"အင်ကာယဉ်ကျေးမှုများကို ပြန်တွေ့၊ ပီရူး အင်ဒီးစ်ယဉ်ကျေးမှု အထူးပြပွဲ"ကို ကူမင်းမြို့၌ ကျင်းပနေ
2024-12-10 15:47|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) "အင်ကာယဉ်ကျေးမှုများကို ပြန်တွေ့၊ ပီရူး အင်ဒီးစ်ယဉ်ကျေးမှု အထူးပြပွဲ"ကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ယူနန်ပြည်နယ်ပြတိုက်၌ စတင်ကျင်းပခဲ့သည်၊ ဤပြပွဲတွင် ပီရူးနိုင်ငံရှိ ပြတိုက် ၁၄ ခုမှ ယဉ်ကျေးမှုအမွေအနှစ် စုစုပေါင်း ၁၆၈ ခု(အုပ်စု) ကို စုစည်းထား၍ အရိုးကိရိယာများ၊ သတ္တုများ၊ ကျောက်ကိရိယာများ၊ မြေထည်များ၊ သစ်သားထည်ပရိဘောဂများ၊ အထည်များ၊ ပန်းချီကားများ စသည်တို့ ပါဝင်ကြသည်။ ပြပွဲတွင် ၁၂ ရာစုမတိုင်မီ ရှေးဟောင်းသော အင်ဒီးစ် ယဉ်ကျေးမှု၊ ၁၂ ရာစုမှ ၁၆ ရာစုအတွင်းမှ အင်ကာဘုရင့်နိုင်ငံ၊ တောက်ပရွှန်းတင့်သော စကြဝဠာ ဟူသော အစိတ်အပိုင်း ၃ ခုဖြင့် အင်ကာဘုရင့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ လူမှုဘဝများ၊ အနုပညာအောင်မြင်မှုမျာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဘက်ပေါင်းစုံ ပြသထားပါသည်။
ဤအကြိမ်ပြပွဲသည် တရုတ်နိုင်ငံရှိ "ပီရူး အင်ဒီးစ်ယဉ်ကျေးမှု အထူးပြပွဲ" ၏ နောက်ဆုံးပြပွဲ ဖြစ်၍ ၂၀၂၅ ခုနှစ် မတ်လ ၉ ရက်နေ့အထိ ဆက်တိုက်ကျင်းပသွားမည်၊ ပြည်သူလူထုများနှင့် ခရီးသည်များသည် ယူနန်ပြည်နယ်ပြတိုက် ပထမထပ်သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




















