ချူရှုံစီရင်စု ရုံဇိမ်ခရိုင်၌ နှစ်ထောင်ပေါင်းများစွာ ဆက်တိုက်သည့် တိုင်းရင်းသား ဖက်ရှင်ရှိုးကို ကျင်းပခဲ့
2025-02-25 15:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ယူနန်ပြည်နယ် ချူရှုံ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရုံဇိမ်ခရိုင်ရှိ အများပြည်သူများသည် တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည့် ယီလူမျိုး၏ အဝတ်တန်ဆာပြိုင်ပွဲတော်ကို ကြိုဆိုခဲ့ကြသည်။ ဤအဝတ်တန်ဆာပြိုင်ပွဲတော်သည် ဇီကျူကျေးရွာတွင် စ၍ ဖြစ်ပေါ်ခဲ့ကာ ဤဓလေ့ထုံးစံကို နှစ်ပေါင်း ၁၃၀၀ ကျော်ကြာ ဆက်ခံခဲ့ပြီ ဖြစ်ပြီး ရှေးဟောင်းသော "ကျေးလက် ဖက်ရှင်ရှိုး"ဟု ချီးကျူးခဲ့သည်။ နှစ်တိုင်း တရုတ်ရိုးရာပြက္ခဒိန် ၁ လပိုင်း ၁၅ ရက်နေ့တွင် ဒေသခံ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်တို့သည် ၄င်းတို့၏ တိုင်းရင်းသား ဝတ်ကောင်းစားလှများကို ဝတ်ဆင်ကြပြီး ဤပွဲတော်ကို အတူတကွ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ယခုနှစ်များတွင် ရုံဇိမ်ခရိုင်ရှိ ယီလူမျိုး၏ အဝတ်တန်ဆာပြိုင်ပွဲတော်ဆိုင်ရာ ယဉ်ကျေးမှုများသည် ဇီကျူကျေးရွာရှိ "ကျေးလက် ဖက်ရှင်ရှိုး"မှ ပေကျင်း၊ ရှန်ဟိုင်း၊ နယူးယောက်၊ မီလန်နှင့် ပါရီ စသည့်နေရာများရှိ "ကမ္ဘာ့ဇာတ်ခုံ"များသို့ သွားရောက်ခဲ့သည်။ ဇီကျူကျေးရွာသည် "ယူနန်ပြည်နယ်ရှိ ထိပ်တန်း နာမည်ကြီး ပန်းထိုးရွာ ၁၀ ခုကြီး" ဟု ချီးကျူးခံပြီး တရုတ် ရိုးရာကျေးရွာများစာရင်း ဆဋ္ဌမအသုတ်ထဲသို့ ထည့်သွင်းပေးခဲ့ကာ ရုံဇိမ်ခရိုင် ကျူးဟယ်မြို့နယ်သည် ပြည်နယ်အဆင့် သမိုင်းဝင်နှင့် ယဉ်ကျေးမှု နာမည်ကြီး မြို့နယ်အဖြစ် ထည့်သွင်းပေးခဲ့သည်။
ထို့ပြင်၊ နှစ်ထောင်ပေါင်းများစွာ ဆက်တိုက်သည့် တိုင်းရင်းသား ဖက်ရှင်ရှိုးနှင့် အပြန်အလှန် ပေါက်ပွားလာစေသည့် နှစ်ထောင်ပေါင်းများစွာ ဆက်တိုက်သည့် ယီပန်းထိုးသည်လည်း ယီအမျိုးသမီးများကို ဝင်ငွေတိုးပွားစေပြီး ချမ်းသာလာစေသည့် အရေးပါသော လုပ်ငန်းတစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ရုံဇိမ်ခရိုင်ရှိ ယီပန်းထိုးလုပ်ငန်း၏ ထွက်ကုန်တန်ဖိုးသည် အယွမ် ၄၄၇၂ သောင်းအထိ ရှိရောက်ခဲ့၍ ဤလုပ်ငန်းသည် ပိုမို ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






