နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးမှာ မဖြစ်စဖူးသော ခေတ်ဒီရေလှိုင်းကို ကြိုဆိုလာသည်ဟု တရုတ်-လာအို နိုင်ငံတကာလိုင်းကား မောင်းနှင်သူ ဒိုင်အန်ဘီ ပြောဆိုခဲ့
2024-12-03 17:55|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၂ ခုနှစ် မေလတွင် ကူမင်းမြို့သည် မိုဟန်မြို့နယ်ကို တရားဝင် စီမံခန့်ခွဲခဲ့ပြီးနောက် ပြည်နယ်မြို့တော်၏ အင်အားကြီးမားသော ပံ့ပိုးမှုဖြင့် မိုဟန်မြို့နယ်သည် အရှိန်အဟုန် မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လာနေသည်။ ၂ နှစ်ကျော်ကာလအတွင်း တရုတ်-လာအို နယ်စပ်ဒေသတွင် တည်ရှိသည့် ဤမြို့နယ်သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရန် အဓိကပလက်ဖောင်း၊ စီမံကိန်းများ တည်ဆောက်ရန် အဓိကမြေပြင်နှင့် လူမှုရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးတို့ကို ဖလှယ်ရန် ခေတ်စားသည့် နေရာတစ်ခုကို လျင်မြန်စွာ ဖြစ်လာနေပြီ။
တရုတ်နှင့်လာအို နှစ်နိုင်ငံရှိ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်တွင် မိုဟန်၏ အရာအားလုံးမှာ ပိုမိုကောင်းမွန်အောင် လျင်မြန်စွာ ဖွံ့ဖြိုးပြောင်းလဲနေပြီး သူတို့အတွက် မျှော်လင့်ချက်အသစ်များကို ဆောင်ကြဉ်းပေးနေပြီ ဖြစ်သည်။ အထူးသဖြင့် တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲပြီးနောက် မိုဟန်၏ လမ်းပန်းဆက်သွယ်ရေး ကွန်ရက်သည် ပိုမိုများပြားပြည့်စုံလာပြီး ကုန်သွယ်ရေးဆိုင်ရာ အသွားအလာမှာလည်း ပိုမိုများပြားလာကာ တရုတ်-လာအို နှစ်နိုင်ငံကို အကြားရှိ အရေးပါသော ချိတ်ဆက်မှု ဖြစ်လာနေပြီဟု ယူဆကြသည်။
တရုတ်နိုင်ငံမှ ဒိုင်အန်ဘီသည် တရုတ်-လာအို နိုင်ငံတကာလိုင်းကား၏ မောင်းနှင်သူတစ်ယောက် ဖြစ်၍ နေ့စဉ်နေ့တိုင်း လိုင်းကားကို မောင်းနှင်ခြင်းဖြင့် ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ ဂျင်ဟုန်မြို့မှ စတင်ထွက်ခွာပြီး မုန်လခရိုင်နှင့် မိုဟန်မြို့နယ်တို့ကို ဖြတ်ကျော်၍ လာအိုနိုင်ငံ နန်သာသို့ ရောက်ရှိသည်။ သူသည် ကူမင်းမြို့မှ မိုဟန်အား စီမံခန့်ခွဲပြီးနောက် ဤနေရာ၏ အရှိန်အဟုန် မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်တွေ့ရှိခဲ့သည်။
ကူမင်းမြို့မှ စီမံခန့်ခွဲခဲ့ပြီးနောက် မိုဟန်ဒေသတွင် အရှိန်အဟုန် မြင့်မားစွာ တိုးတက်လာသည်၊ အပြောင်းအလဲများလည်း ထင်ထင်ရှားရှား ရှိသည် ဖြစ်ကြောင်း ဒိုင်အန်ဘီ ထင်မြင်မိသည်။ ထို့ပြင် အသစ်တည်ဆောက်သည့် အမြန်လမ်းမကြီး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ စသည့် ခေတ်မီသော တိုက်ကြီးများသည် မိုဟန်၏ အထင်ကရ နေရာသစ်များ ဖြစ်လာကြပြီ ဖြစ်ကြောင်း ဒိုင်အန်ဘီ အထူးပြောဆိုခဲ့သည်။
အထင်ရှားဆုံးသော အပြောင်းအလဲများထဲမှ တစ်ခုမှာ ပြည်ဝင်ပြည်ထွက် တွင်ကျယ်မှု သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်၊ ယခင်က အခွန်တော်ဌာန၏ အစီအစဉ်များ လုပ်ဆောင်ရန် အကြာကြီးတန်းစီပြီး စောင့်ဆိုင်းရခဲ့သည်၊ ယခုတွင် စမတ်ကျသော စနစ်ဖြင့် မိနစ်အနည်းငယ်အတွင်း တွင်ကျယ်စွာ ပြီးဆုံးနိုင်သည်။
ဒိုင်အန်ဘီသည် နိုင်ငံတကာ လိုင်းကားလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကိုလည်း မိတ်ဆက်ပေးခဲ့သည်။ "နိုင်ငံတကာ လိုင်းကားလုပ်ငန်း ပြန်လည်လည်ပတ်ချိန်ကတည်းက ခရီးသည်စီးဆင်းမှု သိသိသာသာ တိုးလာပြီး ခရီးသည်အရင်းအမြစ်တွေ ပိုမိုများပြားလာပါတယ်။ အထူးသဖြင့် သင်္ကြန်ပွဲတော်မှာ မိုဟန်ဟာ မဖြစ်စဖူးတဲ့ ခရီးသွားလာရေး ခေတ်ဒီရေလှိုင်းကို ကြိုဆိုခဲ့ပြီး နိုင်ငံတကာအဆင့်မီ ကုန်သွယ်မှုစင်တာနဲ့ ခရီးသွား ရှုခင်းသာနေရာတစ်ခု ဖြစ်လာနေပါတယ်"ဟု ဒိုင်အန်ဘီ ပြောဆိုခဲ့သည်။
ဒိုင်အန်ဘီသည် ကူမင်းမြို့၏ စီမံခန့်ခွဲမှုအောက်မှ မိုဟန်မြို့နယ်၏ ပြောင်းလဲမှုနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မျှော်လင့်ချက်အပြည့်ရှိနေသည်။ သူ့အမြင်တွင် ဤအပြောင်းအလဲများသည် တရုတ်-လာအို နှစ်နိုင်ငံတို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရုံသာမက လူမှုရေး အပြန်အလှန် ကူးလူးဖလှယ်မှုကိုလည်း နက်ရှိုင်းစေပြီး တရုတ်-လာအို နှစ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေကြောင်း ဖြစ်သည်။
2022年5月,昆明正式托管磨憨,凭借省会城市的实力加持,磨憨加速发展壮大。两年多的时间里,这座位于中老边境的边陲小镇,已迅速成为跨境合作的主平台、项目建设的主战场、人文和经贸交流的热土地。
在中老各界人士眼中,磨憨一切都在往向好的方向飞速变化,为他们带去了新的希望。尤其是在中老铁路通车后,磨憨的交通网络更加多元,商贸往来也更加频繁,成为连接中老两国的重要纽带。
来自中国的戴安碧是一名经营中老国际班车的驾驶员,他每天驾驶班车从西双版纳景洪出发,途经勐腊、磨憨至老挝南塔,见证了昆明托管磨憨后该地区的飞速发展。
“新道路不仅宽敞平坦,还四通八达,极大提升了通行效率。”戴安碧认为,在被昆明托管后,磨憨地区的发展是突飞猛进的,变化尤为显著。他特别提到,新建的高速公路、现代化的大楼如国际贸易中心,已成为磨憨的新地标。
最显著的变化之一是出入境的效率大幅提升,以前可能需要排长队等待通关。而现在,通过智能化系统,几分钟就能顺利完成。戴安碧说:“就像上次,我载的一位老挝商人说‘现在来磨憨做生意比以前方便多了’。”
戴安碧还描述了国际班车行业的发展:“自从国际班车恢复通车以来,客流明显增加,客源更加多样。特别是在泼水节期间,磨憨迎来前所未有的旅游热潮,正成为一个国际化的商贸中心和旅游胜地。”
“能见证并参与这一过程,是我的荣幸!”他对昆明托管磨憨地区的变革和未来发展充满期待。在他看来,这些变化不仅促进了中老两国的经济发展,也加深了人文交流,让中老两国的友谊更加深厚。(昆明信息港 张玉 洪俊杰)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ