ထိန်ချုံးမြို့ ကူတုံမြို့နယ် ကျန်တုံဂျင်ဂိုရွာတွင် တောထဲ ရွာရှိ၊ အိမ်ထဲ သစ်ပင်ရှိ၊ ပန်းချီထဲ လူရှိသည့် လှပမြင်ကွင်းကို မြင်နိုင်
2024-11-29 17:13|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းဦးရာသီနှောင်းပိုင်းနှင့် ဆောင်းရာသီအစောပိုင်းကာလသည် ထိန်ချုံးမြို့ ကူတုံမြို့နယ် ကျန်တုံဂျင်ဂိုရွာမှ တစ်နှစ်တာအတွင်း အလှပဆုံးသောအချိန် ဖြစ်သည်။ တရုတ်တစ်နိုင်ငံလုံးရှိ နေရာအသီးသီးမှ ခရီးသည်များသည် မပြတ်မစဲ တသဲသဲရောက်လာ၍ ဂျင်ဂိုရွာလည်ပတ်ခြင်း၊ ဂျင်ဂိုပင်များ ကြည့်ရှုခြင်းနှင့် ဂျင်ဂိုစားသောက်ပွဲ မြည်းစမ်းခြင်း စသည်တို့ကို လုပ်ဆောင်ရင်း ရွာထဲတွင် နစ်မွန်း၍ နေကြသည်။ ရွာထဲတွင် ဂျင်ဂိုရွက်များ မြူးကြွပျံဝဲပြီး ရွှေဝါရောင်ဖြစ်သည့် ဂျင်ဂိုရွက်များနှင့် အဝေးမှ အစိမ်းရောင်တောင်တန်းများသည် အပြန်အလှန် ဆင်ယင်ထား၍ ရှုခင်းသာယာလှပကာ ခရီးသည်အများအပြားကို သွားရောက်လည်ပတ်ရန် ဆွဲဆောင်ထားကြသည်။ ခရီးသွားရာသီရောက်တိုင်း ရွာထဲမှ တည်းခိုခန်းများနှင့် ကျေးလက်မိသားစု ခရီးသွားလုပ်ငန်းများတွင် နေ့တိုင်းနီးပါး ဧည့်သည်များ ပြည့်နှက်ပြီး ရွာသူရွာသားများမှာ အကျိုးအမြတ် များစွာ ရရှိစေကြောင်း ရွာသားဟွမ်ကျန်ခယ်သည် မိတ်ဆက်ပေးခဲ့သည်။
ကျန်တုံဂျင်ဂိုရွာသည် "တရုတ်နိုင်ငံမှ ဂျင်ဂိုဆိုင်ရာ ပထမရွာ"ဟူသော နာမည်ကောင်း ရှိပြီး ရွာထဲရှိ ရှေးဟောင်းသော ဂျင်ဂိုပင် အပင်ပေါင်း ၃ သောင်းကျော်နှင့် ရွာသူရွာသား ယောက်ပေါင်း ၃ ထောင်ကျော်အကြားတွင် ပြေပြစ်စွာ အတူနေထိုင်လျက်ရှိသည်။ ထို့ကြောင့် ကျန်တုံဂျင်ဂိုရွာကို ယူနန်၌ ညှို့နိုင်စွမ်း အရှိဆုံးသောကျေးရွာ အရွာ ၃၀ ထဲမှ တစ်ရွာ၊ ယူနန်ပြည်နယ် ခရီးသွားလာရေးဆိုင်ရာ ထူးခြားချက်ရှိ ကျေးရွာ၊ တရုတ်နိုင်ငံမှ ညှို့နိုင်စွမ်း အရှိဆုံးသော အပန်းဖြေကျေးရွာ၊ တရုတ်နိုင်ငံမှ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း စံပြရွာနှင့် ယူနန်ပြည်နယ် ရွှေတံဆိပ်ခရီးသွားကျေးရွာစသည်တို့အဖြစ် အစဉ်အဆက် အကဲဖြတ်သတ်မှတ်ခဲ့ကြသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


