ကူမင်း ဟိုင်ကေရေကာတာ၌ ခေါင်းနီစင်ရော် စာတိုက်ကို ပထမဆုံး တည်ထောင်ခဲ့
2024-11-14 00:00|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ကူမင်းမြို့ ဟိုင်ကေရေကာတာ၌ "ခေါင်းနီစင်ရော် စာတိုက်" တစ်ခုကို တိုးလာခဲ့ပြီး ခရီးသည်များအား ကူမင်းမြို့ရှိ ခေါင်းနီစင်ရော်များ သက်ဆိုင်ရာ သတိရချက်များကို နေအိမ်များသို့ ပို့ဆောင်စေနိုင်သည်။
ကူမင်း တျန်းချီ အမျိုးသား ခရီးသွားအပန်းဖြေနယ်မြေမှ SDIC ခရီးသွားလာရေးနှင့် ကုန်သွယ်ရေး ကုမ္ပဏီသည် တရုတ်စာတိုက်ရေးရာအုပ်စုမှ ကူမင်းမြို့ ကုမ္ပဏီခွဲနှင့် ပူးပေါင်းဆောင်ရွက်ပြီး တျန်းချီ ခရီးသွားအတွေ့အကြုံတိုက်ကို အဓိကနေရာစခန်းအဖြစ် ကူမင်းမြို့၌ ပထမဆုံး ခေါင်းနီစင်ရော် စာတိုက်ကို တည်ထောင်ခဲ့၍ နိုဝင်ဘာလ ၁ ရက်နေ့တွင် "ကူမင်း ခေါင်းနီစင်ရော်" ရောင်စုံဒစ်ဂျစ်တယ် တံဆိပ်ရိုက်ပုံစံ စာပို့စက် ဝါဒဖြန့်တံဆိပ်တုံး ၁ ခုနှင့် "ကူမင်း ခေါင်းနီစင်ရော်" ရှုခင်းတံဆိပ်တုံး ၇ ခုတို့ကို စတင်အသုံးပြုခဲ့သည်။
တျန်းချီ ခရီးသွားအတွေ့အကြုံတိုက်နှင့် ခေါင်းနီစင်ရော် စာတိုက်သည် ဟိုင်ကေရေကာတာ၏ မြောက်ဘက်ဝင်ပေါက် မျက်နှာချင်းဆိုင်နေရာတွင်၊ ကွမ်းဂျင်လမ်းနှင့် ယင်ဟိုင်လမ်းဆုံရာတွင် တည်ရှိပြီး ခေါင်းနီစင်ရော်ကြည့်ရှုရန် ခရီးသည်များ ဖြတ်သန်းရမည့် အထွေထွေ ဝန်းဆောင်မှု အပန်းဖြေနေရာ ဖြစ်၍ မြို့သူမြို့သားများနှင့် ခရီးသည်များမှာ အမျိုးမျိုးအဖုံဖုံ ခေါင်းနီစင်ရော် ထူးခြားချက်ရှိ ပို့စကတ် စသည်တို့ ယဉ်ကျေးမှု ဆန်းသစ်တီထွင် ထုတ်ကုန်များကို ဝယ်ယူနိုင်ပြီး "ကူမင်း ခေါင်းနီစင်ရော်" ဝါဒဖြန့်တံဆိပ်တုံးကို ခတ်နှိပ်နိုင်ကြသည်။ ဤနေရာတွင် "၁၄၄ နာရီ" ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့် ခရီးသည်များနှင့် ပြည်တွင်းပြည်ပမှ ခေါင်းနီစင်ရော် လာရောက်ကြည့်ရှုသည့် ခရီးသည်များအားလုံးအတွက် လေယာဉ်စောင့်ခြင်း၊ ဗီဇာလုပ်ဆောင်ခြင်း၊ O2O အခွန်လွတ်စျေးဝယ်ခြင်း၊ လေဆိပ်မှ ဟိုင်ကေရေကာတာသို့ ပြေးဆွဲသောဘတ်စ်ကားများ စသည့် ဝန်ဆောင်မှုများကိုလည်း ပေးထားကြသည်။
昆明信息港讯(昆明日报 记者杨艳辉)近日,昆明海埂大坝多了个“海鸥邮局”,让游客可以把关于昆明红嘴鸥的记忆寄回家。
据悉,昆明滇池国家旅游度假区国投旅游商务公司与中国邮政集团昆明市分公司合作,以滇池旅游体验馆为主阵地,设立昆明市首家海鸥主题邮局,于11月1日正式启用“昆明红嘴鸥”彩色数字打印型邮资机宣传戳1枚,同步推出“昆明红嘴鸥”风景戳7枚。
滇池旅游体验馆暨海鸥邮局位于海埂大坝北入口对面,观景路和迎海路交叉点,是观鸥游客必经的综合服务休憩点,市民和游客可购买各式各样的海鸥特色明信片等文创产品,加盖“昆明红嘴鸥”宣传戳。这里还可为“144小时”过境免签旅客和来自海内外的所有观鸥游客提供城市候机、签证办理、O2O免税购物、机场至海埂大坝接驳巴士等服务。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ