၂၀၂၄ ခုနှစ် တရုတ်-ဗီယက်နမ် (ဟုံဟယ်) နယ်စပ် စီးပွားကုန်သွယ်မှုနှင့် ခရီးသွားလာရေးဆိုင်ရာ ကုန်စည်ပြပွဲကို စတင်ကျင်းပခဲ့
2024-11-29 17:24|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ၂၀၂၄ ခုနှစ် တရုတ်-ဗီယက်နမ် (ဟုံဟယ်) နယ်စပ် စီးပွားကုန်သွယ်မှုနှင့် ခရီးသွားလာရေးဆိုင်ရာ ကုန်စည်ပြပွဲကို ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဟယ်ခုတ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၌ စတင်ကျင်းပခဲ့သည်။
ဤအကြိမ်ပြပွဲသည် "ဖွံ့ဖြိုးတိုးတက်မှု အတူစံစားကြခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ၆ ရက်ကြာ ဆက်လက်ကျင်းပသွားမည် ဖြစ်၍ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံတို့၏ စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု စသည့် အဓိက ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များနှင့် သက်ဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ ရောနှောပေါင်းစပ်မှု အချက်များကို ဘက်စုံအာရုံစူးစိုက်ပြီး ပူပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှု ပြုလုပ်သည့် ပလက်ဖောင်းကို တည်ဆောက်မည် ဖြစ်သည်။ နိုင်ငံ ၁၆ ခုမှ လုပ်ငန်းကုမ္ပဏီ အခုပေါင်း တစ်ထောင်နီးပါးကို ပြပွဲပါဝင်ရန် ဆွဲဆောင်လာ၍ ပြသထားသည့် ကုန်ပစ္စည်းများ၏ အမျိုးအစား၊ အဆင့်အတန်း၊ အတိုင်းအတာ၊ ပြပွဲပါဝင်ရန်နှင့် ဝယ်ယူရန် လာသည့် လုပ်ငန်းကုမ္ပဏီ ပမာဏ စသည်တို့အားလုံးသည် ကျော်လွှားခြင်းအသစ်များကို ဖော်ဆောင်ခဲ့ကြသည်။ ပြပွဲကျင်းပသည့် ပထမနေ့တွင် လက်မှတ်ရေးထိုး ဖြစ်လိုမှုပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ကျော်လွန်ခဲ့သည်။
ပြပွဲတွင် တရုတ်-ဗီယက်နမ် စက်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်များကို ဗဟိုပြု၍ ဟယ်ခုတ် နိုင်ငံတကာ ပြသရေးစင်တာ၌ တရုတ်ပြခန်းနှင့် ဗီယက်နမ်ပြခန်းတို့ကို စီစဉ်ထားကာ နှစ်ဖက် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ပိုများစွာ ဖန်တီးနိုင်မည် ဖြစ်သည်။ တရုတ်ပြခန်းသည် စတုရန်းမီတာ ၅၅၀၀ ကျယ်ဝန်း၍ ၄င်းတွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းပြခန်း၊ လူသုံးလျှပ်စစ်ပစ္စည်းနှင့် အစိတ်အပိုင်းလုပ်ငန်းပြခန်း၊ အဝတ်အထည်လုပ်ငန်းပြခန်း၊ အာဆီယံ အထူးကုန်စည် အချောကိုင်လုပ်ငန်းပြခန်း၊ စက်မှုလုပ်ငန်းဇုန်ပြခန်း၊ နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုလုပ်ငန်းပြခန်း၊ နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းပြခန်း၊ ဟုံဟယ်မှ ကုန်းပြင်မြင့် အထူးလယ်ယာထွက်ကုန်ပစ္စည်း ၉ မျိုးပြခန်း ဟူသော စက်မှုလုပ်ငန်းကွင်းဆက်ပြခန်း ၈ ခုနှင့် ရှန်ဟိုင်းပြခန်း၊ လျင်ရီပြခန်းနှင့် ရိဝူးပြခန်း စသည့် ထောက်ပံ့ရေးကွင်းဆက်ပြခန်း ၆ ခုကို စီစဉ်ထားသည်။
ပြပွဲကျင်းပရာတွင် တရုတ်-ဗီယက်နမ် (ဟုံဟယ်) နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုနှင့် စီးပွားကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးဖလှယ်ပွဲ၊ ဟုံဟယ်မြစ်တစ်လျှောက်ရှိ တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး မိတ်ဆက်ပွဲ၊ တရုတ်-ဗီယက်နမ် (ဟယ်ခုတ်- လောင်ကိုင်) နယ်စပ်ဖြတ်ကျော် စက်မှုလုပ်ငန်းဇုန် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးတွဲခေါ်ဆောင်မိတ်ဆက်ပွဲ၊ ၂၀၂၄ ခုနှစ် တရုတ်-ဗီယက်နမ် (ဟုံဟယ်) နယ်စပ် စီးပွားကုန်သွယ်မှုနှင့် ခရီးသွားလာရေးဆိုင်ရာ ကုန်စည်ပြပွဲမှ ကျင်းဖျင် တရုတ်ဆေးဖက်ဝင်ပစ္စည်းများ အထူးပြပွဲ စသည့် လှုပ်ရှားမှုစီးရီးကိုလည်း ကျင်းပသွားမည် ဖြစ်သည်။
11月26日,2024年中越(红河)边境经济贸易旅游交易会在红河哈尼族彝族自治州河口瑶族自治县启幕。
此次边交会以“发展共享 合作共赢”为主题,为期6天,全面聚焦中越经济、贸易、旅游、文化等重点合作领域及相关产业链、供应链融合点,搭建合作交流平台。边交会吸引了16个国家的近千户企业参展参会,展品类型、层次、范围和参展、采购企业规模等均实现新突破。开展首日达成意向性签约金额超2亿美元。
本次边交会围绕中越产业链、供应链,在河口国际会展中心设置了中国馆、越南馆,创造更多双边产业合作机会。中国馆占地面积5500平方米,设置了文化旅游馆、消费电子及零部件馆、轻纺服装馆、东盟特色商品加工馆、产业园区馆、跨境物流馆、跨境电商馆、红河九红馆等8个产业链特装馆,以及上海馆、临沂馆、义乌馆等6个供应链特装馆。
边交会期间,还将举办中越(红河)跨境物流暨经贸投资交流会、红河流域中越跨境旅游推介会、中越(河口—老街)跨境产业园合作暨联合招商推介会、2024年中越(红河)边境经济贸易旅游交易会金平中药材专场等系列活动。(云南日报 记者饶勇)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ