက လောင်ယိုဟယ်စိုစွတ်မြေဥယျာဉ်နဲ့ ဟိုင်ယန့်ရွာတို့ကိုလဲ သွားနိုင်ပါတယ်။ လေဒဏ်နဲ့ နေပူဒဏ် မရအောင် ကာကွယ်ပေးလို့ ဂရုပြုပါ၊ ခရီးစဉ် ပျော်ရွှင်ပါစေ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို






