နွေဦးပွဲတော် ခရီးသွားကာလအတွင်း ကူမင်းဘူတာရုံသည် လတ်ဆတ်ပန်းများဖြင့် လှပသောအဆင်တန်ဆာများကို ဖန်တီးထား
2025-01-24 10:42|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေဦးပွဲတော် ခရီးသွားကာလအတွင်း ကူမင်းဘူတာရုံထဲရှိ ခရီးသည်အတွက် ဝန်ဆောင်မှုပေးစင်တာ၏ အနီးအနားတွင် ခြောက်လပန်း၊ လီလီပန်းနှင့် ကျူးလစ်ပန်းစသည့် ခက်ပေါင်း ထောင်နှင့်ချီသော လတ်ဆတ်ပန်းများဖြင့် ရက်လုပ်ထားသည့် ဒေါင်းတစ်ကောင်သည် အသက်ဝင်လှုပ်ရှား၍ သရုပ်သကန်ပေါ်လှသည် ဖြစ်ကာ နွေဦးပွဲတော် ခရီးသွားကာလအတွင်း ခရီးသည်များ၏ အိမ်ပြန်ခရီးစဉ်အတွက် လှပတင့်တယ်သော ရှုခင်းတစ်ကွက်ကို တိုးဖြည့်ပေးသည်။ ထို့ပြင် China Railway Kunming Group Co.,Ltd.သည် ယူနန်လတ်ဆတ်ပန်းနှင့် နွေဦးပွဲတော်ဆိုင်ရာ ယဉ်ကျေးမှုအကြောင်းအရာများကို ရောနှောပေါင်းစပ်စေ၍ ကူမင်းဘူတာရုံ၏ ရထားစောင့်ခန်းမတွင် ရှုစားနိုင်၊ ဓာတ်ပုံရိုက်နိုင်သည့် အဆင်တန်ဆာများစွာကို ဖန်တီးထားသည့်အပြင် နွေဦးပွဲတော်ကြိုဆိုရန် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး ထူထပ်ကောင်းမွန်သော ပွဲတော်အငွေ့အသက်ကို ဖန်တီးခဲ့သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ










