တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေသည်ဟု လာအို ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းထောက် ပြောဆိုခဲ့

2024-12-05 16:15|ရောင်စုံတိမ်တံတား

1764401

(ရောင်စုံတိမ်တံတား ခင်ခင်တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြီးကတည်းက တရုတ်-လာအို နှစ်နိုင်ငံတို့ကို ချိတ်ဆက်ရန် အရေးကြီးသော ချိတ်ဆက်မှု ဖြစ်လာနေသည်။ ၃ နှစ်တာအတွင်း တရုတ်-လာအို ရထားလမ်းသည် ဘေးကင်းလုံခြုံစွာနှင့် တွင်ကျယ်စွာ လည်ပတ်ထားပြီး ခရီးသည်နှင့် ကုန်စည်များ သန်းပေါင်းများစွာကို သယ်ယူပို့ဆောင်ရုံသာမက ရထားလမ်းတစ်လျှောက်ရှိ ဒေသများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ တွန်းအားပေးပြီး ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အင်ဂျင် ဖြစ်လာသည်။ ယင်းရထားလမ်း၏ ရှေ့ဆောင်ရှေ့ရွက်ပြုခြင်းဖြင့် ရထားလမ်းတစ်လျှောက်ရှိ မြို့ပြများ ဥပမာအားဖြင့် ကူမင်းမြို့၊ ဗီယင်ကျန်းမြို့နှင့် အရေးကြီးသော ဆိပ်ကမ်းမြို့ဖြစ်သည့် မိုဟန်တို့သည် မဖြစ်စဖူးသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ကြိုဆိုနေကြသည်။

လာအို ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းထောက်ဖြစ်သူ စူဆာဝမ်ဖါတီသည် တရုတ်-လာအို ရထားလမ်းမှာ သုံးနှစ်အတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုအပေါ်  ရှိသည့်ခံစားချက်များကို “အံ့ချီးဖွယ်ရာ၊ အခွင့်အလမ်း၊ အနာဂတ်” ဟူသော စကားလုံး သုံးလုံးဖြင့် အကျဉ်းချုပ် ဖော်ပြခဲ့သည်။ တရုတ်-လာအို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေးကို အချိန်ကြာရှည်စွာ အာရုံစိုက်ထားသည့် ဝါရင့်သော သတင်းထောက်တစ်ဦးအနေဖြင့် ဤရထားလမ်းပတ်သက်ပြီး စီမံကိန်းမှ လက်တွေ့ဖြစ်လာပုံသို့ မည်သို့ပြောင်းလဲလာခြင်းနှင့် ၃ နှစ်အတွင်း နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ယဉ်ကျေးမှုအား မည်သို့ပေါင်းစပ်လာခြင်းကို သူသည် မျက်မြင်တွေ့ရှိခဲ့သည်။ အထူးသဖြင့် မိုဟန်၏ ပြောင်းလဲမှုအပေါ် သူသည် နက်ရှိုင်းသော ထိတွေ့ခံစားမှု ရှိ၍"တရုတ်-လာအို ရထားလမ်းက တံတားဖြစ်ပြီး မိုဟန်က ဒီတံတားပေါ်မှ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တယ်၊ ဒီအရာနှစ်ခုတို့က နယ်စပ်ဖြတ်ကျော်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အံ့ချီးစရာတစ်ခုကို အတူရေးသားထားကြပါတယ"ဟု ပြောဆိုခဲ့သည်။

1764402

တရုတ်-လာအို ရထားလမ်း၏ စတင်ဖွင့်လှစ်ခြင်းသည် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်လမ်းအား လမ်းပေါက်ခြင်း ဖြစ်ရုံသာမက တရုတ်-လာအို နှစ်နိုင်ငံအကြားတွင် အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ပြီး နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သည့် ပြယုဂ် ပို၍ ဖြစ်သည်၊ ယခု ၃ နှစ်အတွင်း ဤရထားလမ်းသည် အားကောင်းသော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တွန်းအားကို ပြသထားပြီး အထူးသဖြင့် မိုဟန်ကို တွန်းဆော်ရန် စွမ်းဆောင်နိုင်မှု အထင်ရှားဆုံး ဖြစ်ကြောင်း စူဆာဝမ်ဖါတီသည် ထင်မြင်မိသည်။

၃ နှစ်အတွင်း မိုဟန်မြို့နယ်၏ အရှိန်အဟုန်မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုသည် ကူမင်း၏ စီမံခန့်ခွဲခြင်းနှင့် တရုတ်-လာအို ရထားလမ်း၏ အကျိုးသက်ရောက်မှု နှစ်ခုပေါင်းလာသော ရလဒ် ဖြစ်သည်။ "ကိန်းဂဏန်းအချက်အလက်အရ မိုဟန်ရဲ့ သွင်းကုန်ပို့ကုန်ပမာဏနဲ့ ကုန်စည်တန်ဖိုးတို့မှာ နှစ်စဉ် တိုးတက်လာတာကို တွေ့ရှိနိုင်ပြီး ပိုမိုနက်ရှိုင်းတဲ့ ပြောင်းလဲမှုမှာ မိုဟန်က ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်ငန်းကုမ္ပဏီတွေနဲ့ ခရီးသည်တွေရဲ့ အာရုံစိုက်ဆုံစည်းချက် ဖြစ်နေတာပဲ ဖြစ်ပါတယ်၊ ရထားလမ်း လည်ပတ်ပြေးဆွဲတဲ့ နေ့တိုင်းမှာ မိုဟန်အတွက် စွမ်းအားအသစ်တွေ တိုးဖြည့်ပေးထားပါတယ်"ဟု စူဆာဝမ်ဖါတီသည် ပြောဆိုခဲ့သည်။

တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်တို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အပြန်အလှန် ကူပံ့ကျေးဇူးပြုလျက်ရှိပြီး ရထားလမ်းသည် နှစ်နိုင်ငံအကြားမှ အာကာသအကွာအဝေးကို တိုတောင်းစေရုံသာမက လူများ၏ သွားလာမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိုလည်း အထောက်အကူပြုထား၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသော တံတားကို ဖြစ်လာနေသည်ဟု စူဆာဝမ်ဖါတီ ထင်မြင်ထားကာ " တရုတ်-လာအို ရထားလမ်းနဲ့ မိုဟန်တို့က တရုတ်-လာအို ချစ်ကြည်ရေးရဲ့  အတောင်နှစ်ဖက်လိုပြီး ရထားလမ်းက ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ခင်းကျင်းထားတယ်၊ မိုဟန်ကတော့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်တွေကို ပြသထားတယ်"ဟု ပြောဆိုခဲ့သည်။

1764401

中老铁路通车以来,已成为连接中国与老挝重要纽带。三年来,中老铁路实现安全高效运行,不仅运输数以千万计的旅客和货物,还极大地推动了沿线地区经济发展,成为区域经济合作的重要引擎。在这条铁路带动下,沿线城市如昆明、万象,以及重要口岸磨憨,纷纷迎来前所未有的发展机遇。

老挝《人民报》记者苏萨湾·帕迪用三个词总结他对中老铁路三年来的发展感受:“奇迹、机遇、未来”。作为一名长期关注中老合作与友谊的资深记者,他亲眼见证了这条铁路如何从蓝图变成现实,又如何在三年间带动两国经济文化的深度融合。特别是对磨憨的变化,他感触颇深:“中老铁路是桥梁,而磨憨则是这座桥梁上的枢纽,两者共同书写了一个跨境发展奇迹。”

1764402

苏萨湾·帕迪认为,中老铁路开通不仅是一条交通线路贯通,更是中老两国实现互联互通、深度合作的象征。这三年来,中老铁路展现出强大经济和社会推动力,尤其是对磨憨的带动作用最为显著。“磨憨从一个普通边境小镇变成了国际化物流枢纽,这是中老铁路带来的最大礼物。它让两国贸易更高效,也让边境地区经济活力得以释放。”

磨憨三年来飞速发展,是昆明托管与中老铁路效应双重叠加结果。苏萨湾·帕迪说:“从数据上看,磨憨进出口货运量和货值年年增长,但更深层的变化是,磨憨已经成为投资者、企业和游客的关注焦点。铁路通车的每一天,都在为磨憨注入新活力。”

苏萨湾·帕迪认为,中老铁路和磨憨的发展是相辅相成关系。铁路不仅缩短了两国空间距离,更带动了人员流动和文化交流,成为双边合作重要桥梁。他说:“中老铁路和磨憨,就像中老友谊双翼,铁路铺就了合作之路,磨憨则展现出合作成果。”这一观点贯穿了他对中老铁路与磨憨发展观察与报道,也让他对未来充满期待。(昆明信息港 记者洪俊杰 张玉)

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်