နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ ယူနန်ပြည်နယ် ဖူအယ်မြို့ မို့ကျန်းခရိုင်တွင် ဝက်အူချောင်းချက်လုပ်လေ့ရှိပြီး မွှေးရနံ့အပြည့်ရှိ
2025-01-24 10:51|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) တရုတ်နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ ယူနန်ပြည်နယ် ဖူအယ်မြို့ မို့ကျန်း ဟာနီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ ဒေသခံများသည် ပွဲတော်ကြိုဆိုရန် ဝက်အူချောင်းများ ချက်လုပ်နေ၍ အလုပ်ရှုနေကြသည်။ မို့ကျန်းခရိုင်ရှိ ဝက်အူချောင်းတွင် ဝက်သားဝက်အူချောင်းနှင့် တိုဖူးဝက်အူချောင်း နှစ်မျိုးရှိ၍ ချက်လုပ်ပုံအဆင့်ဆင့်မှာ အသား သို့မဟုတ် တိုဖူးကို ငရုတ်သီးမှုန့်၊ ဆားနှင့် မက်ခါးမှုန့်စသည့် ဟင်းခတ်အမွှေးအကြိုင်တို့နှင့် အတူရောနယ်ပြီး အူအတွင်းသို့ ဖြည့်သွင်းပြီးနောက် ခုနစ်ရက်မှ ဆယ်ရက်အထိ ခြောက်အောင် နေလှန်းရသည်။ ဤဝက်အူချောင်းများသည် ဒေသရှိ စားကောင်းသောက်ဖွယ် ဖြစ်ရုံသာမက နွေဦးပွဲတော်အပေါ် လူများ၏ ဆုမွန်ကောင်းများကိုလည်း ဝန်ဆောင်ထားသည် ဖြစ်ကာ နွေဦးပွဲတော်ကာလအတွင်း မရှိမဖြစ် လိုအပ်သည့် ရိုးရာအစားအစာ ဖြစ်လာသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




