တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးသည် ဆက်တိုက် ရေပန်းစားလာ
2024-12-17 16:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤနှစ်တွင် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး မူဝါဒများသည် အဆက်မပြတ် ကောင်းမွန်လာသည် နှင့်အမျှ ဟယ်ခုတ်ဆိပ်ကမ်းရှိ နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးစျေးကွက်သည် အားမာန်ပြည့်ဖြိုး၍ ရှင်သန်တက်ကြွလှသည်။ ဗီယက်နမ်နိုင်ငံ မှလာသည့် ခရီးသည် အများအပြားသည် ဟယ်ခုတ်ဆိပ်ကမ်းမှ တရုတ်နိုင်ငံထဲသို့ ဝင်ရောက်၍ ယိရှီး-ဟယ်ခုတ် ရထားလမ်း၊ မီလယ်-မန်ဇီ ရထားလမ်းတို့ဖြင့် ကျည်ဆန်ရထားကို စီးပြီး ကူမင်းမြို့၊ တာ့လီမြို့နှင့် လိကျန်းမြို့ စသည့်နေရာများသို့ သွားရောက်ကာ ဘူတာရုံပလက်ဖောင်းပေါ်နှင့် ရထားစောင့်ခန်းမထဲတွင် ခရီးသွားအေဂျင်စီများ၏ ရောင်စုံသော အလံများသည် ဟယ်ခုတ်မြောက်ပိုင်းဘူတာရုံနှင့် ဟုံဟယ်ဘူတာရုံတို့၏ လှပသော ရှုခင်း ဖြစ်လာခဲ့သည်။
"နှစ်ဦးပိုင်းမှာ ကျောက်ဇေဆီးနှင်းတောင်အဖွဲ့ကနေ အခုမှာ ကူမင်းအဖွဲ့၊ တာ့လီအဖွဲ့၊ လိကျန်းအဖွဲ့နဲ့ ရှန်ဂရီလာအဖွဲ့အထိ၊ ကျွန်ုပ်တို့က နေတိုင်း ဗီယက်နမ့်ခရီးသွားအဖွဲ့ ၂ ဖွဲ့က ၃ ဖွဲ့အထိကို ဝန်ဆောင်မှုပေးလေ့ရှိတယ်။" နေ့တိုင်း ၁၃ နာရီခွဲတွင် ဟယ်ခုတ်မြောက်ပိုင်းဘူတာရုံမှ စတင်ထွက်ခွာသည့် C560 ကျည်ဆန်ရထားသည် အရေအတွက် မတူညီသော ဗီယက်နမ်နိုင်ငံဖြတ်ကျော် ခရီးသွားအဖွဲ့ကို တွေ့ကြုံလျက်ရှိကာ ရထားစောင့်အခန်းထဲတွင် တရုတ်စံပြစကားများ၊ ယူနန်ဒေသသုံးစကားများနှင့် ဗီယက်နမ်စကားများဆိုင်ရာ ဖလှယ်ရေးအသံများ နိမ့်ချည်မြင့်ချည် ထွက်လာလျက်ရှိသည် ဖြစ်ကြောင်း ဟယ်ခုတ်မြောက်ပိုင်းဘူတာရုံမှ ခရီးသည်ပို့ဆောင်သူ ထျန်ယူယန်က ပြောဆိုခဲ့သည်။
ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်၍ ကျည်ဆန်ရထားများဖြင့် နယ်စပ်ဒေသသို့ ရောက်နိုင်၍ ၄င်းသည် ဗီယက်နမ်ခရီးသည်များအတွက် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ရန် သွက်လက်ဖျတ်လတ်မှု အရှိဆုံးသော လမ်းကြောင်းတစ်ခု ဖြစ်သည်။
"ဗီယက်နမ့်ခရီးသွားအဖွဲ့က တာ့လီ၊ လိကျန်း၊ ရှန်ဂရီလာ စတဲ့ နေရာတွေကို သွားရောက်လည်ပတ်ပြီး ရှုခင်းကြည့်ရှုပြီး တရုတ်နိုင်ငံရဲ့ သမိုင်းယဉ်ကျေးမှု၊ ရုံးရာဓလေ့ထုံးစံတွေကို နားလည်ဖို့ ကြိုက်နှစ်သက်ကြပါတယ်။ ဟုံဟယ်ဘူတာရုံရဲ့ ဝန်ထမ်းတွေက ကျွန်ုပ်တို့ကို စိတ်အားထက်သန်စွာ ဧည့်ခံပြီး ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးပြီး ဝန်ဆောင်မှုက အရမ်း ကောင်းမွန်ပါတယ်" ဟု ဗီယက်နမ့်ဧည့်လမ်းညွှန် ဟွမ်ဝေကျင့်က ပြောဆိုခဲ့သည်။ သူသည် ဟုံဟယ်ဘူတာရုံသို့ မကြာခဏ လာရောက်လည်ပတ်သူ ဖြစ်ပြီး ရက်အနည်းငယ်ကြာတိုင်း အဖွဲ့ကို ဦးစီးကွပ်ကဲပြီး ဟုံဟယ်ဘူတာရုံသို့ လာရောက်လျက်ရှိကြသည် သို့မဟုတ် မြောက်ဘက်မှ တာ့လီနှင့် လိကျန်းတို့သို့ အမြန်ရထားပြောင်းစီး သွားရောက်လျက်ရှိသည် သို့မဟုတ် ဗီယက်နမ့်ခရီးသည်များအား ဦးစီးကွပ်ကဲပြီး တောင်ဘက်မှ ဗီယက်နမ်နိုင်ငံသို့ ပြန်သွားလျက်ရှိသည်။
စာရင်းဇယားများအရ ဤနှစ်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ဟုံဟယ်ဘူတာရုံ၊ ဟယ်ခုတ်မြောက်ပိုင်းဘူတာရုံတို့သည် ဗီယက်နမ်နိုင်ငံမှ ထွက်ခွာပြီးနှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် ခရီးသွားအဖွဲ့ အခုပေါင်း ၁၇၀၀၊ ခရီးသည် အယောက်ပေါင်း ၄.၃ သောင်းကို ဝန်ဆောင်မှုပေးခဲ့၍ သမိုင်းစံချိန်သစ် တင်ခဲ့သည်။ နယ်စပ်ဖြတ်ကျော် ခရီးသွားအဖွဲ့များသည် ယူနန်အရှေ့တောင်ပိုင်းရှိ ရထားပို့ဆောင်ရေးစျေးကွက်ထဲမှ အင်အားသစ် တစ်ခု ဖြစ်လာနေပြီ။
今年以来,随着中越跨境游政策持续利好,河口口岸跨境旅游市场呈现勃勃生机。来自越南的大批游客通过河口口岸入境,通过玉河铁路、弥蒙铁路乘坐动车前往昆明、大理、丽江等地,站台上、候车大厅里色彩缤纷的旅行社队旗成为河口北站、红河站的亮丽风景。
“从年初的轿子雪山团到现在的昆明团、大理团、丽江团、香格里拉团,我们每天都会服务2到3个越南旅行团。”河口北站客运员田雨阳说,每天13时30分,由河口北站始发的C560次动车组都会迎来人数不等的越南跨境旅游团,候车室里普通话、云南方言和越南语的交流声此起彼伏。
红河哈尼族彝族自治州与越南接壤,动车直达边境,是越南籍游客进入中国最便捷的通道之一。
“越南旅游团队喜欢到大理、丽江、香格里拉等地游玩,看看风景,了解中国的历史文化、风俗习惯。红河站工作人员热情地接待我们,协助我们办理手续,服务非常好。”越南导游黄文进是红河站的“常客”,每隔几天就会带队来到红河站,或北上换乘高铁前往大理、丽江,或南下带领越南旅客返程。
据开远车务段统计,截至11月11日,红河站、河口北站今年共服务到发越南旅游团1700个,人数达4.3万人次,创历史新高。跨境旅游团队已成为滇东南铁路运输市场的一大新生力量。(云南日报 记者胡晓蓉 通讯员刘昊亮)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ