ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
2024-12-26 09:42|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တာ့လီစီရင်စု ပျင်းချွမ်းခရိုင်ရှိ ကျီးဇူစန်းတောင် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်မှ အကြောင်းကြားချက်အရ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ပျင်းချွမ်းခရိုင်မှ ဒုတိယအကြိမ် တရုတ်အိုဗာစီတို့၏ ဇာတိရပ်ရွာ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လှုပ်ရှားမှုများကို ထောက်ပံ့ကျင်းပ သည့်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့၊ ၂၂ ရက်နေ့နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ ၇ ရက်နေ့ (စုစုပေါင်း ၄ ရက်ကြာ) တို့တွင် ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ ၄င်းတို့၏ မှတ်ပုံတင်များဖြင့် အခမဲ့ လည်ပတ်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရခဲ့သည်။
ကျီးဇူစန်းတောင်သည် တာ့လီစီရင်စု ပျင်းချွမ်းခရိုင်အတွင်း တည်ရှိပြီး စုစုပေါင်းဧရိယာ ၂၈၂၂ ဟက်တာ ရှိပြီး ၎င်း၏ အဓိကတောင်ထွတ် ထျန်းဇုတောင်ထွတ်သည် ပင်လယ်ရေမျက်နှာပြင်ထက် ၃၂၄၈ မီတာ ရှိကာ အမျိုးသားအဆင့် 4A အဆင့် ရှုခင်းသာနေရာနှင့် အမျိုးသားအဆင့် ရှုခင်းသားနေရာမှ တာ့လီစီရင်စုရှိ ရှုခင်းသာနေရာများထဲမှ အဓိက ရှုခင်းသာနေရာ တစ်ခု ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




