ဒုတိယအကြိမ် တရုတ်နိုင်ငံ ရိုးရာအားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲမှ ဖွင့်ပွဲအခမ်းအနား၏ ဓာတ်ပုံများ
2024-10-18 16:42|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ရိုးရာအားကစားလှုပ်ရှားမှုဆိုင်ရာ နိုင်ငံတကာ ဖလှယ်ပြိုင်ပွဲမှ ဖွင့်ပွဲအခမ်းအနားကို ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီတွင် ဟိုင်ကိန်ရေကာတာရှိ ကမ်းနားပလက်ဖောင်းပေါ်၌ ကျင်းပခဲ့သည် ဖြစ်၍ အခမ်းအနားတွင် အနှစ်သာရနှင့် ပြည့်စုံသော တင်ဆက်ပြသပွဲသည် ခရီးသည်များကို ရပ်နားကြည့်ရှုရန် ဆွဲဆောင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဝူရှူးသိုင်းပညာ၊ ကိုယ်လက်ကြံ့ခိုင်ရေး ချိကုန်းသိုင်း၊ ဝိုင်းပိတ်ကျားနှင့် နဂါးခြင်္သေ့အကကခြင်း ဟူသော အားကစားလှုပ်ရှားမှု ၄ ခုကို စီစဉ်ကြပြီး နိုင်ငံနှင့်ဒေသများ အခုပေါင်း ၂၇ မှ ပြိုင်ပွဲဝင်လူဦးရေ စုစုပေါင် ၇၂၃ ဦး ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်၍ တရုတ်ပြည်ပမှ ပြိုင်ပွဲဝင်မှာ ၃၅၃ ဦး ရှိကြသည်။ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင်များအတွက် ကူးလူးဖလှယ်ရေး ပလက်ဖောင်းကို တည်ထောင်ပေးသည် ဖြစ်ပြီး တက်ရောက်လာသော ဧည့်သည်များအား ယူနန်ပြည်နယ်ရှိ ထူးခြားသော တိုင်းရင်းသားယဉ်ကျေးမှုနှင့် ယူနန်ဟုခေါ်သည့် နေထိုင်မှုဘဝတစ်မျိုးတို့ကို ခံစားစေရန် ရည်ရွယ်ထားသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု