ယူနန်ရထားလမ်းသည် မြွေနှစ်တွင် ပထမဆုံး အလုပ်သမားဆိုင်ရာ အထူးရထားကို ဖွင့်လှစ်ပြေးဆွဲခဲ့
2025-02-13 16:50|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ယူနန်ရထားလမ်းမှ ပထမဆုံး အလုပ်သမားဆိုင်ရာ အထူးရထားသည် ယူနန်ပြည်နယ် ကွမ်နန်ခရိုင်ရှိ ဘူတာရုံမှ စတင်ထွက်ခွာ၍ ကွမ်ကျူးမြို့သို့ ပြေးဆွဲခဲ့သည်။ နွေဦးပွဲတော် အားလပ်ရက်ပြီးဆုံးပြီးနောက် ယူနန်ပြည်နယ်ရှိ အပြင်ထွက်သည့် အလုပ်သမားများ၏ ခရီးသွားလာမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အတွက် ယူနန်ပြည်နယ်သည် အစိုးရမှ ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ အထူးရထားကို ဖွင့်လှစ်ခြင်းနှင့် အလုပ်သမားများ အခမဲ့ ရထားစီးခြင်း ဟူသော နည်းလမ်းများဖြင့် အပြင်ထွက်သည့် အလုပ်သမားများကို လုပ်ငန်းခွင်များသို့ ပြန်လည်သွားနိုင်ရန် ကူညီပေးခဲ့သည်။ ယူနန်ရထားလမ်းသည် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို ဆက်လက် တိုးဖြည့်ပေးပြီး ရှန်ဟိုင်းနှင့် ရှန်ကျန်း စသည့် နေရာများသို့ ပြေးဆွဲသွားသည့် အလုပ်သမားဆိုင်ရာ အထူးရထားများကို ရှေ့စဉ်နောက်ဆက် ခုတ်မောင်းမည် ဖြစ်ကာ အလုပ်သမားများအတွက် လွယ်ကူလျင်မြန်သော ခရီးသွားလာမှု ဝန်ဆောင်မှုများကို ထောက်ပံ့ပေးမည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့














