ယူနန်ပြည်နယ် နုကျန်းပြည်နယ်ခွဲ ဝုလီရွာသို့ သွားပြီး စိတ်နှလုံးခရီးစဉ်တစ်ခုကို စတင်
2025-01-24 17:23|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဝုလီရွာသည် ယူနန်ပြည်နယ် နုကျန်း လီဆူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ကုန့်ဆန်း တူလုံလူမျိုး၊ နုလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဘင်ဇုံလို့မြို့နယ်တွင် တည်ရှိသည်။ ဝုလီရွာ(အဓိပ္ပာယ်မှာ မြူထဲမှရွာ) သည် ၎င်း၏ နာမည်ကဲ့သို့ မကြာခဏ မြူခိုးမြူနှင်းထဲတွင် ပေါ်ထွန်းလာသလိုလို ပျောက်ကွယ်သွားသလိုလို ဖြစ်၍ မြူများမရှိသည့် ရာသီဥတုမှာတောင် ရွာထဲမှ တလူလူ တက်လာသည့် မီးခိုးငွေ့များသည်လည်း ဤနေရာကို ပိုမိုလျှို့ဝှက်ပြီး သာယာလှပစေသည်။
ဝုလီရွာသည် ဘိလိုဆီးနှင်းတောင်ခြေတွင် တည်ရှိပြီး ပတ်လည်အနီးတစ်ဝိုက်တွင် စိမ်းမြမြသော တောင်တန်းများ ဝန်းရံထား၍ မြူခိုးမြူနှင်းများ ပြည့်နှက်ထားသည်။ တောင်တန်းများနှင့် မြစ်များသည် သဘာဝကျသော အရံအတား ဖြစ်လာပြီး လှိုင်းများတလှိမ့်လှိမ့်နှင့် စီးဆင်းသည့် နုကျန်းမြစ်ရေနှင့် ဆိတ်ငြိမ်သော ကျေးရွာတို့သည် သဘာဝလောကကြီးမှ ကောင်းမြတ်သော တေးသီချင်းတစ်ဒုပ်ကို ဖွဲ့စည်းဖြစ်လာသည်။ ရွာ၏ အခင်းအကျင်းသည် စိတ်ကူးစိတ်သန်း တစ်မူထူး၍ နုလူမျိုးနှင့် လီဆူလူမျိုးတို့၏ ရိုးရာသော နေအိမ်များ ရော်ယှက်နေကာ နွားနှင့်သိုးများ ခေါက်တုံ့ခေါက်ပြန် သွားလာနေပြီး ကြက်နှင့်ဘဲများ အစုလိုက်အပြုံလိုက် ဖြစ်နေ၍ ရွာသူရွာသားများသည် လယ်ကွင်းထဲတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြကာ ၄င်းသည် အလွန်သာယာလှပသော ကျေးလက်တောရွာရှုခင်းကို ဖြစ်လာသည်။
မည်သည့်ရာသီမဆို ဝုလီရွာတွင် အချိန်မရွေး ရှုခင်းသာယာလှပသည်။ ရွာထဲရှိ ဆန်းကြယ်သော သဘာဝရှုခင်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံများနှင့် ကျေးလက်တောရွာ ပျော်စရာများ စသည်တို့သည် မမေ့နိုင်သော စိတ်နှလုံးခရီးစဉ်တစ်ခုအား လာရောက်ခံစားရန် ခရီးသည်များကို စောင့်မျှော်နေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို








