ကူမင်းရှိ ခြောက်လပန်း ပင်လယ်ကြီး

2025-05-19 17:44|ရောင်စုံတိမ်တံတား

QQ20250519-172848

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ထင်ရာစိုင်း ကြီးပင်းလာသည့် အပင်များသည် လူများအား တက်ကြွတောက်ပသော မျှော်လင့်ချက် တစ်မျိုးကို အမြဲပေးလျက်ရှိသည်။

QQ20250519-172906

မေလတွင် လောင်ယူမြစ်စိုစွတ်မြေဥယျာဉ်၌ ခြောက်လပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပါသည်။ ပန်းပင်လယ်ကြီးသည် တိမ်များကဲ့သို့ ထွန်းလင်းတောက်ပနေကာ ဓာတ်ပုံရိုက်ရန် အလွန်လှပ ရုံသာမက လူများ၏ နှလုံးသားကိုလည်း အတိုင်းထက်အလွန် ပျောက်ကင်းအောင် သက်သာစေနိုင်ကာ လုပ်ငန်းခွင်များရှိ အလုပ်သမားများကို အမှန်တကယ် စိတ်လှုပ်ရှားစေပါသည်။

QQ20250519-172920

ရာသီမှန် အချိန်ကောင်းယူ၍ တျန်းချီရေကန် အရှေ့ဘက်ကမ်းသို့ Endless Summer (ခြောက်လပန်းတစ်မျိုး)များနှင့် ချိန်းဆိုရန်၊ ပန်းပွင့်အစုအဝေးများကို ကြည့်ရန်၊ အရောင်ထူးထပ်များပြားသော နေရာတစ်ခုကို ရှာဖွေရန် အဘယ်ကြောင့် မလာသနည်း။

QQ20250519-172931

မေလ ဒုတိယဆယ်ရက်ပတ်တွင် တျန်းချီရေကန်ဘေးရှိ လောင်ယူမြစ် အမျိုးသား စိုစွတ်မြေဥယျာဉ်သည် ခြောက်လပန်းပင်လယ်ကြီးမှ စီးဆင်းနေသော ဆီဆေးပန်းချီကားတစ်ချပ်အဖြစ် အရောင်စုံလင်စွာ ပြောင်းလဲနေပါသည်။ 

QQ20250519-172950

ခြောက်လပန်း အပင်ပေါင်း ၁.၈ သောင်းသည် ပန်းရောင်၊ အပြာရောင်၊ အဖြူရောင်နှင့် အဝါရောင် စသည့် အရောင်များဖြင့် ပန်းမျိုးစုံစွာ ရွှန်းတင့်ဝေဆာသော နွေရာသီအစပိုင်း၏ အစပျိုးခြင်းကို ထုတ်ယူဆင်ခြင်နေပါသည်။

QQ20250519-173007

ပန်းကြည့်ရန် အကြံပြုချက်များ

ခြောက်လပန်းသည် ပါးရှန်းပန်း(Ba Xian)လည်း ဟုခေါ်ပါသည်၊ ၄င်း၏ ပန်းပွင့်သည် ကြီးမားပြီး အရောင်သည် ပေါများကြွယ်ဝ၍ နွေရာသီထဲမှ ပန်းတစ်မျိုးဖြစ်ပြီး "မျှော်လင့်ချက်နှင့် ပြန်လည်ဆုံဆည်းခြင်း" ကို ကိုယ်စားပြုပါသည်။

တူညီသော ခြောက်လပန်းပင် တစ်ပင်သည် အပြာရောင်နှင့် ပန်းရောင် ပန်းပွင့်များကို ပွင့်ဖူးနိုင်ပါသည်။ အမျိုးအစား၏ ထိခိုက်မှုအပြင် မြေဆီလွှာ၏ အက်ဆစ်ဓာတ်နှင့် ဘေ့စ်ဓာတ် (အက်ဆစ်ဓာတ်ဖြစ်လျှင် အပြာရောင်ပြခြင်း/ ဘေ့စ်ဓာတ်ဖြစ်လျှင် ပန်းရောင်ပြခြင်း)တို့သည်လည်း ၄င်း၏ ပန်းပွင့်အရောင်မတူသော အကြောင်းရင် ဖြစ်ပါသည်။

ခြောက်လပန်းသည် တစ်လကြာမှ နှစ်လကြာ အထိ ဆက်လက်ပွင့်ဖူးနိုင်၍ မေလမှ ဇွန်လ ဒုတိယဆယ်ရက်ပတ်အထိ ဆက်လက် ပွင့်ဖူးလျက်ရှိသည်။ ဤအချိန်သည် ခြောက်လပန်း ရှုစားရန် အချိန်ကောင်းဖြစ် သောကြောင့် ပန်းများကို လွယ်ကူစွာ ကြည့်ရှုနိုင်ပါသည်။ မြန်မြန်လာကြည့်ပါ။

QQ20250519-173022

ခြောက်လပန်းပင်လယ် ရိုက်ကူးရန် နည်းများ

ရိုက်၍ကောင်းစေသည့် အဝတ်အစားနည်း

ရောင်ဖျော့ဖျော့စကတ်ရှည်နှင့် ကောက်ရိုးဦးထုပ်ကို ဝင်ဆင်ထားခြင်းဖြင့် ဓာတ်ပုံကောင်းကို အမြဲရရှိနိုင်မည် ဖြစ်သည်။ အဖြူရောင်ဝတ်စုံနှင့် အပြာ ခရမ်းရောင်ပန်းပွင့်များနှင့် အပြန်အလှန် တန်ဆာဆင်ထားပြီး အံ့မခန်းဖြစ်စေသည်၊ ဟန်ဖူ (ဟန်လူမျိုးရိုးရာဝတ်စုံ) သို့မဟုတ် ပြင်သစ်ပန်းပွင့်ဝတ်စုံများလည်း ဝတ်ဆင်လျှင် မတူညီသော စတိုင်ကို ဖော်ပြနိုင်ပါသည်။

QQ20250519-173037

ဓာတ်ပုံရိုက်ရန် အကောင်းဆုံးအချိန် အကြံပြုခြင်း

လောင်ယူမြစ် စိုစွတ်မြေ ဥယျာဉ်၏ ဖွင့်လှစ်ချိန်သည် နံနက် ၈ နာရီခွဲ ဖြစ်ပါသည်၊ စောစောသွားလျှင် နှင်းပေါက်များသည် ပန်းပွင့်များအပေါ် အလင်းယိုင်နေပြီး နိမ့်သော အနေအထားကနေ ဦးမော့ပြီး ရိုက်ကူးလျှင် မင်းသည် မြူခိုးများထဲကနေ လျှောက်လာသည့် ပန်းနတ်သမီး ဖြစ်ပါသည်။

ညနေခင်းတွင် ကျနေသည် ပန်းပင်လယ်အတွက် ရွှေနားကွပ် တင်ပေးပြီး ဖျော့တော့တော့အလင်းရောင်သည် ပန်းပင်လယ် တစ်ခုလုံးတွင် ပြန့်ကျဲနေကာ ရုပ်ရှင်ထဲ နေသည့် ခံစားချက် အပြည့်ရှိစေသည်။

QQ20250519-173119

ကင်မရာဝှက်ထားရာနေရာ အကြံပြုခြင်း

စိတ်ဝင်စားစရာကောင်းသော ရိုက်ကူးသည့် မြင်ထောင့်များကို ရှာဖွေခြင်း

ပန်းများကြား လမ်းကျဉ်းလမ်းမြှောင် ။ ။ ပန်းရောင် ခြောက်လပန်းများအကြားတွင် ဆောင့်ကြောင့်ထိုင်ပြီး ထောင့်ကျယ်သော မှန်ဘီလူးဖြင့် အပေါ်ဘက်သို့ ရိုက်ကူး၍ "Alice's Adventures in Wonderland" ထဲသို့ ချက်ချင်း ကျသွားသကဲ့သို့ ဖြစ်ပါသည်။

QQ20250519-173106

လည်ပတ်ကြည့်ရှုရန် လမ်းညွှန်များ

ဥယျာဉ်ဖွင့်ချိန်

လောင်ယူမြစ် စိုစွတ်မြေဥယျာဉ်သည် ချမ်ကုမ်ရပ်ကွက်ရှိ ဟွန်ဟူတုံးလမ်းနှင့် ချီးရှင်းလမ်းတို့၏ လမ်းဆုံတွင် တည်ရှိပြီး ၈နာရီခွဲမှ ၁၉ နာရီအထိ ဖွင့်လှစ်ပါသည်။

ကျေးဇူးပြုပြီး သတိပြုပါ၊ လောင်ယူမြစ် စိုစွတ်မြေဥယျာဉ်သည် အခမဲ့ ရှုခင်းသာနေရာတစ်ခု ဖြစ်သော်လည်း ခြောက်လပန်းဥယျာဉ်ထဲသို့ ဝင်ရောက်လျှင် အဝင်လက်မှတ် ဝယ်ရန် လိုအပ်ပါသည်။ အားလုံးသည် ကိုယ့်ဆန္ဒအလိုက် ရှုခင်းသာနေရာသို့ လက်မှတ်ဝယ်နိုင်သည် သို့မဟုတ် Douyin စသည့် ပလပ်ဖောင်းများတွင် "လောင်ယူမြစ် စိုစွတ်မြေဥယျာဉ်"ကို ရှာဖွေပြီးနောက် အွန်လိုင်း လက်မှတ်ဝယ်နိုင်ပါသည်။

QQ20250519-172848

肆意生长的植物,总是给人一种积极明媚的希望。

QQ20250519-172906

5月的捞渔河湿地公园,是绣球花的主场。大片的花海灿若云朵,不仅超级出片,还格外治愈人心,勾得工位上的打工人,狠狠心动!

QQ20250519-172920

趁着时节正好,不如来滇池东岸赴一场“无尽夏”之约,看一眼花团锦簇,寻一处花色正浓。

QQ20250519-172931

五月中旬,滇池畔的捞渔河国家湿地公园正被绣球花海染成一片流动的油画。

QQ20250519-172950

18000株绣球花,以粉、蓝、白、黄等色彩,演绎着花团锦簇的初夏序章。

QQ20250519-173007

赏花小知识

绣球花又叫八仙花,花朵硕大、颜色丰富,是典型的夏季花卉,寓意“希望与重逢”。

同一株绣球可能开出蓝、粉双色花!除品种的影响外,其花色的秘密还在于土壤酸碱度(酸性蓝/碱性粉)。

绣球花单朵花期长达1—2个月,5月至6月中旬持续盛放!此时正是赏绣球的好时节,可以轻松追花,冲冲冲!

QQ20250519-173022

“绣球花海”出片技巧

超出片穿搭教程

浅色长裙+草编帽=万能公式!白色连衣裙与蓝紫色花丛撞色惊艳,汉服或法式碎花裙也能解锁不同风格。

QQ20250519-173037

拍摄黄金时间推荐

捞渔河湿地公园的开园时间为8:30,赶早去的话,露珠在花瓣上折射微光,低机位仰拍,你就是踏雾而来的花仙子。

傍晚,夕阳将花海镀上金边,柔光洒满花海,电影感拉满。

QQ20250519-173119

隐藏机位推荐~解锁趣味拍摄角视角

花间小径:蹲坐于粉色绣球丛中,用广角镜头向上拍摄,瞬间坠入“爱丽丝梦游仙境”。

QQ20250519-173106

打卡游玩攻略

开园时间

捞渔河湿地公园位于呈贡区环湖东路与七星路交叉口,开放时间为8:30-19:00。

请注意啦~捞渔河湿地公园是免费景点,但绣球花园需要购买门票进入~大家可自行前往景区or或通过抖音等平台搜索“捞渔河湿地公园”在线购票!

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်