တရုတ်-လာအို ရထားလမ်းမှ "ပေကျင်း-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်း" နိုင်ငံတကာ ကုန်တင်ရထားကို စတင်ပြေးဆွဲခဲ့

2024-10-18 15:35|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်အောက်တိုဘာလ ၁၄ ရက်နေ့တွင် လာအိုနိုင်ငံမှ သွင်းယူလာသည့် ငှက်ပျောသီးများကို တင်ဆောင်ထားသော ပထမဆုံး နိုင်ငံတကာ ကုန်တင်ရထားသည် ကူမင်းမြို့ ဝမ်ကျာရင်အနောက်ဘူတာရုံမှ ထွက်ခွာပြီး မြောက်ဘက်ရှိ ပေကျင်းမြို့ ဖြင်ကူရပ်ကွက်သို့ ခုတ်မောင်းပြေးဆွဲခဲ့သည်။ ၎င်းသည် တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ အအေးကြိုးရထားနှင့် "ပေကျင်း-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်း" နိုင်ငံတကာ ကုန်တင်ရထားအား တရားဝင် စတင်ပြေးဆွဲလည်ပတ်သည်ကို အမှတ်အသားပြုခဲ့သည် ဖြစ်၍ တရုတ်နိုင်ငံ ပေကျင်းမြို့၊ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှနိုင်ငံများကို ချိတ်ဆက်ထားသည့် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတစ်လမ်းကို ဖောက်ထွင်းခဲ့သည်။

အဆိုပါ ကုန်တင်ရထားသည် လာအိုနိုင်ငံ ဗီယင်ကျန်း တောင်ဘက်ဘူတာရုံမှ ထွက်ခွာပြီး တစ်ညတာ အရှိန်မြှင့်ပြေးဆွဲပြီးနောက် ၁၄ ရက်နေ့တွင် ကူမင်းမြို့သို့ ရောက်ရှိခဲ့ပြီး မြောက်ဘက်သို့ ဆက်လက်ပြေးဆွဲ၍ နောက်ဆုံးတွင် ပေကျင်းမြို့ ဖြင်ကူရပ်ကွက် မာဖန်ဘူတာရုံသို့ ရောက်ရှိကာ ခရီးစဉ်မှာ စုစုပေါင်း ကီလိုမီတာ ၄၀၀၀ ရှိသည်။ သယ်ဆောင်လာသည့် လာအိုငှက်ပျောသီး တန်ချိန် ၃၉၀ ကို ကျင်းဖြင်အထွေထွေ ကုန်စည်ပို့ဆောင်ရေး အချက်အချာထဲတွင် ခွဲဝေဖြန့်ဖြူးပြီးနောက် ပေကျင်းမြို့၊ ထျန်ကျင်းမြို့နှင့် ဟိုပေပြည်နယ်စျေးကွက်တို့ကို ထောက်ပံ့ပေးမှာ ဖြစ်သည်။

တရုတ်နိုင်ငံသည် တစ်နှစ်လျှင် လာအိုနိုင်ငံမှ ငှက်ပျောသီး တန်ချိန် ၇ သိန်းခန့် သွင်းယူလျက်ရှိကြောင်း သိရှိရသည်။ "ပေကျင်း-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်း" နိုင်ငံတကာ ကုန်တင်ရထား၏ စတင်ပြေးဆွဲခြင်းနှင့်အမျှ ပေကျင်းမြို့၊ ထျန်ကျင်းမြို့နှင့် ဟိုပေပြည်နယ်တို့မှ အပေါ့စားစက်မှုလုပ်ငန်း၊ စက်ယန္တရားလုပ်ငန်း၊ အီလက်ထရွန်လုပ်ငန်းနှင့် ခေတ်မှီလယ်ယာလုပ်ငန်းစသည့် အားသာချက်ရှိ စက်မှုလုပ်ငန်းများသည်လည်း ဤရထားမှတစ်ဆင့် ကုန်စည်များ သွင်းကုန်ပို့ကုန်ခြင်းနှင့် စုစည်းဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်သွားပြီး လာအို၊ ထိုင်းနှင့် စင်ကာပူ စသည့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အတူတည်ဆောက်သည့် နိုင်ငံနှင့်ဒေသများသို့ ဝင်ရောက်သွားမည် ဖြစ်သည်။ ၎င်းသည် ကားလမ်းမှ ရထားလမ်းသို့ ပြောင်းလဲပို့ဆောင်ခြင်းစနစ်၏ သယ်ယူပို့ဆောင်ရေးပမာဏကို တိုးမြှင့်စေနိုင်ပြီး ကုန်တင်ကားများ ပေကျင်းမြို့ထဲသို့ ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများကို လျှော့ချနိုင်မည် ဖြစ်သည်။ 

တရုတ်-လာအို ရထားလမ်း စတင်လည်ပတ်ချိန်ကတည်းက ရှန်ဟိုင်း-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်း၊ ကွမ်တုန်း-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်း၊ ဟူနန်-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်းနှင့် ပေကျင်း-ယူနန် လန်ချန်း-မဲခေါင်မီးရထားအလိုင်းစသည့် နိုင်ငံတကာ ကုန်တင်ရထားလိုင်းများကို ပြေးဆွဲလည်ပတ်နေသည် ဖြစ်၍ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုန်း၊ ဟူနန်နှင့် ယူနန် စသည့် ပြည်နယ်များနှင့် မြို့များကို လွှမ်းခြုံထားကြသည်။

10月14日,首趟满载老挝进口香蕉的国际货运列车从昆明市王家营西站驶出,一路向北驶向北京平谷区,标志着中老铁路国际冷链班列暨“京滇·澜湄线”国际货运列车正式开行,打通了一条连接中国北京、云南与东南亚国家间的国际货运通道。

该趟班列从老挝万象南站始发,经过一夜疾驰,于14日抵达昆明后继续北上,最终抵达北京平谷区马坊站,行程达4000公里。运载的390吨老挝香蕉将在京平综合物流枢纽进行分拨,供应京津冀市场。

据了解,中国每年从老挝进口香蕉达70万吨左右。随着“京滇·澜湄线”国际货运班列的开行,京津冀地区的轻工快消、机械电子、现代农业等优势产业也将通过这条班列进行商品进出口集散,走向老挝、泰国、新加坡等共建“一带一路”国家和地区。这将增加“公转铁”运输量,减少公路货车进京造成的大气污染。

据悉,中老铁路开通运营以来,已成功推出“沪滇·澜湄线”“粤滇·澜湄线”“湘滇·澜湄线”以及“京滇·澜湄线”等国际货运班列,覆盖北京、上海、广东、湖南、云南等省市。(云南日报 记者李承韩)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်