၂၄ ကြိမ်မြောက် လုဖုန်း ဒိုင်နိုဆော ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပနေ
2024-10-30 15:35|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ၂၄ ကြိမ်မြောက် လုဖုန်း ဒိုင်နိုဆော ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ် ချူရှုံ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုဖုန်းမြို့ရှိ ဒိုင်နိုဆော ယဉ်ကျေးမှု အနုပညာ ရင်ပြင်၌ စတင်ကျင်းပခဲ့သည်။
ဤပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ဆက်လက်ကျင်းပရမည် ဖြစ်၍ ပွဲတော်ကျင်းပရာတွင် လမ်းများအတိုင်း နဂါးနှင့်ခြင်္သေ့အက လှည့်လည်ကပြပွဲ၊ ကုန်းပြင်မြင့် နဂါးနှင့်ခြင်္သေ့အက ပြိုင်ပွဲ၊ ထူးခြားချက်ရှိ ဒေသခံစားပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပရမည် ဖြစ်ကြောင်း သိရှိခဲ့သည်။
ယခုနှစ်များတွင် လုဖုန်းမြို့သည် ဒိုင်နိုဆောရုပ်ကြွင်း အရင်းအမြစ်များ၏ ကာကွယ်ခြင်းနှင့် တူးဖော်အသုံးပြုခြင်းကို မြင့်မားစွာ အလေးဂရုပြုပြီး ဒိုင်နိုဆောရုပ်ကြွင်း ကာကွယ်ခြင်း၊ သိပ္ပံပညာပေးခြင်းနှင့် သုတေသနပြုခြင်း၊ လည်ပတ်ကြည့်ရှုခြင်းနှင့် အပန်းဖြေခြင်း၊ ဒိုင်နိုဆော IP ဖန်တီးမှု စသည့် နယ်ပယ်အပေါ် တက်ကြွစွာ စူးစမ်းလေ့လာ၍ လုဖုန်း ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို အပြည့်အ၀ တူးဖော်ရှာဖွေ၍ ဒေသ ဝိသေသလက္ခဏာများနှင့် တိုင်းရင်းသာ ထူးခြားချက်လက္ခဏာများကို ပြသ၍ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နက်ရှိုင်းစွာ ပေါင်းစပ်ရန် တိုးမြှင့်ပေး၍ မြို့တစ်မြို့လုံး ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်လာရန် ကူညီပေးသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


