နာရှီလူမျိုး၏ လက်ဘားအကသည် ကျောင်းဝင်းထဲသို့ ဝင်ရောက်
2025-03-11 15:21|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စာသင်နှစ်သစ်အစ ကျောင်းအားချိန်တွင် ယူနန်ပြည်နယ် လိကျန်းမြို့ ယွိလုန် နာရှီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ရှိ ထိုက်အန်းမြို့နယ် ဗဟိုမူလတန်းကျောင်း၌ ကျောင်းသူကျောင်းသားများသည် နာရှီလူမျိုး၏ လက်ဘားအက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုသော အမွေဆက်ခံသူအလိုက် လက်ဘားအိုးစည်ခတ်ပြီး လက်ဘားအကကို ကပြနေကြသည်။
လက်ဘားအကသည် ယူနန်ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုသော စီမံကိန်းတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ၄င်း၏ ၁၂ အခန်းခွဲ၊ အကကနည်း အမျိုး ၇၀ ကျော်နှင့် ဆယ်နှင့်ချီသော အော်ပရာဆိုပုံတို့ကို အပြည့်အဝ ထိန်းသိမ်းထား၍ နာရှီလူမျိုး ရိုးရာယဉ်ကျေးမှု၏ အရေးကြီးသော အမှတ်လက္ခဏာ ဖြစ်လာသည်။
နာရှီလူမျိုး၏ လက်ဘားအကသည် ကျောင်းဝင်းထဲသို့ ဝင်ရောက်ခြင်း လှုပ်ရှားမှုကို ဆောင်းရွက်ပြီး ကတည်းက မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူကြိုကျောင်း အခုပေါင်း ၂၀ နီးပါး၌ ဖြန့်ဖြူးပြီး သင်ကြားပို့ချခဲ့ပြီ ဖြစ်၍ ပါဝင်သူများ အယောက်ပေါင်း ၃ ထောင်ကျော် ရှိခဲ့ပြီ ဖြစ်ကြောင်း ယူနန်ပြည်နယ် ယွိလုန်ခရိုင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးစင်တာမှ ညွှန်ကြားရေးမှူး ဟယ်ချင်ရှင်းက ပြောခဲ့သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




