ယူနန်ရထားလမ်းသည် မြွေနှစ်တွင် ပထမဆုံး အလုပ်သမားဆိုင်ရာ အထူးရထားကို ဖွင့်လှစ်ပြေးဆွဲခဲ့
2025-02-13 16:50|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ယူနန်ရထားလမ်းမှ ပထမဆုံး အလုပ်သမားဆိုင်ရာ အထူးရထားသည် ယူနန်ပြည်နယ် ကွမ်နန်ခရိုင်ရှိ ဘူတာရုံမှ စတင်ထွက်ခွာ၍ ကွမ်ကျူးမြို့သို့ ပြေးဆွဲခဲ့သည်။ နွေဦးပွဲတော် အားလပ်ရက်ပြီးဆုံးပြီးနောက် ယူနန်ပြည်နယ်ရှိ အပြင်ထွက်သည့် အလုပ်သမားများ၏ ခရီးသွားလာမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အတွက် ယူနန်ပြည်နယ်သည် အစိုးရမှ ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ အထူးရထားကို ဖွင့်လှစ်ခြင်းနှင့် အလုပ်သမားများ အခမဲ့ ရထားစီးခြင်း ဟူသော နည်းလမ်းများဖြင့် အပြင်ထွက်သည့် အလုပ်သမားများကို လုပ်ငန်းခွင်များသို့ ပြန်လည်သွားနိုင်ရန် ကူညီပေးခဲ့သည်။ ယူနန်ရထားလမ်းသည် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို ဆက်လက် တိုးဖြည့်ပေးပြီး ရှန်ဟိုင်းနှင့် ရှန်ကျန်း စသည့် နေရာများသို့ ပြေးဆွဲသွားသည့် အလုပ်သမားဆိုင်ရာ အထူးရထားများကို ရှေ့စဉ်နောက်ဆက် ခုတ်မောင်းမည် ဖြစ်ကာ အလုပ်သမားများအတွက် လွယ်ကူလျင်မြန်သော ခရီးသွားလာမှု ဝန်ဆောင်မှုများကို ထောက်ပံ့ပေးမည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














