နွေဦးပွဲတော် ကျရောက်နေပြီ၊ ယူခရိုင်တွင် နွေဦးရာသီ၏ ပုံပြင်သည် နေကြာပန်း တစ်ကွက်မှ စတင်
2025-02-07 17:13|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေဦးသစ်စခါတွင် ယူနန်ပြည်နယ် ယူခရိုင်ရှိ ပန်းများကို ရှုစားရန် ရာသီချိန် ပြန်လည် ကျရောက်နေပြီ။ ယူခရိုင်ရှိ ခေတ်မီ စိုက်ပျိုးရေး ကြည့်ရှုလည်ပတ်ရေး ဥယျာဉ်တွင် အမိုပေါင်း ဒါဇင်နှင့်ချီသော အလှပြနေကြာပန်းများသည် နေမင်းကို မျက်နှာမူ ဝေဝေဆာဆာ ပွင့်ဖူးနေကြ၍ ၄င်းသည် မြို့သူမြို့သားများကို လာရောက် လည်ပတ်ကြည့်ရှုရန် အများအပြား ဆွဲဆောင်နေ၍ လှပသော ရှုခင်းတစ်ကွက် ဖြစ်လာနေသည်။
ဤနှစ်တွင် နေကြာပန်း၏ ပွင့်ဖူးချိန်သည် ၂၀၂၄ ခုနှစ်ထက် ပိုနှောင်းပြီး ယခုအချိန်တွင် အမိုပေါင်း ၃၀ ခန့်သည် ဝေဝေဆာဆာ ပွင့်ဖူးနေပြီ ဖြစ်၍ ဖေဖော်ဝါရီလကုန်အထိ ဆက်တိုက် ပွင့်ဖူးသွားမည် ဖြစ်သည်။ မြို့သူမြို့သားများသည် ယူခရိုင်ရှိ ၁၇ ကြိမ်မြောက် လန်ချန်းမြစ် ဘီယာပွဲတော်အတွင်း ဤပန်းခင်းများသို့ လည်ပတ်ကြည့်ရှုပြီး ဓာတ်ပုံရိုက်နိုင်၍ ဤနွေဦးရာသီ၏ ပထမဆုံး နေရောင်ခြည်ကို ဆွေမျိုးများနှင့် သူငယ်ချင်းများထံသို့ ယူဆောင်လာနိုင်မည် ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း








