ကူမင်းမြို့မှာ ခေါင်းနီစင်ရော် ကြည့်ရှုဖို့ လူသိနည်းတဲ့ နေရာသုံးလေးငါးခုလောက် ထောက်ခံအကြံပေးပါ
2025-01-10 10:13|
User ဝင်းဝင်းရဲ့ မေးခွန်း။ မင်္ဂလာပါ အယ်ဒီတာ၊ စနေနေ့နှင့် တနင်္ဂနွေနေ့တို့မှာ သူငယ်ချင်းတွေနဲ့ ခေါင်းနီစင်ရော်တွေကို သွားကြည့်ချင်မယ်၊ လူသိများတဲ့ နေရာတွေအပြင် လူသိနည်းတဲ့ နေရာသုံးလေးငါးခုလောက် ထောက်ခံအကြံပေး နိုင်မလား။
အယ်ဒီတာရဲ့ အဖြေ။ မင်္ဂလာပါ၊ ကူမင်းမြို့မှာ ခေါင်းနီစင်ရော်ကြည့်ရှုဖို့ လူသိနည်းတဲ့ နေရာ အများကြီး ရှိပါတယ်၊ အောက်မှာ သင့်အတွက် သုံးလေးငါးခုလောက် ထောက်ခံအကြံပေးပါမယ်၊ သင်က ရွေးချယ်နိုင်ပါမယ်။
စောင်ဟိုင် ဥမင်လိုဏ်ခေါင်း စိုစွတ်မြေဥယျာဉ်
စောင်ဟိုင် ဥမင်လိုဏ်ခေါင်း စိုစွတ်မြေဥယျာဉ်ဟာ ကူမင်းအဓိကမြို့တွင်းရပ်ကွက်နဲ့ အကွာအဝေး ပိုနီးတဲ့ စိုစွတ်မြေဥယျာဉ်တစ်ခု ဖြစ်ပြီး ဒီဥယျာဉ်ဟာ စုစုပေါင်းအရှည် ၄ ကီလိုမီတာလောက် ရှိပါတယ်။ စိုစွတ်မြေဥယျာဉ်ထဲက လမ်းတစ်လျှောက် လမ်းလျှောက်ရင်း ခေါင်းနီစင်ရော်တွေနဲ့ တွေ့ကြုံဖို့ နေသာတဲ့ အားလပ်ရက်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။
တိုးဖုန်းရေကာတာရှိ ခုနစ်ပေါက်ဗော့တံတား
တိုးဖုန်းရေကာတာရှိ ခုနစ်ပေါက်ဗော့တံတားက တိန်ချီးရေကန်ရဲ့ စောင်ဟိုင်ရေပြင်နယ်နိမိတ်ထဲမှာ တည်ရှိပြီး ခေါင်းနီစင်ရော်တွေ ရောက်ရှိလာတာနဲ့အမျှ စောင်ဟိုင်ရေပြင်နယ်နိမိတ်မှာ နားနေတဲ့ ခေါင်းနီစင်ရော်တွေက မကြာခဏ ဒီနေရာကို ပျံသန်းရောက်လာပြီး လူတွေနဲ့ ရင်းနှီးစွာ အပြန်အလှန်ဖလှယ် လေ့ရှိကြပါတယ်။
ကန်းကုတ်ဝေ စိုစွတ်မြေဥယျာဉ်
ဆောင်းရာသီထဲမှာ ဝင်ရောက်ပေမဲ့ ကန်းကုတ်ဝေ စိုစွတ်မြေဥယျာဉ်ထဲမှာ ဆောင်းဦးရာသီရဲ့ အငွေ့အသက်တွေ အပြည့်ရှိပြီး ဥယျာဉ်ထဲမှာ လမ်းနှစ်ဖက်က စိမ်းလန်းတဲ့ အပင်တွေဟာ ယခုအခါ ပြောက်ကျီးပြောက်ကျား ရောင်စုံထပြီး ဆီဆေးပန်းချီလို လှပတယ်။ ဒီနေရာမှာ စိတ်ပြေလက်ပျောက် နေပူစာလှုံနေပြီး အစာရှာနေတဲ့ ချစ်စရာကောင်းတဲ့ ခေါင်းနီစင်ရော်တွေကို တွေ့မြင်နိုင်ပြီး နွေးထွေးပျော်ရွှင်စေနိုင်တဲ့ ကောင်းမွန်လှပတဲ့ မြင်ကွင်းကို ခံစားနိုင်ပါတယ်။
ချောင်ယူတံတား
ချောင်ယူတံတားဟာ တာ့ကွမ်းမြစ်ပေါ်မှာ တည်ရှိပြီး အရှည် ၈၆ မီတာနဲ့ အကျယ် ၂၁ မီတာ ရှိပါတယ်။ ချောင်ယူတံတားပေါ်မှာ တံတားရဲ့ လှပတဲ့ ပုံသဏ္ဍာန်နဲ့ ဘေးနားက ပတ်ဝန်းကျင်တွေကို ကြည့်ရှုနိုင်တဲ့အပြင် ချစ်စရာကောင်းတဲ့ ခေါင်းနီစင်ရော်တွေကို ကြည့်ရှုနိုင်ပြီး သူတို့နဲ့ နီးကပ်စွာ အပြန်အလှန် ဖလှယ်နိုင်ပါတယ်။
အလှဆုံးရေကန်ပတ်လမ်း
ဒီလမ်းတစ်ခုလုံးဟာ စုစုပေါင်း ၁၁.၇၈၃ ကီလိုမီတာ ရှည်ပြီး ယာဉ်လမ်းကြောင်း ၄ ခု ဆိုတဲ့ စံချိန်အတိုင်း ဒီဇိုင်းဆွဲပြီး စက်ဘီစီးလမ်းနဲ့ လမ်းလျှောက်လမ်းတို့ကို စီစဉ်ထားကြတယ်။ ခေါင်းနီစင်ရော်တွေက လူတွေ အစာကျွေးဖို့ လမ်းဘေးသံတိုင်သံတန်းပေါ်မှာ တန်းစီပြီး စောင့်လေ့ရှိကြတယ်။ ဒီမှာရှိရင် တိန်ချီးရေကန်ကို လှမ်းမျှော်နိုင်ပါတယ်။
ဟိုင်မေ တံငါဆိပ်ကမ်းရှိ တံငါရွာလေး
တံငါရွာလေးဆိပ်ကမ်းဟာ ခေါင်းနီစင်ရော်တွေကို ကြည့်ရှုဖို့ အကောင်းဆုံးနေရာ ဖြစ်ပြီး ဒီမှာ အကြံကုန်ဉာဏ်ကုန် ဒီဇိုင်းဆွဲထားတဲ့ အကောင်းဆုံး ဓာတ်ပုံရိုက်နေရာကို စီစဉ်ထားပြီး ကားရပ်ဖို့ အဆင်ပြေပြီး လူအနည်းငယ်နဲ့ ခေါင်းနီစင်ရော် အများအပြား ရှိလို့ ခေါင်းနီစင်ရော်တွေနဲ့ နီးကပ်စွာ အပြန်အလှန် ဖလှယ်နိုင်ပါတယ်။ ခေါင်းနီစင်ရော်တွေနဲ့ မြူးထူးစွာ ကစားပြီးတော့ ငါးကြော်၊ ငါးချဉ်၊ ပုစွန်ကြော် စတဲ့ ဒေသခံ အစားအစာတွေကိုလဲ မြည်းစမ်းနိုင်ပါတယ်။
ယူနန်ပြည်နယ် အလုပ်သမားအပန်းဖြေဆေးရုံ
ယူနန်ပြည်နယ် အလုပ်သမားအပန်းဖြေဆေးရုံဟာ တိန်ချီးရေကန်ရဲ့ အနောက်ဘက်ကမ်းရှိ ဘိုင်ယူခုတ်မှာ တည်ရှိပြီး ဆေးရုံထဲမှာ ရှုခင်းတွေ သိပ်သာယာလှပပြီး ဒီနောက်မှာ တောင်စိမ်းရှိပြီး အရှေ့ဘက်မှာ တိန်ချီးရေကန် ရှိပြီး ခေါင်းနီစင်ရော်တွေကို ကြည့်ရှုဖို့ ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ခေါင်းနီစင်ရော်တွေ ကြည့်ရှုတဲ့ ပျော်ရွှင်မှုကို အားရပါးရ ခံစားနိုင်ပြီး သဘာဝနဲ့ လူသားတို့ရဲ့ ပြေပြစ်မှုနဲ့ ပေါင်းစပ်မှုတို့ကို ခံစားနိုင်ပါတယ်။
网友温温提问:小编,您好!周末和朋友去看海鸥,除了一些常见的观鸥点,可以给我推荐几个小众观鸥点吗?
小编解答:您好!昆明有很多小众观鸥点。下面我将为您推荐几个以供选择:
草海隧道湿地公园
草海隧道湿地公园是距离昆明主城区比较近的湿地公园,湿地公园全长大约4公里。可以择一个天气晴好的假日,沿湿地公园内的步道散步,与红嘴鸥来一场邂逅。
东风坝七孔浮桥
东风坝七孔浮桥位于滇池草海间,随着红嘴鸥的到来,栖息在草海的红嘴鸥时不时会飞至此处,与人们进行亲密互动。
干沟尾湿地公园
虽已入冬,但干沟尾湿地公园内秋味十足,公园道路两边的绿植如今正色彩斑斓,美如油画。在这里,可以看到可爱的红嘴鸥悠闲地晒太阳、觅食,感受温暖又治愈的美好场景。
朝云桥
位于大观河上的朝云桥长约86米,宽约21米。在朝云桥上,不仅可欣赏桥的优美造型以及周边的风景,还可一睹可爱精灵的优美身姿,与红嘴鸥进行亲密互动。
最美环湖路
全长11.783公里,全程四车道,设有骑行道和慢行道。红嘴鸥们会在护栏上列队站好,等待着人们的投喂。在这里,还可以远眺滇池。
海门渔港小渔村
小渔村码头是最佳观鸥位置,设有精心设计的最佳拍照点,停车便捷,人少鸥多,可以与红嘴鸥亲密互动。与红嘴鸥嬉戏之后,还能品尝到地道的渔家宴,如炸鱼、腌鱼、炸虾等美食。
云南省工人疗养院
云南省工人疗养院地处滇池西岸白鱼口,院内风景美不胜收,背倚青山,面朝滇池,是观鸥的绝佳宝藏地。可以尽情享受观鸥的乐趣,感受自然与人文的和谐交融。(信息来源:都市时报)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ