Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
2024-12-25 17:28|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ကူးလူးဆက်ဆံမှုများကို တစ်ဆင့်တိုး၍ နက်ရှိုင်းစေရန်နှင့် ခရီးသည်များအတွက် ပိုမိုလျင်မြန် အဆင်ပြေသော၊ သက်သာသော လေကြောင်းဖြင့် ခရီးသွားရွေးချယ်မှုများကို ပေးနိုင်ရန် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် Lucky Air သည် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းကို စတင်ဖွင့်လှစ်မည် ဟု သတင်းထောက်က ယူနန် Lucky Air ကုမ္ပဏီလီမိတက်မှ သိရှိရခဲ့သည်။
Lucky Air ၏ ကူမင်း-ဗီယင်ကျန်း လေကြောင်းလိုင်းသည် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့တိုင်း ပျံသန်းရန် စီစဉ်ထားသည်။ ထွက်ခွာသည့် လေယာဉ်အမှတ်စဉ်သည် 8L861 ဖြစ်၍ ၁၆ နာရီ ၃၅ မိနစ်တွင် ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းပြီး ၁၇ နာရီ ၂၀ မိနစ်တွင် ဗီယင်ကျန်း ဝတ်တေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ ပြန်လာသည့် လေယာဉ်အမှတ်စဉ်သည် 8L862 ဖြစ်၍ ၁၈ နာရီ ၂၀ မိနစ်တွင် ဗီယင်ကျန်း ဝတ်တေ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပျံသန်းပြီး ၂၁ နာရီနှင့် ၅ မိနစ်တွင် ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။ အထက်ပါအချိန်သည် ဒေသစံတော်ချိန် ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့


