ယန်ဇုံဟိုင်ရေကန် Whitebait ငါးဖမ်းယဉ်ကျေးမှုပွဲကို စတင်ကျင်းပခဲ့
2024-11-27 10:45|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုတလော၊ ယန်ဇုံဟိုင်ရေကန်၌ ရက်ပေါင်း ၄၀ ကြာ Whitebait ငါးဖမ်းရာသီချိန်ထဲသို့ ဝင်ရောက်ခဲ့သည်။
Whitebait ၏ သက်တမ်းသည် တစ်နှစ်သာရှိသောကြောင့် သင့်တော်သည့်အချိန်နှင့် အစီအစဉ်အလိုက် ထိန်းချုပ်ထားသော ငါးဖမ်းခြင်းမှာ Whitebait များ၏ အချိန်အခါအလိုက် သေဆုံးခြင်းသည် ယန်ဇုံဟိုင်ရေကန်၏ ရေကို ညစ်ညမ်စေခြင်းကို တားဆီနိုင်သည်။ ဂေဟစနစ် ထိန်းချုပ်ရန် ဆောင်ရွက်နေသည့် ငါးဖမ်းလုပ်ငန်းသည် လယ်သမားများ၏ ဝင်ငွေတိုးစေ၍ ရေကန်တစ်လျှောက်ရှိ လူများအား ယန်ဇုံဟိုင်ရေကန် ကာကွယ်မှုနှင့် ပြုပြင်မှု ရလဒ်များကို အတူစံစားကြစေသည့် ပုံမှန်အပြုအမူတစ်ခု ဖြစ်လာနေပြီ။
စစ်ဆေးတိုင်တာခြင်းအရ ဤအကြိမ် သီးခြားဖမ်းသော ယန်ဇုံဟိုင်ရေကန်မှ Whitebait များသည် တရုတ် အမျိုးသား အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းနှင့် ကိုက်ညီသည် ဖြစ်သည်။ ဤအကြိမ် သီးခြားငါးဖမ်းချိန်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ ၁၆ နာရီမှ ဒီဇင်ဘာလ ၂၅ ရက်နေ့ ၈ နာရီအထိ ဖြစ်၍ ရက်ပေါင်း ၄၀ ကြာ ဖြစ်ကာ ငါးဖမ်းလိုင်စင် မရှိသော လှေများသည် ငါးဖမ်းရန် ရေကန်အတွင်းသို့ ဝင်ရောက်လျှင် ခွင့်မပြုပေ။
ယန်ဇုံဟိုင် ရှုခင်းသာဧရိယာရှိ Whitebait ငါးဖမ်းယဉ်ကျေးမှုပွဲထဲတွင် ဖက်ရှင်ယဉ်ကျေးမှု အနုပညာတင်ဆက်ပြသပွဲ၊ ယဉ်ကျေးမှုတီထွင်ဖန်တီးမှုပစ္စည်းများ ရောင်းစျေး၊ ရေကန်ဝိုင်းပတ် စက်ဘီးစီးခြင်း စသည့် လှုပ်ရှားမှုများကိုလည်း ထည့်သွင်းကျင်းပရမည် ဖြစ်သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့


