တီချင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများသည် တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ဆန္ဒအလျောက် ရှေ့ရှုချီတက်ကြ

2024-12-23 17:04|ရောင်စုံတိမ်တံတား


(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ကမ္ဘာပေါ်ရှိ "ရှန်ဂရီလာ" ဟူသော ရွှေရောင်ဆိုင်းဘုတ် ထွန်းလင်းစေရန်နှင့် တရုတ် ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာသို့ ပိုမိုကောင်းမွန်အောင် တွန်းဆော်ရန် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ ဦးစီးကျင်းပသည့် "ကမ္ဘာပေါ်ရှိ ရှန်ဂရီလာမှ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် နိုင်ငံတကာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပြန့်ပွားစေလှုပ်ရှားမှု" ကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။

1775282_2048x2048

ကူမင်းမြို့အခြေစိုက် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ကမ္ဘောဒီးယား စသည့် တောင်အရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ်များ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာန၊ လျန်ချန်း-မဲခေါင်မြစ် ဘက်စုံ ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာ စသည့် သက်ဆိုင်ရာ အစိုးရဌာနများမှ ခေါင်းဆောင်များသည် ဤလှုပ်ရှားမှုကို ပါဝင်တက်ရောက်ခဲ့ကြသည်။ တီချင့်စီရင်စု၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ညှို့နိုင်စွမ်းများအား အတူတကွ ခံစားရန် လှုပ်ရှားမှုတွင် ပြည်တွင်းပြည်ပ ဧည့်သည်တော်များနှင့် ခရီးသွားအေဂျင်စီများမှ ကိုယ်စားလှယ်များ စသည်တို့ စုစုပေါင်း အယောက် ၂၀၀ ကျော်ကိုလည်း ဖိတ်ကြားခဲ့သည်။

မိတ်ဆက်ပွဲတွင် တီချင့်စီရင်စု၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ မိတ်ဆက်သူ ဟယ်ချူးရှာသည် ဖူတာချော့အမျိုးသားဥယျာဉ်၊ မေလီဆီးနှင်းတောင်၊ ပါလာကဇုံ၊ စုံဇန်လင် ရှုခင်းသာနေရာ၊ တူခဇုံ ရှေးဟောင်းမြို့ စသည့် တီချင့်စီရင်စု၏ တောက်ပသော နာမည်ကတ်ပြားများကို အင်္ဂလိပ်ဘာသာစကားဖြင့် မိတ်ဆက်ခဲ့ကာ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသ မှလာသည့် နိုင်ငံတကာမိတ်ဆွေများအတွက် တီချင့်စီရင်စုရှိ ထူးခြားပြီး ပေါများကြွယ်ဝလှသော သဘာဝ ဂေဟသယံဇာတများနှင့် သမိုင်းဝင်ယဉ်ကျေးမှု သယံဇာတများကို ဖော်ပြခဲ့သည်။ ထို့နောက် ကူမင်းမြို့၊ ချူကျင့်မြို့၊ ယုရှီးမြို့နှင့် ကျောက်ထုံးမြို့ စသည့် ကျင်းဆားမြစ်တစ်လျှောက်ရှိ ခရီးသွားလုပ်ငန်း စီးပွားရေး ခါးပတ်မှ စီရင်စုများ၊ မြို့များ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနများ၊ တီချင့်စီရင်စုရှိ အဓိက ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများသည် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို မိတ်ဆက်ခဲ့ကြသည်။

1775285_2048x2048

ဤအကြိမ် လှုပ်ရှားမှုတွင် ကမ္ဘာပေါ်ရှိ "ရှန်ဂရီလာ"နှင့် ပေါင်းသင်းဆက်ဆံခြင်း- တီချင့် နိုင်ငံတကာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ မိတ်ဆက်ပွဲ၊ ကမ္ဘာပေါ်ရှိ "ရှန်ဂရီလာ"နှင့် ရောနှောပေါင်းစပ်ခြင်း- တီချင့်မှ ပြည်ဝင်ခရီးသွားလုပ်ငန်းများကို ကြီးထွားလာစေခြင်း ဆယ်လွန်နှင့် နိုင်ငံတကာ ခရီးသွားလမ်းကြောင်း ထုတ်ကုန်များ ညှိနှိုင်းစည်းဝေးပွဲ စသည့် လှုပ်ရှားမှုစီးရီး ၆ ခုကို ပါဝင်၍ တီချင့်စီရင်စုနှင့် တောင်အာရှ၊ အရှေ့တောင်အာရှ ဒေသတို့အကြား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ စူးစမ်းလေ့လာရန် ရည်ရွယ်သည်။

1775286_2048x2048

အနာဂတ်တွင် တီချင့်စီရင်စုနှင့် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံတို့အကြား ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် အဆက်မပြတ် နက်ရှိုင်းလာသည် နှင့်အမျှ ကမ္ဘာပေါ်ရှိ "ရှန်ဂရီလာ" ဟူသော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အမှတ်တံဆိပ်သည် တောင်အရှနှင့် အရှေ့တောင်အာရှ ဒေသတွင် ပိုမိုရွှန်းတင့်တောက်ပသော အရောင် ထွက်လာမည်။ တီချင်စီရင်စုသည် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်၍ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို စည်ပင်ဖွံ့ဖြိုးတိုးတက်စေရန် အတူတကွ တွန်းအားပေးမည်။

昆明信息港讯 记者戴至荷 为擦亮世界的“香格里拉”金字招牌,更好地推动中华文化走出去,12月20日,由迪庆藏族自治州文化和旅游局主办的“世界的‘香格里拉’面向南亚、东南亚国际文化旅游推广活动”在昆明举办。

1775282_2048x2048

越南、泰国、马来西亚、缅甸、孟加拉国、老挝、柬埔寨等南亚、东南亚国家驻昆领事馆总领事,云南省外事办、云南省文化和旅游厅、澜沧江——湄公河综合执法安全合作中心等政府部门相关领导出席活动。活动还邀请了200余名国内外嘉宾及旅行社代表等,共同见证迪庆州的文旅魅力。

云南省文化和旅游厅副厅长刘丽娜在发言中表示:活动将推动世界的“香格里拉”品牌在全世界传播,极大地提升迪庆乃至云南省在国际旅游市场的知名度。

1775285_2048x2048

迪庆藏族自治州人民政府副州长徐光德向与会嘉宾介绍了迪庆丰富的旅游资源和独特的民族文化,诚邀各国朋友前往迪庆体验“香格里拉”的神秘与美丽。

迪庆州文化和旅游局局长高翔在发言中表示,世界的“香格里拉”名扬天下,伴随着云南省加快建设面向南亚、东南亚辐射中心的脚步,推进世界的“香格里拉”国际化、全球化其时已至!此次在昆明举办面向南亚、东南亚国际文化旅游推广活动,旨在发展壮大迪庆入境旅游,深化国际旅游合作,让世界的“香格里拉”走向世界!

1775286_2048x2048

推介会上,迪庆文旅推荐官和秋霞采用全英文的方式,介绍了普达措国家公园、梅里雪山、巴拉格宗、松赞林景区、独克宗古城等迪庆州的亮丽名片,为来自南亚、东南亚地区的国际友人展示了迪庆州独特而丰富的自然生态资源和历史文化资源。随后,昆明市、曲靖市、玉溪市、昭通市等金沙江沿江旅游经济带州市文旅局,迪庆州主要文旅企业在活动中进行了文旅推介。

据了解,此次活动包含了交往世界的“香格里拉”——迪庆国际文化旅游推介会、交融世界的“香格里拉”——迪庆壮大入境旅游主题沙龙暨国际旅游线路产品洽谈会等6个系列主题活动,旨在深入探讨迪庆州与南亚、东南亚地区间的文化旅游合作。

未来,随着迪庆与南亚、东南亚国家文化旅游交流与合作的不断深入,世界的“香格里拉”这一文化旅游品牌形象,将在南亚、东南亚地区焕发出更加绚丽的光彩。迪庆州将继续加强与南亚、东南亚国家的文化旅游交流与合作,共同推动文化旅游事业的繁荣发展。

本次活动由迪庆藏族自治州文化和旅游局主办,云南嘉福顺文化产业有限公司承办,昆明市文化和旅游局、曲靖市文化和旅游局、玉溪市文化和旅游局、昭通市文化和旅游局、迪庆州文旅企业、昆明市新的社会阶层人士联合会协办。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်