ယူနန်ပြည်နယ်ရှိ အိုင်လောင်တောင်ထဲတွင် တည်ရှိသည့် ကျာမြို့နယ်ကို သွားရောက်လည်ပတ်ရန် သင့်ကို စောင့်ဆိုင်း
2024-10-23 15:02|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ချူရှုန်ပြည်နယ်ခွဲ ဆွမ်ပိုင်ခရိုင်သည် ဟုံဟယ်မြစ်၏ မြစ်ဖျားခံရာဒေသမှ အရေးပါသော ဂေဟစနစ် အကာအရံ ဖြစ်ပြီး အိုင်လောင်တောင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန်၏ အဓိကနယ်ပယ် ဖြစ်သည်။
ဆွမ်ပိုင်ခရိုင် ကျာမြို့နယ်သည် ယူနန်ပြည်နယ်မှ ချူရှုန်ပြည်နယ်ခွဲ၊ ယုရှီမြို့နှင့် ဖူအယ်မြို့ နေရာသုံးခုတို့၏ နယ်နိမိတ်ချင်း ဆက်စပ်ထားသောနေရာတွင် တည်ရှိပြီး အိုင်လောင်တောင် အမျိုးသားဥယျာဉ်၏ ဝင်ပေါက်အနားတွင် တည်ရှိသည့် မြို့ နယ်ကလေးဖြစ်သည်။ ဤနေရာတွင် ရှုခင်းသာယာလှပပြီး ဒေသခံများ၏ အလေ့အထများ ရိုးသန့်၍ သွားရကျိုးနပ်သည့် ရတနာသိုက် မြို့နယ်လေးတစ်ခု ဖြစ်သည်။
ဤနေရာတွင် မော့ကြည့်လိုက်လျှင် မြင့်မားသော အိုင်လောင်တောင်ကို တွေ့မြင်နိုင်ပြီး လှမ်းမျှော်ကြည့်လိုက်ပါက ကြည်လင်ပြီး မြစိမ်းရောင်ဖြစ်သည့် မြစ်ရေများကို မြင်နိုင်ရသည်။ ကျာမြို့နယ်ထဲတွင် အကျယ်အဝန်း စုစုပေါင်း ၃၄၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော သစ်တောထိန်းသိမ်းရေးဇုန် ရှိပြီး သစ်ပင်ဖုံးလွှမ်းနှုန်းမှာ ၈၈.၂၂ ရာခိုင်နှုန်းအထိ ရှိကာ တရုတ်ပြည်တွင်းရှိ ဒေါင်းစိမ်း၏ အရေအတွက်မှ တစ်ဝက်ကျော်ကို ကာကွယ်စောင့်ရှောက်ပေးထားသည့်အတွက် ကျာမြို့နယ်ကို ဒေါင်းစိမ်းမြို့လေးဟုလည်း ခေါ်ဝေါ်ထားသည်။
ကျာမြို့နယ်အတွင်းရှိ စီးဆင်းနေသော စိမ်းရေများသည် မြင့်မားသော တောင်တန်းအကြားတွင် ဝေ့လည်တက်ကျပြီး ကဗျာနှင့် ပန်းချီကားကဲ့သို့သော ရေတံခွန်များကို ဖြစ်ပေါ်လာကြသည်။ ဤနေရာရှိ ရေတံခွန်များသည် ရေမျက်နှာပြင် ဒီဂရီကွာခြားမှု အလွန်ကြီးမားပြီး ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်လာ၍ ခန့်ညားထည်ဝါလှသည်။
အိုင်လောင်တောင်ကို မှီခိုထားသည့် ကျာမြို့နယ်သည် ထွက်ကုန်ပစ္စည်း ကြွယ်ဝများပြားလှသည်။ လက်ဖက်ခြောက်ကနေ ဝက်နွားသိုးအသားသို့၊ သစ်သီးဝလံကနေ တောင်နှင့်မြစ်များထဲမှ ထွက်ရှိသော အရသာကောင်း အဖိုးတန်အစားအစာများသို့ ဤနေရာတွင် နေထိုင်ကြသည့် လူများသည် အလတ်ဆတ်ဆုံးသော၊ အရသာအစစ်မှန်ဆုံးသော တောတောင် အစားအစာများကို တစ်နှစ်ပတ်လုံးတွင် စားသုံးနိုင်ကြသည်။ ထို့ပြင် ကျယ်ဝန်းသော တောတောင်များတွင်လည်း အဖိုးတန်လှသော တရုတ်ဆေးပင်များနှင့် တောမှိုများကို အများအပြား ပေါ်ပေါက်လျက်ရှိသည်၊ ၎င်းသဘာဝအရင်းအမြစ်များသည် ဒေသခံများအတွက် ကြွယ်ဝသော အစားအစာဖက်ဝင်ပစ္စည်းများကို ပေးထားရုံသာမက ဒေသခံများ၏ ဝင်ငွေတိုး၍ ချမ်းသာလာစေရန် အရေးပါသော လမ်းကြောင်း ဖြစ်လာသည်။
楚雄州双柏县是红河源头的重要生态屏障,是哀牢山国家级自然保护区的核心区域。
双柏县嘉镇地处楚雄、玉溪、普洱交界处,是进入哀牢山国家公园的入口小镇,这里风景秀丽、民风淳朴,是个值得打卡的宝藏小镇。
在这里,抬头便可看见巍峨的哀牢山,远眺即是碧绿的江河水。其境内有总面积达340平方公里的森林保护区,森林覆盖率达88.22%,庇护着国内50%以上的绿孔雀,因此,嘉镇又被称为绿孔雀小镇。
嘉镇境内流泉在高山峻岭间迂回跌宕,形成了如诗如画的瀑布群。这里的瀑布落差极大,在密林深处、山雾弥漫间跌落回荡,发出巨大的轰鸣声,十分壮观。
背靠哀牢山,嘉镇物产极为丰富。从茶叶到猪牛羊,从水果到山珍河鲜,在这里生活的人们,一年四季都能吃到最新鲜的食材、最地道的山野美味。此外,广阔的山林间还生长着许多珍贵的中草药和野生菌,这些自然资源不仅为当地居民提供了丰富的食材来源,也成为了他们增收致富的重要途径。(开屏新闻 记者郭明鉴 何晓宇 通讯员催剑龙 毕杰 尤国兴 颜谦 李盛昌 苏舜生)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ