၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
2025-01-20 16:00|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲနှင့် ယူနန်ပြည်နယ် ၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုရန် စားသုံးမှု ရာသီချိန်ပွဲကို တိန်ချီး နိုင်ငံတကာ ပြပွဲစင်တာ၌ စတင်ကျင်းပခဲ့၍ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဆက်တိုက် ကျင်းပသွားမည် ဖြစ်သည်။
ပြပွဲတွင် အပြည်ပြည်ဆိုင်ရာပြခန်း၊ အစားအစာမဟုတ်သော အထွေထွေပြခန်း၊ တရုတ်နိုင်ငံတစ်ဝှမ်းမှ နာမည်ကြီး၊ ထူးခြားနှင့် ထူးချွန်သော အစားအစာများပြခန်း၊ ကုန်းပြင်မြင့် ထူးခြားချက်ရှိသည့် အစားအစာများပြခန်း၊ ဒေသခံ နာမည်ကြီး၊ ထူးခြားနှင့် ထူးချွန်သော အစားအစာများပြခန်း၊ ဒေသခံ အရသာထူးခြားသော အစားအစာများပြခန်းတို့ကို စီစဉ်ထားကာ ယူနန်ပြည်နယ်ရှိ နေရာအသီးသီးမှ ထူးခြားချက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများ၊ ပြည်တွင်း အရည်အသွေးကောင်းသော ပွဲတော်ထွက်ကုန်ပစ္စည်းများ၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ဒေသတို့မှ အထူးထွက်ကုန်ပစ္စည်းများ အမျိုးပေါင်း ၂ သောင်းကျော်ကို ပြသသည်။
ပြပွဲ ကျင်းပရာတွင် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများ တင်ဆက်ပြသပွဲ၊ နာမည်ကြီးဆရာဝန်များမှ နေ့စဉ် အခမဲ့ ရောဂါအခြေအနေစစ်ဆေးပေးခြင်း၊ မြွေနှစ် နွေဦးပွဲတော်ကို ကြိုဆိုရန် ဓာတ်ပုံရိုက်နေရာ စသည့် လှုပ်ရှားမှု ၈ မျိုးကိုလည်း ကျင်းပမည်း ဖြစ်၍ မြို့သူမြို့သားများ အတွက် ပျော်ရွှင်စရာနှင့် တကယ့်အကျိုးကျေးဇူးရှိသည့် ကြီးကျယ်ခမ်းနားသော ပစ္စည်းဝယ်ယူပွဲ တစ်ကြိမ်ကို ဖန်တီးမည် ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


