ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်

2025-01-20 15:05|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဇန်နဝါရီလ ၁၀ ရက်နေ့တွင် 8L843 လေကြောင်းလိုင်းသည် ခရီးသည် ၁၁၉ ဦးကို တင်ဆောင်ထားပြီး တာ့လီ ဖုန့်ယီလေဆိပ်မှ ပျံသန်းထွက်ခွာခဲ့သည်၊ ၄င်းသည် တာ့လီမှ ကွာလာလမ်ပူမြို့သို့ လေကြောင်းလိုင်း၏ တရားဝင် ဖွင့်လှစ်ခြင်းကို လက္ခဏာဆောင်ထား၍ တာ့လီမြို့တွင် ဖွင့်လှစ်သည့် ပထမဆုံး နိုင်ငံတကာလေကြောင်းလိုင်းလည်း ဖြစ်သည်။

11

ယခင်က တာ့လီ ဖုန့်ယီလေဆိပ်မှ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်လျှင် သာမန်အားဖြင့် အနည်းဆုံး ၁၀ နာရီခန့်နှင့် အများဆုံး ၃၀ နာရီခန့် ကြာသည့် တစ်ကြောင်းသွား လေယာဉ်ပြောင်းစီးခရီးစဉ် လိုအပ်လျက်ရှိသည်။ တိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်ပြီးနောက် တာ့လီမြို့နှင့် ကွာလာလမ်ပူမြို့တို့အကြား ပျံသန်းသွားလာရန် အချိန်ကို ၁၀ နာရီမှ ၃ နာရီနှင့် ၄၅ မိနစ်ခန့်သို့ တိုစေမည် ဖြစ်သည်။

ဤလေကြောင်းလိုင်းကို Lucky Air မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ပြီး တနင်္လာနေ့နှင့် သောကြာနေ့တိုင်း စီစဉ်ပျံသန်းသွားမည် ဖြစ်သည်။ ထွက်ခွာသွားသည့် လေယာဉ်အမှတ် 8L843 ဖြစ်၍ ၁၃ နာရီနှင့် ၄၅ မိနစ်တွင် တာ့လီမြို့မှ စတင်ပျံသန်းပြီး ၁၇ နာရီခွဲတွင် ကွာလာလမ်ပူမြို့သို့ ရောက်ရှိမည် ဖြစ်ကာ ပြန်လာသည့် လေယာဉ်အမှတ် 8L844 ဖြစ်၍ ၁၈ နာရီခွဲတွင် ကွာလာလမ်ပူမြို့မှ စတင်ပျံသန်းပြီး ၂၂ နာရီတွင် တာ့လီမြို့သို့ ရောက်ရှိမည် ဖြစ်သည်။

12

ထို့နောက် တာ့လီမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တို့သို့ နိုင်ငံတကာ လေကြောင်းလိုင်း ၄ လိုင်းကိုလည်း ရှေ့စဉ်နောက်ဆက် ဖွင့်လှစ်ရမည် ဖြစ်သည်။


昆明信息港讯 记者上官艳君 1月10日,8L843航班搭载119名旅客从大理凤仪机场顺利起飞,标志着大理至吉隆坡航线正式开通,也是大理开通的首条国际航线。

11

此前,从大理凤仪机场到吉隆坡国际机场,往往需要至少约10小时、至多约30小时的单程中转乘机过程。直飞航线开通后,大理往返吉隆坡的飞行用时将从10小时起缩短至3小时45分钟左右。

据悉,该航线由云南祥鹏航空有限责任公司执飞,2025年1月10日起每周两班,计划每周一、周五执飞。去程航班号为8L843,13:45从大理起飞,当地时间17:30抵达吉隆坡;回程航班号为8L844,当地时间18:30从吉隆坡起飞,22:00抵达大理。

12

后续,大理至泰国曼谷、越南河内等4条国际航线也将陆续开通。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်