ယူနန်ပြည်နယ် လုံလင်ခရိုင်၌ ဒေသခံထူးခြားချက်များရှိသည့် သစ်ခွပန်းစားပွဲ
2024-11-22 15:27|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) လက်ရှိအချိန်တွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံလင်ခရိုင်၌ အကျယ်အဝန်း အမို ၄.၆ သောင်း ရှိသည့် သစ်ခွပန်းများကို ရိတ်သိမ်းရန် အချိန်ရောက်ရှိနေသည်။ အဆိုပါနေရာ၌ လူများသည် လတ်ဆတ်သစ်ခွပန်းများနှင့် အစားအစားအမျိုးမျိုးကို ပေါင်းစပ်စေပြီး ထူးခြားချက်များရှိသည့် သစ်ခွပန်းစားပွဲကို ချက်ပြုတ်လေ့ရှိကြသည်။
လုံလင်ခရိုင်၌ တောင်တန်း၊ သစ်ပင်နှင့် မိုးရေတို့ များသောကြောင့် သစ်ခွပန်း ၄၂ မျိုးအတွက် "သဘာဝနေအိမ်" ကို ပေးပြီ ဖြစ်သည်၊ ၎င်းအနက် ခရမ်းရောင်သစ်ခွပန်း အများဆုံး ရှိပြီး လုံလင်ခရိုင်မှာ "တရုတ်နိုင်ငံတွင် သစ်ခွပန်း ထွက်ရှိရာဒေသ"ဟု ချီးကျူးခံရသည်။
သစ်ခွပန်းသည် အကြောအဆစ်ထုံကျဉ်ကိုက်ခဲရေး ကုသခြင်း၊ ခန္ဓာကိုယ် ပေါ့ပါးကျန်းမာစေခြင်းနှင့် အသက်ရှည်စေခြင်း စသည့် အကျိုးသက်ရောက်မှုများ ရှိပြီး စျေးကွက်တွင် လူကြိုက်များသည်။ ခူးဆွတ်လာသော သစ်ခွပန်းများကို ဆေးပြီးနောက် ညှပ်ခြင်း၊ လှီးခြင်း၊ ကြိတ်ခြင်းနှင့် ပေါင်းခြင်း၊ ပြုတ်ခြင်း၊ စွပ်ပြုတ်ပြုတ်ခြင်း အားဖြင့် သစ်ခွပန်းများသည် သစ်တောထဲ၌ မွေးမြူထားသော ကြက်များ၊ စပါးခင်းများအထဲရှိ ငါးများ၊ တောင်တန်းထဲ၌ အနံ့စစ်မှန်ကောင်းမွန်သော ပျားရည် စသည့် ဒေသထွက်ကုန်ပစ္စည်း တို့နှင့် အပြန်အလှန် ရောနှောထား၍ သစ်ခွပန်းငါး၊ သစ်ခွပန်းနှင့် ပျားရည်သစ်ချသီး၊ သစ်ခွပန်းကျောက်ချော စသည့် လူများအား သွားရည်ကျစေသည့် အရသာကောင်းသော ဟင်းလျာများကို ချက်ပြုတ်ပြီးမြောက်ပြီ ဖြစ်ကြသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








