တရုတ်-လာအို ရထားလမ်းဖြင့် စုစုပေါင်း သယ်ယူပို့ဆောင်ပေးသည့် ခရီးသည် အကြိမ်ရေ ၄၈၆၀ သောင်းကျော်ရှိပြီ
2025-03-17 09:32|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ချိန် မှစ၍ ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်မှု နှစ်ခုလုံးသည် အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာနေသည် ဖြစ်ကြောင်း၊ ဤနှစ် ဖေဖော်ဝါရီလကုန်အထိ ခရီးသည်တင်ရထား စုစုပေါင်း အစင်း ၆.၉ သောင်းကို ခုတ်မောင်းပြီး ခရီးသည် အကြိမ်ရေ ၄၈၆၀ သောင်းကျော်ကို ပို့ဆောင်ခဲ့သည် ဖြစ်ကြောင်း၊ ကုန်တင်ရထား စုစုပေါင်း အစင်း ၅ သောင်းကို ခုတ်မောင်းပြီး ကုန်စည် အတန်ပေါင်း ၅၄၀၀ သောင်းကို ပို့ဆောင်ပေးခဲ့၍ ၄င်းတို့အနက် နယ်စပ်ဖြတ်ကျော် ကုန်စည် အတန်ပေါင်း ၁၂၅၀ သောင်းကျော် ပါဝင်ထားသည် ဖြစ်ကြောင်း၊ ဤနှစ်မှစ၍ တရုတ်-လာအို ရထားလမ်းဖြင့် ခရီးသည် စုစုပေါင်း ၄၁၀ သောင်းကို ပို့ဆောင်ခဲ့ပြီး စတင်ဖွင့်လှစ်ပြီးမှ အစည်းကားဆုံးသော အချိန်ကို ကြိုဆိုလာခဲ့၍ ကုန်စည် စုစုပေါင်း ၄၀၀ သောင်းကို ပို့ဆောင်ခဲ့ပြီး တင်သွင်းသည့် သစ်သီးဝလံ အတန် ၀.၈ သောင်းကျော် ပါဝင်ထားကာ တနေ့ထက်တစ်နေ့ တိုးလာသည့် အနေအထားကောင်းကို ပြသနေသည် ဖြစ်ကြောင်း သတင်းထောက်က မတ်လ ၄ ရက်နေ့တွင် China Railway Kunming Group Co., Ltd. မှ သတင်းရရှိခဲ့သည်။
ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် ခရီးသည်များ၏ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသော ခရီးသွားလာမှုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် တရုတ်နှင့် လာအိုနှစ်နိုင်ငံတို့၏ ရထားလမ်းဌာနများသည် တိကျသောမူဝါဒများကို လက်တွေ့ကျင့်သုံးပြီး လိုက်လျောညီထွေသော သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို ပြုပြင်ပြောင်းလဲပြီး ခရီးသည်တင် လမ်းကြောင်းများကို စဉ်ဆက်မပြတ် ဖြည့်တင်းပေးခဲ့ကြသည်။ တရုတ်နိုင်ငံအပိုင်းတွင် တစ်နေ့ပျမ်းမျှအားဖြင့် ခုတ်မောင်းသည့် ခရီးသည်တင်ရထား အရေအတွက်မှာ ၈ စင်းမှ အများဆုံးအားဖြင့် ၈၆ စင်းသို့အထိ တိုးစေခဲ့၍ တစ်ရက်လျှင် အများဆုံး ပို့ဆောင်သည့် ခရီးသည်ဦးရေမှာ ၉ သောင်း ရှိသည်။ လာအိုနိုင်ငံအပိုင်းတွင် တစ်နေ့ပျမ်းမျှအားဖြင့် ခုတ်မောင်းသည့် ခရီးသည်တင်ရထား အရေအတွက်မှာ ၄ စင်းမှ အများဆုံးအားဖြင့် ၁၆ စင်းသို့အထိ တိုးစေခဲ့၍ တစ်ရက်လျှင် အများဆုံး ပို့ဆောင်သည့် ခရီးသည်ဦးရေမှာ ၁.၆ သောင်း ရှိသည်။ ကူမင်းတောင်ပိုင်းဘူတာနှင့် ဗီယင်ကျန်းတို့အကြား နိုင်ငံတကာ ခရီးသည်တင်ရထားများ ခုတ်မောင်းပြေးဆွဲမှုအပေါ် ဆစ်ဆောင်ပန်းနားနှင့် လွမ်ပရာဘမ်တို့အကြား နိုင်ငံတကာ ခရီးသည်တင်ရထားများကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှစ၍ တိုးဖြည့်ပြေးဆွဲခဲ့သည် ဖြစ်သည်။
ဤနှစ် ၄၀ ရက်ကြာသော ဆွေဦးပို့ဆောင်ရေးကာလအတွင်း မိုဟန်ရထားလမ်းနယ်စပ်ဂိတ်မှ စစ်ဆေးပြီး ပြည်ဝင်ပြည်ထွက်သည့် ခရီးသည်မှာ အကြိမ်ရေ ၄.၂ သောင်းရှိ၍ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၄၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံအကြား အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် စတင်အသက်ဝင်ပြီး တစ်နှစ်အတွင်း မိုဟန်ရထားလမ်းနယ်စပ်ဂိတ်မှ စစ်ဆေးပြီး ပြည်ဝင်ပြည်ထွက်သည့် ထိုင်းခရီးသည်မှာ အကြိမ်ရေ ၁.၅ သောင်းကို ကျော်လွန်ခဲ့၍ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၈၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင် ရထားလမ်းဌာနများသည် တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး နေရာ၊ အချိန်၊ လမ်းကြောင်းနှင့် အမှတ်စဉ်တို့ သတ်မှတ်ထားသော တရုတ်-လာအို ရထားလမ်း "လန်ချန်း-မဲခေါင် အမြန်ရထားလမ်းကြောင်း" နိုင်ငံတကာ ကုန်တင်ရထား ၁၇၇၇ စင်းကို ခုတ်မောင်းပြေးဆွဲခဲ့ကာ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးသည် တရုတ်နိုင်ငံရှိ ပြည်နယ်(စီရင်စု၊ မြို့) ၃၁ ခု နှင့် လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူ စသည့် နိုင်ငံနှင့် ဒေသ ၁၉ ခုကို လွှမ်းခြုံနေပြီ ဖြစ်ကာ သယ်ယူပို့ဆောင်ရေး စရိတ်များကို သိသိသာသာ လျှော့ချရန် "တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထား" ကဲ့သို့သော နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ပုံစံသစ်များကို တက်ကြွစွာ စူးစမ်းလေ့လာနေသည်။
ထို့ပြင်၊ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာ၌ ကုန်စည်လွှဲပြောင်းတင်ဆောင်ရေးနေရာ၏ တည်ဆောက်ပြီးစီးပြီး အသုံးပြုခြင်းနှင့် ခါတိုင်းလည်ပတ်မှုတို့သည် တရုတ်-လာအို-ထိုင်း ရထားလမ်း၏ အပြန်အလှန် ချိတ်ဆက်မှု အဆင့်အတန်းကို တစ်ဆင့်တိုး၍ မြှင့်တင်ခဲ့သည်။ ယခုအထိ၊ "တရုတ်-လာအို-ထိုင်း" တိုက်ရိုက် သယ်ယူပို့ဆောင်ရေးရထား စုစုပေါင်း ၄၅၄ စင်းကို ခုတ်မောင်းခဲ့၍ ကုန်စည် စုစုပေါင်း အတန် ၂၃ သောင်းကို လွှဲပြောင်းတင်ဆောင်ခဲ့ပြီ။ တစ်ချိန်တည်းမှာပင် မိုဟန်ရထားလမ်းနယ်စပ်ဂိတ်၏ စွမ်းဆောင်ရည်တိုးချဲ့မှု၊ အသွင်ပြောင်းမှုနှင့် ဉာဏ်ရှိစေအောင် တည်ဆောက်မှုတို့သည်လည်း ထင်ရှားလှသော ရလဒ်များကို ရရှိခဲ့သည်၊ နယ်စပ်ဂိတ်၏ ကုန်စည်ရှင်းလင်းရေးအချိန်ကို နာရီ ၄၀ ကျော်မှ ၅ နာရီအောက်သို့ တိုစေခဲ့ပြီး ရှင်းလင်းရေး ထိရောက်မှုကို အလွန်တိုးတက်စေခဲ့သည်။
တရုတ်-လာအို ရထားလမ်းတွင် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းအမျိုးအစားများမှာ စတင်ဖွင့်လှစ်ချိန် ကနဦးကာလတွင် ရော်ဘာ၊ မြေဩဇာနှင့် ကုန်စုံပစ္စည်းများ စသည့် ၁၀ မျိုးကျော်မှ အီလက်ထရောနစ်၊ Photovoltaic၊ ဆက်သွယ်ရေးနှင့် မော်တော်ယာဉ် စသည့် ကုန်ပစ္စည်းအမျိုးအစား ၃၀၀၀ ကျော်အထိ ချဲ့ထွင်လာကာ လယ်ယာထွက်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် နေ့စဉ်သုံးပစ္စည်းများ စသည့် နယ်ပယ်အများအပြားကို လွှမ်းခြုံထားကာ ဒေသတွင်း ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အများအပြား မြှင့်တင်ခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည် "ရထားလမ်း+ ဥယျာဉ်ဇုန်+ စက်မှုလုပ်ငန်း" ပူးတွဲဖွံ့ဖြိုးတိုးတက်မှုပုံစံကိုလည်း ဖန်တီး၍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ အထူးစီးပွားရေးဇုန် စသည့် စီးပွားရေးဥယျာဉ်ဇုန်များကို ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်စေ၍ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အင်ဂျင်အသစ် ဖြစ်လာပြီ။
昆明信息港讯(昆明日报 记者王绍芬 通讯员邓皓文 张伟明)3月4日,记者从中国铁路昆明局集团有限公司(以下简称“国铁昆明局”)获悉,中老铁路开通运营以来,客货运输两旺。截至今年2月底,累计开行旅客列车6.9万列,发送旅客超4860万人次;开行货物列车5万列,运输货物5400万吨,其中跨境货物超1250万吨。今年以来,中老铁路已累计发送旅客410万人次,迎来开通运营以来的最忙时刻;运输货物400万吨,其中进口水果超0.8万吨,呈现日趋增长的良好态势。
在旅客运输方面,为满足日益增长的旅客出行需求,中老两国铁路部门精准施策,灵活调整运力,不断丰富客运产品线。在中国段,日均开行客车从8列增至最高86列,单日最高发送旅客9万人次。在老挝段,日均开行客车由4列增至最高16列,单日最高发送旅客1.6万人次。在开行昆明南—万象间国际旅客列车基础上,2024年4月13日起增开西双版纳—琅勃拉邦间国际旅客列车。
在今年为期40天的春运中,磨憨铁路口岸验放入出境游客达4.2万人次,同比增长49%。中泰两国互免持普通护照人员签证协定生效一年来,磨憨铁路口岸验放入出境泰国籍人员超1.5万人次,同比增长超86%。
在货物运输方面,铁路部门依托中老铁路,开行定点、定时、定线、定车次的中老铁路“澜湄快线”国际货物列车达1777列,跨境货物运输已覆盖国内31个省(区、市)和老挝、泰国、越南、新加坡等19个国家和地区,积极探索“中老铁路+中欧班列”等国际运输新模式,大幅降低物流成本。
此外,万象南换装场的建成投用及常态化运营,进一步提升中老泰铁路的互联互通水平。截至目前,已累计开行“中老泰”直通运输班列454列,换装货物23万吨。同时,磨憨铁路口岸的扩能改造和智慧化建设也取得显著成效,口岸货运通关时间由原先的40多个小时缩短至5小时以内,通关效能大幅提升。
中老铁路跨境货物品类由开通初期的橡胶、化肥、百货等10多种扩展至电子、光伏、通信、汽车等3000余种,涵盖农产品、工业品、日用品等多个领域,极大促进区域间贸易往来和经济合作。中老铁路还开创“铁路+园区+产业”协同发展模式,有效带动综合开发区、经济特区等经济园区发展,成为区域经济发展的新引擎。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု