တရုတ်-လာအို ရထားလမ်းတစ်လျှောက် မြို့များမဟာမိတ်အဖွဲ့ကို ကူမင်းမြို့တွင် တည်ထောင်ခဲ့

2024-11-26 17:28|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်တရုတ်-လာအို ရထားလမ်းတစ်လျှောက် မြို့များမဟာမိတ်အဖွဲ့ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ တည်ထောင်ခဲ့သည်၊ ၄င်း၏ ရည်ရွယ်ချက်များသည် ရထားလမ်းတစ်လျှောက် မြို့များအကြားတွင် အခြေအခံ အဆောက်အအုံ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့် နယ်ပယ်များမှ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခြင်း၊ အပြန်အလှန်ချိတ်ဆက်ထားသော မြို့များအကြား အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ခြင်း ဖြစ်ကြသည်။

ဤမဟာမိတ်အဖွဲ့၏ ကမကထပြုသော မြို့များသည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တို့ ဖြစ်ကြကာ အဖွဲ့ဝင်များ ပထမအသုတ်တွင် တရုတ်နိုင်ငံမှ ယိရှီးမြို့၊ ဖူအော်မြို့၊ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ၊ ချိန်တူးမြို့၊ ချုံချင့်မြို့နှင့် ဝူးလူမုချီမြို့၊ လာအိုနိုင်ငံမှ နန်ထာပြည်နယ်နှင့် လွမ်ပရာဘွမ်မြို့တို့ ပါဝင်ထားကာ ကိုယ်စားလှယ် ၁၀ ယောက်တို့သည် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်-လာအို ရထားလမ်းတစ်လျှောက် မြို့များမဟာမိတ်အဖွဲ့သည် "တန်းတူရည်တူ ညှိနှိုင်းမှု၊ ပွင့်လင်း၍အားလုံးပါဝင်မှု၊ အားသာချက်များဖြင့် အပြန်အလှန် ဖြည့်ဆည်းပေးခြင်း၊ ဘုံအကျိုးဖြစ်ထွန်းစေမှု" ဟူသော မူဝါဒများအရ အစိုးရများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ တတ်သိပညာရှင်များနှင့် လုပ်ငန်းကုမ္ပဏီများအကြား စကားပြောခြင်း၊ ညှိနှိုင်းခြင်းနှင့် ဖလှယ်ခြင်းစနစ်ကို ဖွဲ့စည်းဖြစ်လာမည်၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အပြန်အလှန်ချိန်ဆက်မှုနှင့် ကုန်စည်စီးဆင်းမှုတို့ဖြင့် တရုတ်-လာအို ရထားလမ်း တစ်လျှောက်ရှိ မြို့များ၏ အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ ရထားလမ်း တစ်လျှောက်ရှိ မြို့များအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူစေရန်၊ ယဉ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စသည့် နယ်ပယ်များမှ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် အများပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရေးကို များပြားစေရန် လုံးပမ်းအားထုတ်စွာ ဆောင်ရွက်ရမည် ဖြစ်သည်။

တရုတ်-လာအို ရထားလမ်းသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ စတင်ပြီး တောင်ဘက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ရောက်ရှိ၍ စုစုပေါင်းအရှည်မှာ ၁၀၃၅ ကီလိုမီတာ ဖြစ်သည်။ ၂၀၂၁ ခုနှစ်ကုန်မှ စတင်ပြေးဆွဲပြီး ကတည်းက ပို့ဆောင်သည့် ခရီးသည်များ၏ လူဦးရေနှင့် ကုန်ပစ္စည်းများ၏ အရေအတွက် နှစ်မျိုးလုံးမှာ များများတိုးပွားလာ၍ ခရီးသည် အယောက်ပေါင်း ၄၂ သန်းကျော် ပို့ဆောင်ခဲ့ပြီး ကုန်စ္စည်း တန်ပေါင်း ၄၆ သန်းကျော် ပို့ဆောင်ခဲ့သည် ဖြစ်သည်။


新华社昆明11月19日电(记者王贤思 赵珮然)中老铁路城市联盟19日在云南省昆明市成立,旨在加强沿线城市间在基础设施、贸易物流、产业发展、数字经济、文化旅游等领域的交流合作,构建互联互通城市命运共同体。

据了解,该联盟发起城市为中国昆明市、老挝万象市,首批联盟成员包括中国玉溪市、普洱市、西双版纳州、成都市、重庆市、乌鲁木齐市,老挝南塔省、老挝琅勃拉邦市,10名代表共同签署备忘录。

中老铁路城市联盟将按照“平等协商、开放包容、优势互补、互利共赢”的原则,形成政府、商协会、智库及企业间的对话、协商、交流机制,致力于通过区域交通互联互通和物流,提升中老铁路沿线城市的国际竞争力,加强沿线城市间的经济合作,推动贸易和投资便利化,促进文化、教育、科技等领域的交流与合作,增进人民之间的相互理解和友谊。

中老铁路北起中国昆明,南至老挝万象,全长1035公里。自2021年底开通以来,客货两旺,旅客发送量超过4200万人次,货物运输量超4600万吨。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်