တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ
2024-12-04 15:32|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံးသည် စတင်ပြေးဆွဲခဲ့သည်။ ၃ နှစ်ကြာအတွင်း တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံအကြားတွင် ဖြတ်သန်းလျက်ရှိပြီး အဆက်မပြတ် တိုးလာသည့် ခရီးတာနှင့် ကိန်းဂဏန်းအချက်အလက်တို့ဖြင့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အဆိုပြုချက်မှ မျှော်မှန်းချက်များကို သေချာစေ့ငုစွာ စီမံထားပြီး လူသား အေးအတူပူအမျှ အသိုက်အဝန်း၏ ကြီးမားသော လက်တွေ့ဆောင်ရွက်မှုကို ထူထောင်ထားကာ အဆက်မပြတ် ကြိုးပမ်းအားထုတ်စွာ ခေတ်ကာလမှ အဖြေလွှာများကို ရေးသားထားသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ယူနန်ပြည်နယ်ကော်မတီ၊ ပြည်နယ်အစိုးရသည် ကူမင်းမြို့မှ ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ မိုဟန်မြို့နယ်အား တာဝန်အပ်နှင်းချက်အရ စီမံခန့်ခွဲခြင်းကို ဆုံးဖြတ်ခဲ့သည်။ ကူမင်းမြို့သည် မိုဟန်မြို့နယ်အား စီမံခန့်ခွဲခဲ့ပြီးကတည်းက အခြေခံ တည်ဆောက်ရေး ပရောဂျက်၊ ဆေးကုရေးဆိုင်ရာ အာမခံပေးခြင်း၊ အခြေခံပညာရေးနှင့် နယ်စပ်ဒေသ စက်မှုလုပ်ငန်း စသည့် နယ်ပယ်များတွင် တိကျစွာ အလုပ်ဆောင်ရွက်လျက်ရှိကာ လူများ၊ ကုန်စည်များ၊ သတင်းများနှင့် အရင်းငွေတို့သည် မိုဟန်မြို့နယ်ထဲသို့ အရှိန်အဟုန် မြင့်မားစွာ စုစည်းနေပြီး မို့ဟန်၏ နာမည်ကျော်မှုနှင့် အကျိုးသက်ရောက်မှုတို့သည် အဆက်မပြတ် မြင့်တက်နေသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်




