ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ

2025-02-28 15:21|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်မကြာသေးမီက ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် ဒသမအကြိမ် နွေဦးပန်းပြပွဲကို ရှန်ဂရီလာ တောင်မြင့်ပေါ် ရုက္ခဗေဒဥယျာဉ်တွင် စတင်ကျင်းပခဲ့သည်။

ဤပန်းပြပွဲတွင် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမှ သစ်ခွပန်းဥယျာဉ် ၄၄ ခုနှင့် သစ်ခွပန်းချစ်မြတ်နိုးသူ အများအပြားတို့သည် ပါဝင်ခဲ့ကြပြီး သစ်ခွပန်း စုစုပေါင်း ၄၃၁ အိုးကို ပြသကြသည်။

ဤပန်းပြပွဲကို မတ်လကုန်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်သည်။ ပန်းများကို ကြည့်ရှုရင်း ခရီးသည်များသည် ရှန်ဂရီလာ တောင်မြင့်ပေါ် ရုက္ခဗေဒဥယျာဉ်တွင် သဘာဝရှုခင်းများကို ခံစားနိုင်ပြီး ကုန်းပြင်မြင့်ရှိ ရှားပါးသော ရုက္ခပင်များကို လေ့လာနိုင်ကာ နွေဦးရာသီထဲမှ အံ့ဩဖွယ်ကောင်းသော ခရီးစဉ်ကို စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

日前,世界的“香格里拉”花之旅第十届春季花展在香格里拉高山植物园开幕。

本次花展以“兰韵香巴拉·十年锦绣春”为主题,共有来自迪庆藏族自治州的44家兰苑,以及众多兰花爱好者参展,现场累计展出兰花431盆。

本次花展将持续到3月底,全程免费开放。赏花之余,游客还能在香格里拉高山植物园饱览自然风光,认识高原珍稀植物,开启春日奇妙之旅。(云南日报 记者贡秋次仁)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်