ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
2025-02-20 16:49|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေဦးရာသီတွင် တစ်ဦးချင်း၊ မိသားစုများနှင့် ကုမ္ပဏီအဖွဲ့အစည်းများ၏ ခရီးထွက်ခြင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစ၍ ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲခဲ့သည်။
ဤအကြိမ် စတင်ပြေးဆွဲသည့် ခရီးထွက် ဘတ်စ်ကားလိုင်းများသည် ကူမင်းမြို့အတွင်းနှင့် ပတ်ဝန်းကျင်ရှိ နွေဦးရာသီ အလှတရားများကို နက်ရှိုင်းစွာ တူးဖော်ခြင်းဖြင့် သဘာဝအလှနှင့် လူမှုယဉ်ကျေးမှုဓလေ့များကို ပေါင်းစပ်စေကြသည်။ ယွမ်ထွန်တောင် ချယ်ရီပန်းလမ်းကြီးတွင် အပင်ပေါင်း ထောင်နှင့်ချီသော ချယ်ရီပန်းများ၏ လှပရှုခင်းများကို ကြည့်ရှုနိုင်သည်၊ လောင်ယူမြစ် စိုစွတ်မြေဥယျာဉ်တွင် အပင်ပေါင်း သန်းနှင့်ချီသော ကျူးလစ်ပန်းများဖြင့် ဖွဲ့ဖည်းလာသည့် ရောင်စုံအိပ်မက်ကို ခံစားနိုင်သည်၊ ထန်လန်ချွမ်ရှိ ရွှေရောင် ဆီထွက်မုန်ညင်းစိမ်းပန်းခင်းထဲတွင် ဖြတ်သန်းရင်း နွေဦးရာသီလေကြောင့် ထလာသည့် ရွှေရောင်လှိုင်းများကို တွေ့မြင်နိုင်သည်၊ ထို့နောက် ဝူတင့်တာ့ဆီဖန်ရှိ ချယ်ရီပန်းခင်းနှင့် လိုဖင်ရှိ ဆီထွက်မုန်ညင်းစိမ်းပန်းခင်းတို့ကို သွားပြီး နွေဦးရာသီ၏ အနံ့အသက်ကို ခံစား၍ နွေဦးရာသီ အထူးရှိ လှပရှုခင်းများကို ရှုစားနိုင်သည်။
为满足春季个人、家庭以及企事业单位团建出游需求,2月15日起,昆明公交集团有限责任公司推出26条观光巴士春游路线。
此次推出的路线通过深度挖掘昆明市内及周边春日美景,将自然野趣与人文风情融合。在圆通山樱花大道,可享受千株樱花纷飞的视觉盛宴;在捞渔河湿地公园,可邂逅百万株郁金香编织的斑斓梦境;沿着螳螂川金色油菜花海穿行,看春风掀起金色波浪;再到武定大石房樱桃花海、罗平油菜花海,感受春天的气息,赏春日限定美景。(记者 杨官荣 通讯员 吴超)
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ