တရုတ်-လာအို ရထားလမ်းပေါ်တွင် ပြေးဆွဲခဲ့သည့် ခရီးသည်တင်ရထားမှာ အစီးပေါင်း ၆ သောင်းကျော်ရှိ
2024-10-29 14:38|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် လမ်းပေါက်ပြီး စတင်လည်ပတ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့အထိ ခရီးသည်တင်ရထား အစီးပေါင်း ၆ သောင်းကျော် ပြေးဆွဲခဲ့သည် ဖြစ်ပြီး တင်ဆောင်ခဲ့သည့် ခရီးသည်မှာ အယောက်ပေါင်း ၄၁.၂ သန်း ရှိခဲ့သည်။
ယခုနှစ်မှစ၍ တရုတ်-လာအို ရထားလမ်းမှ တင်ဆောင်သည့် ခရီးသည်အရေအတွက်မှာ အရှိန်အဟုန်မြင့်မားစွာ တိုးတက်လာသည်။ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ခရီးသည်တင်ရထား အစီးပေါင်း ၂ သောင်းကျော်ကို ပြေးဆွဲခဲ့ပြီး ခရီးသည် အယောက်ပေါင်း ၁၅.၇ သန်းကျော်ကို တင်ဆောင်ခဲ့ကြသည်၊ ၎င်းအနက် နယ်စပ်ဖြတ်ကျော် ခရီးသည် အယောက်ပေါင်း ၂ သိန်းကျော် ရှိသည်။
တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲသည့် အချိန်ကတည်းက စျေးချိုမှု၊ အဆင်ပြေမှုနှင့် အာသာပြေမှု ဟူသော အားသာချက်များဖြင့် ခရီးသည်အများအပြား၏ နှစ်သက်မှုကို ရရှိပြီး ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုနှင့် လူသားအချင်းချင်း ကူးလူးဖလှယ်မှုတို့ကို များစွာ မြှင့်တင်ပေးခဲ့ကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



