နေရာတိုင်းတွင် လှပရှုခင်းများ ရှိပြီး ထိန်ချုံမြို့ရှိ အိပ်ခန်းတွဲကား စခန်းချရာနေရာသည် ရေပန်းစားလာ
2024-11-25 15:02|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ထိန်ချုံမြို့ ထိန်ယဲ့လမ်း တုံ့စန်းရွာရှိ G219 အိပ်ခန်းတွဲကား စခန်းချရာနေရာတွင် စခန်းချရန် လိုအပ်သော ပစ္စည်း အမျိုးမျိုးနှင့် သဘာဝရှုခင်းများတို့သည် အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းလျက်ရှိပြီး ဒေသခံထူးခြားချက်များကို ပေါ်လွင်စေသည်။ ခရီးသည်များသည် သူငယ်ချင်းများနှင့် ပေါင်းဖော်ကြပြီး လာရောက်လည်ပတ်ကြည့်ရှု၍ လှပသောရှုခင်းများကို ခံစားသည့်အပြင် ထိန်ယဲ့လမ်းမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာရန် ကူညီပေးသော ခရီးသွားလုပ်ငန်းပုံစံအသစ်ကိုလည်း ပေးရပြီ ဖြစ်သည်။
"ကျွန်မနဲ့ ခင်ပွန်းတို့က ဒီနေရာမှာ တစ်ပတ်ကြာ နေခဲ့တာလေ။ ဒီနေရာမှာ လေ၊ ရှုခင်းနဲ့ ရေပူစမ်း အားလုံးသိပ်ကောင်းပါပြီး လူတွေက အရမ်း ရိုးရိုစင်းစင်းပြီး စိတ်အားထက်သန်ကြပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကတော့ ရေပူစမ်းထဲမှာ ရေစိမ်ပြီး စျေးကို သွားလည်တာပါ။ နောက်နှစ်မှာ ထပ်လာဖို့ ရည်ရွယ်သေးတယ်၊ ဒီနေရာက ငါတို့အသက်ကြီးတဲ့လူတွေအတွက် ကျန်းကျန်းမာမာနေဖို့ သင့်တော်တယ်"ဟု ကွမ်တုံပြည်နယ်မှ ကိုယ်တိုင် ကားမောင်းပြီး ယူနန်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် မစ္စယန်သည် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် G219 အိပ်ခန်းတွဲကား စခန်းချရာနေရာသည် ဧရိယာ ၁၅ မို ကျယ်ဝန်းပြီး ရေများ၊ လျှပ်စစ်ဓာတ်၊ အိမ်သာ၊ ရေချိုးခန်း၊ ရေခဲသေတ္တာ၊ ဟင်းသီးဟင်းရွက်ဆေးဇလုံး စသည့် နေထိုင်မှု အတပ်အဆင်ပစ္စည်းများနှင့် ခရီးသွားလမ်းညွှန် ဝန်ဆောင်မှုများကို ပေးထားကြသည်။ စခန်းချရာနေရာ၏ တံခါးဝတွင် စူပါမားကတ်များနှင့် စားသောက်ဆိုင်များ ရှိပြီး အနီးအနားတွင် ရေပူစမ်းနှင့် ဆွတ်ခူးခြင်း စသည့် လှုပ်ရှားမှုများကိုလည်း တွေ့ကြုံခံစားနိုင်၍ တစ်နှစ်လျှင် စီးပွားရေးအကျိုးအမြတ်မှာ ယွမ် ၂၀ သောင်းခန့် ဖန်တီးပေးနိုင်မည်ဟု ကြိုတင်ခန့်မှန်းထားသည်။
"စခန်းချနေရာမှာ ကားတွေ နေ့တိုင်းလာပြီး အသုံးစရိတ်မှာ တစ်ရက်လျှင် ယွမ် ၅၀ လက်ခံရရှိပြီး ရက်အနည်းငယ် သို့မဟုတ် လအတော်ကြာ နေထိုင်တဲ့ ခရီးသည်တွေ ရှိကြတယ်။ ကျွန်တော်တို့က ကားနံပါတ် မှတ်ပုံတင်ခြင်းနဲ့ သန့်ရှင်းရေးအလုပ်ကို တာဝန်ထမ်းဆောင်တယ်၊ အဲဒါက အတော်လေး သက်သာပြီး အိမ်တံခါးဝမှာ ငွေရှာလို့ရပါတယ်" ဟု စခန်းချနေရာ တာဝန်ကျအခန်းဝန်ထမ်းမှာ မိတ်ဆက်ပေးခဲ့သည်။
ယခုနှစ်များတွင် ထိန်ယဲ့လမ်းသည် ခရီးသွားလုပ်ငန်း ပုံစံအသစ်များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ထားပြီး ရေပန်းစားသောအရာအသစ်များမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာရန် ကူညီပေးအောင် အားတွန်ခွန်စိုက် တွန်းအားပေးသည်။ ခရီးသွားနေရာများ တည်ဆောက်ခြင်းကို အဆက်မပြတ် တွန်းဆော်ခြင်းဖြင့် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း နေရာစခန်းများ ဖန်တီးကာ အိပ်ခန်းတွဲကား စခန်းချနေရာ စသည့် ရေပန်းစားသောအရာအသစ်များ တည်ထောင်ခြင်းအားဖြင့် ခရီးသည်များ စားသုံးမှု လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အားမြှောက်ပြုသည် ဖြစ်ကြောင်း သိရှိရခဲ့သည်။
近日,在腾冲市腾越街道洞山村G219房车露营地,各类露营设施与自然风光相得益彰,本地特色凸显。游客朋友们三五成群、结伴而行,享受美景的同时也为腾越街道赋能乡村提供了新的旅游业态。
“我和老伴在这住了一个星期了,这里的空气、景观和温泉都特别好,人都很朴实热情,日常就是泡泡温泉、逛逛市场。明年还打算来,这里适合我们岁数大的过来养生。”从广东省自驾到云南旅行的杨女士说。
目前G219房车露营地占地规模15亩,提供水电、卫生间、淋浴、冰箱、洗菜盆等生活设施和旅游向导服务,营地门口有超市、餐馆,附近还有温泉、采摘等项目可体验,预计一年能创造约二十万元的经济效益。
“营地每天都有车来,收取50元每天的费用,停留几天、几个月的游客都有,我们负责登记车牌和打扫卫生,比较轻松,在家门口就挣到钱了!”营地值班室工作人员介绍。
据了解,腾越街道近年来瞄准旅游新业态,大力推动新热点赋能乡村振兴。通过不断推动旅游目的地建设,打造乡村旅游阵地,鼓励推出像房车营地这样的新热点来满足游客消费需要。(记者崔敏 通讯员袁敏)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ