ပထမဆုံးအသုတ် မျှဝေထားသော မောင်းသူမဲ့လေယာဉ်ဗီရိုများသည် ကူမင်း တုံးချွမ်း၌ ပေါ်ပေါက်လာခဲ့

2025-04-28 15:37|ရောင်စုံတိမ်တံတား

202504170b7c7a637f524088867d2a7cbfea54c6_20250417c9eda0d7b259474e986d49a58e1ae02c

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မကြာသေးမီက ကူမင်းမြို့ တုံးချွမ်းရပ်ကွက်သည် မျှဝေထားသော မောင်းသူမဲ့လေယာဉ်ဗီရိုများ ရှေ့ပြေးစမ်းသပ် ဖြန့်ဖြူးမှုလုပ်ငန်းကို ပြီးမြောက်စွာ ဆောင်ရွက်ခဲ့ကာ ကူမင်းမြို့ရှိ ပထမဆုံးအသုတ် မျှဝေထားသော မောင်းသူမဲ့လေယာဉ်ဗီရိုများကို Dongchuan Tour Leader Outdoor Sports Tourism Distribution Center နှင့် မြေနီရှုခင်းသာနေရာတို့တွင် ပေါ်ပေါက်လာစေခဲ့ပါသည်။ ဤဆန်းသစ်တီထွင်မှုသည် ခရီးသည်များအတွက် လည်ပတ်ကြည့်ရှုမှု အတွေ့အကြုံသစ်ကို ယူဆောင်လာပေး ရုံသာမက ရှုခင်းသာနေရာ၏ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဝင်အားအသစ်များကိုလည်း ထည့်သွင်းပေးပါသည်။

ဤအကြိမ်တွင် ဖြန့်ဖြူးသည့် မျှဝေထားသော မောင်းသူမဲ့လေယာဉ်ဗီရိုများသည် ခရီးသည်များအား တုံးချွမ်းမြေနီ၏ ကြီးကျယ်ခမ်းနားသော ရှုခင်းများကို ကြည့်ရှုရန် ရှုထောင့်အသစ် တစ်ခု ပေးပါသည်။ ပိုများသော ခရီးသည်များသည် မျှဝေထားသော မောင်းသူမဲ့လေယာဉ်များဖြင့် လေကြောင်းထဲမှ မြေနီ၏ ရောင်စုံရွှန်းတင့်ခြင်းကို ငို့ကြည့်နိုင်ကြပါသည်။ ဤမျှဝေထားသော မောင်းသူမဲ့လေယာဉ်များသည် လည်ပတ်ရန် လွယ်ကူပြီး ၎င်းတို့ကို ငှားရန် မောင်းသူမဲ့လေယာဉ်ဗီရိုပေါ်ရှိ QR ကုဒ်ကို စကင်န်ဖတ်သာ ရသည် ဖြစ်ကာ မောင်းသူမဲ့လေယာဉ် လည်ပတ်မှုဆိုင်ရာ အတွေ့အကြုံမရှိသော ခရီးသည်များသည်လည်း အချိန်တိုအတွင်း ဆောင်ရွက်နိုင်ကြပါသည်။ ဓာတ်ပုံဝါသနာရှင်များ အတွက် မျှဝေထားသော မောင်းသူမဲ့လေယာဉ်များဖြင့် ပိုမိုကွဲပြားပြီး ဆန်းသစ်တီထွင်မှုရှိသော လက်ရာများကို ရိုက်ကူးနိုင်ကြ၍ မြေနီ၏ အလှကို ပုံစံသစ်ဖြင့် လူအများအား ပြသပေးနိုင်ကြပါသည်။

202504170b7c7a637f524088867d2a7cbfea54c6_2025041746d609f998194ff4a978da53cbc59631

ယခင်က ရှုခင်းသာနေရာများမှာ ခရီးသည်များ ခွင့်ပြုချက်မရှိဘဲ မောင်းသူမဲ့လေယာဉ်များ ကိုယ်တိုင်ပျံသန်းသည့် လုံခြုံရေးရန်ငုပ်များကို မကြာခဏ ရင်ဆိုင်ခဲ့ကာ ယခုအချိန်တွင် မျှဝေထားသော မောင်းသူမဲ့လေယာဉ်ဗီရိုများ၏ စံမှီစီမံခန့်ခွဲမှု မှတစ်ဆင့် ရှုခင်းသာနေရာများသည် မောင်းသူမဲ့လေယာဉ်များ၏ ပျံသန်းမှုကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ခရီးသည်များ၏ လုံခြုံရေးနှင့် ရှုခင်းသာနေရာများ၏ အစီအစဉ်ကို အကာအကွယ်ပေးနိုင်ပါသည်။ ထို့ပြင်၊ ရှုခင်းသာနေရာများသည်လည်း မောင်းသူမဲ့လေယာဉ်များဖြင့် ခရီးသည်များ၏ ပြန့်နှံ့ခြင်း၊ လူကြိုက်များသော နေရာများ၏ ရိုက်ကူးမှုအကြိမ်ရေ စသည့် ဒေတာများကို စုဆောင်းနိုင်၍ ရှုခင်းသာနေရာများ၏ အစီအစဉ်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသော အခြေခံကို ပံ့ပိုးပေးနိုင်ပါသည်။

အနာဂတ်တွင် တုံးချွမ်းရပ်ကွက်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနသည် မျှဝေထားသော မောင်းသူမဲ့လေယာဉ်ဗီရိုများ၏ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများကို တစ်ဆင့်တိုး၍ ပြည့်စုံကောင်းမွန်စေမည် ဖြစ်ပြီး အသုံးပြုမှုအစီအစဉ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ပြီး ခရီးသည်များ၏ အတွေ့အကြုံကို မြှင့်တင်သွားမည် ဖြစ်ကာ ဤဆန်းသစ်တီထွင်မှုဖြင့် ပိုများသော ခရီးသည်များကို တုံးချွမ်းရပ်ကွက်သို့ လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်၍ ဒေသခံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည် ဖြစ်သည်။

202504170b7c7a637f524088867d2a7cbfea54c6_20250417c9eda0d7b259474e986d49a58e1ae02c

近日,昆明东川完成共享无人机柜试点投放工作,昆明市首批共享无人机柜亮相东川领队户外运动旅游集散中心和红土地景区。这一创新举措,不仅为游客带来全新的游览体验,也为景区的管理和发展注入新活力。

此次投放的共享无人机柜,为游客欣赏东川红土地的壮美景色提供了全新视角。更多游客可以通过共享无人机从空中俯瞰,将红土地的五彩斑斓尽收眼底。这些共享无人机操作简单,只需在无人机柜上扫码租赁即可,即使是没有无人机操作经验的游客,也能在短时间内上手。对于摄影爱好者而言,有了共享无人机,摄影师们能够拍摄到更多元、更具创意的作品,将红土地的美丽以全新的方式展现给大众。

202504170b7c7a637f524088867d2a7cbfea54c6_2025041746d609f998194ff4a978da53cbc59631

过去,景区时常面临游客私自放飞无人机带来的安全隐患,如今,通过共享无人机柜的规范化管理,景区能够更好地管控无人机飞行,保障游客安全和景区秩序。同时,景区还可以借助共享无人机收集数据,如游客流量分布、热门景点拍摄频率等,为景区的规划和发展提供有力依据。

未来,东川区文旅部门将进一步完善共享无人机柜的配套服务,优化使用流程,提升游客体验,通过这一创新举措吸引更多游客前来东川区旅游,推动当地文旅产业的发展。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်