Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
2024-12-25 17:28|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ကူးလူးဆက်ဆံမှုများကို တစ်ဆင့်တိုး၍ နက်ရှိုင်းစေရန်နှင့် ခရီးသည်များအတွက် ပိုမိုလျင်မြန် အဆင်ပြေသော၊ သက်သာသော လေကြောင်းဖြင့် ခရီးသွားရွေးချယ်မှုများကို ပေးနိုင်ရန် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် Lucky Air သည် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းကို စတင်ဖွင့်လှစ်မည် ဟု သတင်းထောက်က ယူနန် Lucky Air ကုမ္ပဏီလီမိတက်မှ သိရှိရခဲ့သည်။
Lucky Air ၏ ကူမင်း-ဗီယင်ကျန်း လေကြောင်းလိုင်းသည် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့တိုင်း ပျံသန်းရန် စီစဉ်ထားသည်။ ထွက်ခွာသည့် လေယာဉ်အမှတ်စဉ်သည် 8L861 ဖြစ်၍ ၁၆ နာရီ ၃၅ မိနစ်တွင် ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းပြီး ၁၇ နာရီ ၂၀ မိနစ်တွင် ဗီယင်ကျန်း ဝတ်တေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ ပြန်လာသည့် လေယာဉ်အမှတ်စဉ်သည် 8L862 ဖြစ်၍ ၁၈ နာရီ ၂၀ မိနစ်တွင် ဗီယင်ကျန်း ဝတ်တေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းပြီး ၂၁ နာရီနှင့် ၅ မိနစ်တွင် ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ အထက်ပါအချိန်သည် ဒေသစံတော်ချိန် ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


