တရုတ်-လာအို ရထားလမ်းသည် လာအိုအတွက် ရထားလမ်းသာမက မျှော်လင့်ချက်နှင့် အခွင့်အလမ်းများလည်း ပေးသည်ဟု Pathet Lao ၏ Kerdkhuanjai malyzhansy က ပြောဆိုခဲ့
2024-12-04 17:36|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြီးနောက် ၄င်းသည် တရုတ်နိုင်ငံ၏ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ "ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း" မဟာဗျူဟာတို့ ချိတ်ဆက်ထားပြီး "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" တစ်လျှောက်ရှိ တည်ဆောက်ရေးလုပ်ငန်းများကို ရှေ့သို့တွန်းတင်ပြီး အနီးဝန်းကျင်နိုင်ငံများနှင့် အပြန်အလှန် ချိတ်ဆက်သည့် အရေးပါသော စီမံကိန်းတစ်ခု ဖြစ်လာရုံသာမက တရုတ်နှင့် လာအို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတတစ်ခုလည်း ဖြစ်လာခဲ့သည်။
လာအို Pathet Lao သတင်းစာ၏ အယ်ဒီတာဌာနမှ ဒုတိယညွှန်ကြားရေးမှူး Kerdkhuanjai malyzhansy သည် ဤသမိုင်းဝင် ကျော်လွန်မှုကို မျက်မြင်သက်သေခံနိုင် သည့်အတွက် အလွန်ဂုဏ်ယူမိသည်၊ သူသည် တရုတ်-လာအို ရထားလမ်းသည် ကြီးမြတ်သော စီမံကိန်တစ်ခု ဖြစ်ရုံသာမက နှစ်နိုင်ငံ ပြည်သူလူထုများမှ ပူးပေါင်းကြိုးပမ်းမှု၏ ရလဒ်လည်း ဖြစ်ကာ လာအို ပြည်သူလူထုများအတွက် အမှန်တကယ် အကျိုးကျေးဇူးများ ပေးဆောင်ခဲ့သည်ဟု ယူဆပါသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် Kerdkhuanjai Malyzhansy သည် တရုတ်-လာအို ရထားလမ်း စမ်းသပ်ပြေးဆွဲမှုကို ပထမဦးဆုံး ခံစားခဲ့ကာ ဗီယင်ကျန်း ဘူတာမှ မြန်နှုန်းမြင့်ရထားဖြင့် ထွက်ခွာခဲ့ပြီး ၂၅ မိနစ်ကြာ ဗီယင်ကျန်းပြည်နယ်ရှိ Penghong ဘူတာသို့ ရောက်ရှိခဲ့သည်။ "ကိုယ့်နိုင်ငံမှာ အမြန်ရထားလမ်းရဲ့ လျင်မြန်လွယ်ကူမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားနိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒီရထားလမ်းရဲ့ ဖွင့်လိုက်တာဟာ လာအိုနိုင်ငံကို ရိုးရာသယ်ယူပို့ဆောင်ရေးနည်းကနေ ခေတ်မီတဲ့ ရထားလမ်းကွန်ရက်ဆီ ကူးပြောင်းစေပြီး နှစ်နိုင်ငံတို့ရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှု စတဲ့ နယ်ပယ်တွေက နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို များပြားစွာ တွန်းအားပေးခဲ့ပါတယ်။" ဟု သူက ပြောဆိုခဲ့သည်။
တရုတ်-လာအို ရထားလမ်း၏ ဖွင့်လှစ်ခြင်းမှာ လာအိုနိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်မှုသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့သည်နှင့် အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးနယ်ပယ်တွင် အရေးပါသော ကျော်လွန်မှု ရရှိခဲ့သည်တို့ကို လက္ခဏာဆောင်ထားသည်။ Kerdkhuanjai Malyzhansy က "ရထားလမ်းရဲ့ ဖွင့်လိုက်တာဟာ လာအိုနိုင်ငံကို ပိုများတဲ့ အခွင့်အလမ်းတွေ ပါလာခဲ့ပြီး နိုင်ငံတကာစင်မြင့်ပေါ်က ယှဉ်ပြိုင်နိုင်စွမ်းတွေကို မြှင့်တင်ခဲ့တာအပြင် လာအိုကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုထဲက အရေးပါတဲ့ အချက်အချာတစ်ခုလဲ ဖြစ်လာစေခဲ့ပါတယ်။" ဟု ပြောကြားခဲ့သည်။
တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူလူထုများ၏ အကျိုးကျေးဇူးများကို တိုးမြှင့်ရန် အရေးပါသော စွမ်းဆောင်နိုင်မှုများ ရှိသည်။ Kerdkhuanjai Malyzhansy က "ရထားလမ်းရဲ့ ဖွင့်လိုက်တာဟာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်နိုင်စွမ်းတွေကို ထင်ထင်ရှားရှား မြှင့်တင်ရုံသာမက လာအိုပြည်သူလူထုတွေကို ပေါများကြွယ်ဝတဲ့ လုပ်ကိုင်ခွင့်တွေလဲ ဖန်တီးပေးခဲ့တယ်။ စီမံကိန်းကို စတင်တည်ဆောက်ပြီးတော့ ဒေသခံအလုပ်သမား ၅၀၀၀ ကျော်ကို ရထားလမ်း ဆောက်လုပ်စေခဲ့ပြီး လုပ်ကိုင်ခွင့် ၁၁ သောင်းကျော်ကို ဖန်တီးပေးခဲ့ပြီး ဒေသခံတွေရဲ့ နေထိုင်မှုအခြေအနေကို ပိုမိုကောင်းမွန်စေဖို့ အရေးကြီးတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးတော လာအိုလူငယ်တွေက ပြည်ထွက်သင်ယူတဲ့ အခွင့်အလမ်း ပိုများလာလို့ လူများစွာက တရုတ်နိုင်ငံကို သင်ယူလာဖို့ ရွေးချယ်ပြီး မိမိရဲ့ တတ်ကျွမ်းမှုစွမ်းရည်နဲ့ အသိပညာအဆင့်ကို မြှင့်တင်နေကြတယ်။" ဟု ပြောကြားခဲ့သည်။
တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံ ပြည်သူလူထုအကြား ကူးလူးဆက်ဆံမှုနှင့် ချစ်ကြည်မှုများကိုလည်း တက်ကြွစွာ တိုးမြှင့်ခဲ့သည်။ Kerdkhuanjai Malyzhansy က "တရုတ်-လာအို ရထားလမ်းရဲ့ ဖွင့်လိုက်တာဟာ လာအိုနဲ့ တရုတ်နှစ်နိုင်ငံတို့ရဲ့ ပြည်သူလူထုတို့အကြား နားလည်မှုနဲ့ အပြန်အလှန်ဆက်ဆံမှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံအကြား ကြည်ချစ်ရေး တံတား ဖြစ်လာပါတယ်။" ဟု ပြောကြားခဲ့သည်။ သူကလည်း ရထားလမ်းသည် နှစ်နိုင်ငံအကြားမှ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများအတွက် ပိုများသော ပလက်ဖောင်းကို ပံ့ပိုးပေးခဲ့၍ ပြည်သူများအကြား အပြန်အလှန် ဖလှယ်မှု အကြိမ်ရေကို တိုးမြှင့်ခဲ့ကာ နှစ်နိုင်ငံပြည်သူလူထုများကို စီးပွားရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များအား အတူစံစားစေခဲ့သည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လာအိုနိုင်ငံ၏ အရေးကြီးသော မီဒီယာအဖြစ်၊ Pathet Lao သတင်းစာသည် ၃ နှစ်ဆက်တိုက် တရုတ်-လာအို ရထားလမ်း နှင့်ပတ်သက်သော အရေးပါသတင်းများနှင့် ဖြစ်ရပ်များကို ဖော်ပြလျက်ရှိသည်။ Kerdkhuanjai Malyzhansy က "ကျွန်ုပ်တို့က တရုတ်-လာအို ရထားလမ်းရဲ့ စတင်တည်ဆောက်မှုကနေ ဖွင့်လှစ်ပြေးဆွဲမှုအထိ ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်သက်သေခံပြီး ဒေသခံတွေကို ပါလာတဲ့ ကြီးမားတဲ့ ပြောင်းလဲမှုတွေကိုလဲ တွေ့ရှိခဲ့ပါတယ်။ ဒီရထားလမ်းက လာအိုနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ ဖြစ်တာအပြင် လာအိုနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်လဲ ဖြစ်ပါတယ်။" ဟု ပြောကြားခဲ့သည်။
မီဒီယာသမား အနေနှင့် Kerdkhuanjai Malyzhansy သည် တရုတ်-လာအို ရထားလမ်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဆက်လက် အာရုံစူးစိုက်ပြီး ရေးသားဖော်ပြမည် ဖြစ်ကာ တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရန် မိမိ၏ အစွမ်းများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
中老铁路通车以来,不仅成为我国“一带一路”倡议与老挝“变陆锁国为陆联国”战略对接、推进“一带一路”沿线建设,与周边国家互联互通的重大工程项目,也成为中老两国合作的象征。
老挝《巴特寮报》编辑部副主任亘弯贾·玛尼贾西对见证了这一历史性的跨越深感自豪,中老铁路不仅是一项伟大的工程,更是两国人民共同努力的结晶,为老挝人民带来了实实在在的利益。
首乘中老铁路见证老挝交通新纪元
亘弯贾·玛尼贾西回想起首次体验中老铁路试运行的情景,至今仍记忆犹新。那是2021年7月21日,从万象火车站乘坐高速动车出发,仅用时25分钟,便抵达万象省的蓬洪车站。“我从未想过,有一天能在自己国家亲身体验到高速铁路的便捷。这条铁路的开通,引领老挝从传统交通方式迈向现代化的铁路网络,极大地推动了两国在经济、文化等领域的深度合作。”
中老铁路的开通,标志着老挝基础设施建设迈入一个崭新阶段,尤其在交通领域取得重大突破。对于老挝这个“陆锁国”而言,中老铁路意义非凡,它不仅打破了老挝长期以来的交通瓶颈,更为老挝与中国以及东南亚其他国家之间的经济合作开辟了更为便捷的通道。亘弯贾·玛尼贾西表示:“铁路的开通,为老挝带来更多机遇,提升了我们在国际舞台上的竞争力,同时也使老挝成为区域合作中的一个重要枢纽。”
铁路通车为老挝人民创造就业与发展机会
中老铁路在促进两国合作、提升人民福祉方面同样发挥了举足轻重的作用。亘弯贾·玛尼贾西说:“铁路的开通不仅显著提升了货物运输的效率,更为老挝人民提供了丰富的就业机会。自项目开工建设以来,已带动超过5000名当地工人参与铁路建设,创造了超过11万个就业岗位,对改善当地居民的生活条件具有深远意义。铁路通车后,老挝年轻人拥有更多出国学习和就业机会,许多人选择到中国留学,提升自己的技能和知识水平。”他补充道:“这不仅仅是交通方式的变革,更是教育和技术水平的全面提升。”
中老铁路也积极推动了两国人民的交流与友谊。亘弯贾·玛尼贾西提到:“中老铁路的开通,加深了老挝和中国人民之间的理解与互动,成为两国友谊的桥梁。”他还提到,铁路为两国之间的文化交流提供了更多平台,增加了民众之间的互动频率,让两国人民在经济、教育、科技等多个领域共享合作成果。
作为老挝的重要媒体,《巴特寮报》近三年来持续关注并报道中老铁路的重要新闻和事件。亘弯贾·玛尼贾西Kerdkhuanjai malyzhansy表示:“我们见证了中老铁路从建设到通车的全过程,也目睹了它给老挝人民带来的巨大变化。这条铁路不仅是老挝的骄傲,更是老中合作的重要里程碑。”
中老铁路通车三周年,不仅见证了中老两国合作的深度与广度,更展示出“一带一路”倡议下两国共同发展的美好蓝图。亘弯贾·玛尼贾西表示:“作为媒体人,我将继续关注和报道中老铁路的发展动态,为中老命运共同体的构建贡献自己的力量。”中老铁路不仅是连接两国人民的纽带,更是推动老挝经济发展和文化交流的重要引擎,它将继续书写中老友谊新篇章。(昆明信息港 记者洪俊杰 张玉)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ