၂၀၂၄ ခုနှစ် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ရန် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ နာမည်စာရင်းပေးသွင်းနိုင်

2024-11-28 17:17|ရောင်စုံတိမ်တံတား

4

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဤအကြိမ်ပြိုင်ပွဲ၏ နာမည်စာရင်းပေးသွင်း လုပ်ငန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ ၁၀ နာရီမှ စတင်ဆောင်ရွက်ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ၂၂ နာရီအထိ ပြီးဆုံးသွားမည် ဖြစ်၍ အပြေးသမားများသည် "ကူမင်းအားကစား"နှင့် "SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ" ဝီချက်အကောင့်တို့မှ အသေးစိတ် အကြောင်းအရာကို သိရှိနိုင်မည်ဟု သတင်းထောက်က ၂၀၂၄ ခုနှစ် SCO (ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) ကူမင်း မာရသွန်အပြေးပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သရှိရခဲ့သည်။

6

SCO မာရသွန်အပြေးပြိုင်ပွဲ စီးရီးသည် အကြီးစား နိုင်ငံတကာ အဖွဲ့အစည်းဖြင့် နာမည်ပေးထားသည့် ကမ္ဘာ့ တစ်ခုတည်းသော မာရသွန်အပြေးပြိုင်ပွဲ ဖြစ်ကာ ၄င်းကို ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခုအထိ ၈ ကြိမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီ ဖြစ်သည်။ SCO အဖွဲ့ဝင်နိုင်ငံများအကြား အားကစား ဖလှယ်ရေးလှုပ်ရှားမှု အဖြစ် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲသည် ယှဉ်ပြိုင်ပွဲ တစ်ကြိမ် ဖြစ်ရုံသာမက ယဉ်ကျေးမှု ဖလှယ်သည့် ပလက်ဖောင်းလည်း ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း SCO အဖွဲ့ဝင်နိုင်ငံများမှ အပြေးသမား အများအပြားသည် ကူမင်းမြို့၌ စုစည်းလာ၍ ၄င်းတို့၏ ခြေလှမ်းများဖြင့် ဤသာယာလှပသော မြို့ကို တိုင်းတာပြီး ဤမြို့၏ ထူးခြားသော ညှို့နိုင်စွမ်းများကို ခံစားလျက်ရှိကြသည်။ ၂၀၂၄ ခုနှစ်တွင် ပြိုင်ပွဲ၏ အတိုင်းအတာသည် အဆင့်အတန်း တိုးလာပြီး နာမည်စာရင်းပေးသွင်းသည့် လူဦးရေ အယောက်ပေါင်း ၂.၆ သောင်းအထိ တိုးလာ၍ အများပြည်သူ ကျန်းမာရေး အပြေးပြိုင်ပွဲသည် SCO အပြေးပြိုင်ပွဲဖြစ်ရန် အဆင့်မြှင့်လာကာ ၄င်းအနက် မာရသွန်အပြေးပြိုင်ပွဲဝင် အယောက်ပေါင်း ၆၀၀၀၊ ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲဝင် အယောက်ပေါင်း ၁ သောင်း၊ SCO အပြေးပြိုင်ပွဲဝင် အယောက်ပေါင်း ၆၀၀၀ နှင့် မိသားစု အပြေးပြိုင်ပွဲဝင် အယောက်ပေါင်း ၄၀၀၀ ပါဝင်ကြမည် ဖြစ်သည်။

5

8

ကူမင်းမြို့သည် "နွေဦးမြို့"နှင့် "ပန်းမြို့တော်"အဖြစ် ချီးကျူးခံလျက်ရှိသည်၊ ဆောင်းရာသီတွင် ကူမင်းမြို့သို့ မာရသွန်အပြေးပြိုင်ပွဲကို ပါဝင်ရန် ရွေးချယ်လျှင် အပြေးသမားတိုင်းသည် ကုန်းပြင်မြင့် မာရသွန်အပြေးပြိုင်ပွဲကို တွေ့ကြုံခံစားပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်နိုင် ရုံသာမက ဆောင်းရာသီတွင် နွေဦးမြို့၏ နွေးထွေးမှုနှင့် သက်တောင့်သက်သာရှိမှုကိုလည်း ခံစားနိုင်သည်။ SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ၏ ပြေးလမ်းကို တိန်ချီးရေကန် ဝိုင်းပတ်ပြီး စီစဉ်ထား၍ ကမ္ဘာသို့ အပြာရောင်ကောင်းကင်၊ တိမ်ဖြူဖြူ၊ မြစိမ်းရောင်ထသောဂယက်များ၊ စိုစွတ်မြေများနှင့် ခေါင်းနီစင်ရော်များ ရှိသည့် တိန်ချီးရေကန်၏ လှပမှုများကို ပြသမည် ဖြစ်ကာ လူနှင့်သဘာဝအကြား သဟဇာတ ယှဉ်တွဲနေထိုင်မှု၏ သာယာလှပပြီး အံ့ဖွယ်ကောင်းသော ရှုခင်းများသည် လူများအတွက် အထူးဆွဲဆောင်မှုရှိသည်။

9

10

11

12


4

昆明信息港讯(昆明日报 记者王姗)记者从2024上合昆明马拉松组委会获悉,本届赛事报名工作将于11月26日10时启动,报名截止时间为12月5日22时,广大跑友可搜索“昆明体育”和“上合昆明马拉松”微信公众号了解详细信息。

6

上合马拉松系列赛是世界上唯一一个以大型国际组织命名的马拉松赛,创立于2016年,至今已成功举办8届。上合昆明马拉松作为上合组织成员国间的体育交流盛事,不仅是一场竞技的较量,更是文化交流的平台。每年,来自上合组织成员国的众多跑友齐聚昆明,用脚步丈量这座美丽的城市,感受其独特的魅力。2024年赛事规模升级,报名规模提升至26000人,大众健康跑升级为上合跑,其中全程马拉松6000人,半程马拉松10000人,上合跑6000人,亲子跑4000人。

5

8

昆明市素有“春城”“花都”美誉,选择在冬季来到昆明参加马拉松,每一位跑者既可以体验高原马拉松,挑战自我,还能感受冬日春城的温暖与舒适。上合昆明马拉松赛道设置围绕滇池展开,向世界展示滇池的美丽,蓝天、白云、碧波、湿地,还有红嘴鸥,独有的人与自然和谐相处美妙景观分外迷人。(图片源自上合昆明马拉松)

9

10

11

12

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်